အခန်း (၁၈) - ဟော်တွန်သီးကိတ်

351 61 9
                                    

Unicode

အခန်း (၁၈) - ဟော်တွန်သီးကိတ်

ချန်ရှင်းတို့ စားသောက်ဆိုင်က‌ ထွက်လာသည် နှင့် တပြိုင်နက် မိုးက တဖွဲဖွဲ ရွာသွန်းစပြုလာ ပြန်သည်။  မိုးအရမ်းမသည်းပေမယ့်လည်း စိတ်ပျက်စရာတော့ ကောင်း‌နေဆဲ။

ကုလန်က သူ့ဘေးနားက ထီးကို ကောက်ကိုင်လိုက်ကာ မိုးစိုတဲ့ဒဏ်ကနေ ကာကွယ်ဖို့ လူနှစ်ယောက်ရဲ့ ခေါင်းထက်မှာ ဆောင်းထားလိုက်၏။

ဒုတိယထပ်ရှိ အကာရံဘေးတွင် ရပ်နေသည့်  ချန်မိသားစုရဲ့ လေးယောက်မြောက်သခင်မ ‌လေးက ကုလန် ထီးကို စဖွင့်လိုက်ကတည်းက ချန်ရှင်း လုံခြုံစေဖို့ရာ ချန်ရှင်း၏ ပခုံးဆီသို့ တမင်တကာ စောင်းထားပြီး အုပ်မိုးပေး ထားတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

အုံ့ဆိုင်းနေသည့် မိုးရေ‌တောထဲမှ ပုံရိပ်နှစ်ခု  ပျောက်ကွယ်သွားပြီးနောက် ချန်မိသားစု၏ လေးယောက်မြောက်သခင်လေးက သူ(မ)၏ အကြည့်ကို ဖြည်းညင်းစွာ ဆုတ်ခွာလိုက်ပြီး နောက် သူ(မ)အနားရှိ စပ်စပ်စုစုနိုင်လှသည်ြ အစေခံအား ပြောလိုက်၏။  " ဘာမှမဟုတ်ပါ ဘူး "

အစေခံက သူ့မမ‌လေးရဲ့ စိတ်အ‌ခြေအနေ  မကောင်းတဲ့မျက်နှာကို ကြည့်ပြီး တိုးညှင်းတဲ့ အသံနဲ့ သတိပေးလာခဲ့သည်။  " သခင်မလေး, သခင်မကြီးက ကျောက်သခင်မ မနက်ဖြန် လာလည်မှာမို့လို့ ဒီနေ့ ယန်မိသားစုဆိုင်ကို သွားပြီး မျက်နှာချေမှုတ်တချို့ ဝယ်လာဖို့ မမေ့ဖို့ မှာလိုက်ပါတယ် "

ထိုသို့ပြောပြီးနောက်တွင် သူ(မ) သခင်မလေး မျက်နှာသည် ချက်ချင်းညှိုးကျသွားသည်ကို မြင်လိုက်ရပြီး သူ(မ)အား ပြင်းထန်စွာ စိုက် ကြည့်လာတော့၏။  သို့နှင့် အစေခံငယ်လေး ခမျာ ဇက်ပုသွားရပြီး  နောက်ထပ် အသံမထွက်ရဲတော့။

ချန်လင်အာ ကျောက်သခင်မရဲ့ ဝဝတုတ်တုတ် သားကို တွေးမိတာနဲ့ သူ(မ)၏ နှလုံးသားထဲ တွင် စက်ဆုပ်ရွံရှာလာမိ၏။ အထူးသဖြင့် သူ(မ)အမေက သူ(မ)ကို အဲဒီလူနဲ့ ထိမ်းမြားဖို့ ရည်မှန်းထားမှန်း သိပြီးနောက်မှာ ပိုလို့တောင် မပျော်တော့ပါချေ။

ခုနက ပေါ်လာတဲ့ ကုလန်ကို တွေးကြည့်မိတော့ ကွာခြားချက်တွေက ပိုလို့‌တောင် သိသာလာ ခဲ့၏။

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now