အခန်း (၁၆) - မိုးသည်းထန်စွာရွာခြင်း

864 114 4
                                    

Unicode

အခန်း (၁၆) - မိုးသည်းထန်စွာရွာခြင်း

မိုးရာသီဆိုသည်က ဘယ်အချိန်မိုးရွာမယ်ဆို တာ မသိနိုင်ရုံသာမက မိုးဘယ်လောက်ရွာမယ် ဆိုတာကိုလည်း မသိနိုင်ပါလေ။

ယနေ့နံနက် ချန်ရှင်း အိပ်ရာနိုးချိန်မှာတော့ ပြတင်းပေါက်အပြင်ဘက်၌ မိုးဖွဲ‌ဖွဲလေးများ ကျနေသည်ကို တွေ့လိုက်ရသည်။ မိုးရွာသွန်း နေတာကြောင့်  သစ်ကိုင်းဖျားလေးများပေါ်၌ ရေစက်လေးတွေ ဖြစ်တည်နေသည်ကို ကြည့်ရှုနေမိ၏။

ချန်ရှင်း ပြတင်းပေါက်မှာ ရပ်နေရင်း အတွေး ထဲ နစ်မြုပ်နေခဲ့ပြီးမှ လေပြင်းတိုက်သည့် ဒဏ်ကြောင့် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွား ခဲ့ကာ ရုတ်တရက် သတိပြန်ဝင်လာခဲ့၏။ ထို့နောက် နောင်တတချို့ဖြင့် ကုတင်ဆီ ပြန်သွားလိုက်ကာ အဝတ်အစားတွေ ဝတ်လိုက် ရင်း  သူ ဒီနေ့ ဆိုင်ကို စောစောသွားရမယ် လို့ တွေးလိုက်မိ၏။ ထိုသို့မဟုတ်ပါက မိုးသည်း ထန်သည့် အချိနှ်င့် ကြုံနိုင်သည်လေ။

ချိုးကျို လာကူညီတဲ့အချိန်မှာတော့ ချန်ရှင်း က မနက်စာ‌တောင်မှ ပြင်ဆင်ပြီးနေပြီဆိုတာ တွေ့လိုက်ရ၏။  သူက သမ်းဝေလိုက်ပြီး နောက် ချန်ရှင်းကိုကြည့်ကာ အံ့အားသင့်စွာ ဖြင့် " ဒီနေ့ဘာလို့ ဒီလောက်ကြီး စောစောနိုး နေရတာလဲ? "

ချန်ရှင်းက ပြင်ဆင်ထားတဲ့ ကြက်ဥခေါက်ဆွဲ ထဲကို ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်နေ ရင်း ခေါင်းမမော့မလာပဲ ဖြေ၏။  " ဒီနေ့ ရာသီဥတု ဆိုး‌နေတာ, ငါတို့ အဲဒီကို စောစော သွားကြမယ်လေ, မင်း ကုသခင်လေးကို ဘာလို့ ခေါက်ဆွဲစားဖို့ သွားမခေါ်ရမှာလဲ  ?"

ချိုးကျိုက ခေါင်းညိတ်ပြီး ထွက်သွားခဲ့သည်။

ချိုးကျို ထွက်သွားပြီးနောက် ချန်ရှင်းက အနံ့ ရော အရသာပါရှိသည့် ခေါက်ဆွဲပန်းကန်သုံး လုံးကို ယူကာ ဧည့်ခန်းဆီသို့ သွားလိုက်၏။

သူတို့သုံးယောက် မနက်စာ အတူတူစားပြီး သည့်နောက် ချန်ရှင်းနှင့် ချိုးကျိုတို့ မိုးကာ အင်္ကျီကိုယ်စီ ဝတ်ကာ ကုလန်၏ စောင့်ကြည့် နေသော မျက်လုံးများအောက်တွင်ပဲ ထွက်ခွာဖို့ ပြင်ဆင်လိုက်ကြသည်။

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now