တက်ကြွသော ခြေလှမ်းများနှင့် ကျောင်းတော်ကြီးဆီ ဦးတည်လာနေတဲ့ ပါ့ဝန်ဘင်း
နေမင်းကြီးရဲ့စူးရှတဲ့အလင်းရောင်ကို သစ်ပင်ကြီးတွေကဖုံးထားတာမို့ နေရောင်ဖျော့ဖျော့လေးတွေ အကိုင်းအခက်လေးတွေကြားထဲက ဖောက်ထွက်လာပြီး လူလျှောက်လမ်းလေးကို အလင်းဆောင်ထားတယ် လေပြေလေးတွေ တဝှေ့ဝှေ့တိုက်နေတာမို့ ဝန်ဘင်းရဲ့ ဆံပင်လေးတွေက ဟိုယိမ်း ဒီယိမ်းဖြင့် လှုပ်ရှားနေတယ် အခု ဝန်ဘင်း ရင်ထဲခံစားနေသလိုပေါ့
ဒီနေ့ကျမှ ကားဟွန်းတီးသံတွေကလည်း ဥသြတွန်သံလိုမျိုး သာယာနေပြီး ကျောင်းသားတွေရဲ့ဆူညံနေတဲ့လျှောက်လမ်းကလည်း ပန်းတွေအပြည့်ခင်းထားသလို ချောမွေ့ပြီး မြင်သမျှအရာတိုင်းကကြည်နူးစရာကောင်းနေတယ်
ဘာလို့ဆို ဒီနေ့က သူဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေထဲက တစ်ခုပြည့်လာတော့မယ့်နေ့...ရင်ခုန်လွန်းလို့ မနေ့ညကဆို အိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်လို့တောင်မပျော်ခဲ့ဘူး..
ဟုတ်ပါတယ် ဒီနေ့က Hope International School ကို ဂုဏ်ဆောင်တဲ့ ထူးချွန်ကျောင်းသားအနေနဲ့ ပါ့ဝန်ဘင်းရဲ့ ဓါတ်ပုံကို ကျောင်းရှေ့မှာစချိတ်မယ့်နေ့ပါ
တစ်ကျောင်းလုံး သူ့ကို နာမည်နဲ့ရုပ်နဲ့တွဲပြီး သိတော့မယ့်နေ့
'တစ်ချိန်မှာ နိုင်ငံကိုယ်စားပြုဖြစ်လာမယ့် သူပါလား' ၊ 'ငါတို့ကျောင်းကို ဂုဏ်ဆောင်ပေးမယ့်သူပါလား' ဆိုပြီး ဂုဏ်ယူမယ့်အကြည့်တွေနဲ့ ဝိုင်းပြီး ကြည့်ကြမယ့်နေ့ပညာသင်ဆုရထားတဲ့ကျောင်းသားက အဆင့် ၁ ကို နှစ်တိုင်းဆက်ထိန်းထားနိုင်ပါလား. ပါ့ဝန်ဘင်းဆိုတဲ့သူက တကယ်ကို ဒီကျောင်းနဲ့ထိုက်တန်ပါလား ရုပ်လေးနဲ့လိုက်အောင် ဘာလို့ဒီလောက်တော်ရတာလဲ ဆိုပြီး သူ့ကို အားကျတဲ့အကြည့်တွေနဲ့ကြည့်တာ ခံရတော့မယ့်နေ့
အဲ့လိုမျိုး တစ်ကျောင်းလုံးဆီက အထင်ကြီး....
" ဟဲ့ ဟိုမှာကြည့်စမ်း ဘာကြီးတုန်း အဲ့တာ.. "
ဝန်ဘင်း စိတ်ကူးယဥ်ကမ္ဘာထဲမှာ တစ်ကျောင်းလုံးသူ့ကို လက်ခုပ်တီးပြီး ဂုဏ်ယူစွာနဲ့ဝိုင်းကြည့်နေတဲ့ပုံရိပ်ကို ပုံဖော်နေစဥ် တစ်စုံတစ်ယောက်က ထိုပုံရိပ်ကို နှစ်တစ်ထောင်ကျောက်တုံးဖြင့် ပစ်ကာဖြိုခွဲလိုက်သလိုပင်
သူလည်း အဲ့တော့မှ လက်တွေ့ကမ္ဘာထဲပြန်ရောက်လာပြီး ထိုကျောင်းသူ လက်ညိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့..
YOU ARE READING
New Beginning
Fanficလောကကြီးမှာ ဘယ်အရာကမှမတည်မြဲဘူးတဲ့ တစ်ချို့က မတတ်သာတဲ့အခြေအနေကြောင့် ဘဝရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရပေမယ့် တစ်ချို့ကတော့ ကိုယ်တိုင်လျှာရှည်မှုကြောင့် သူတို့ဘဝကြီးကနေရင်းထိုင်ရင်း တလွဲတွေဖြစ်ကုန်တယ် အဲ့လိုလူတွေထဲ ပါ့ဝန်ဘင်းကတော့ ထိပ်ဆုံးကပေါ့