CHAPTER 6

418 53 3
                                    

အကွေ့အကောက် တောင်ပေါ်လမ်းကို ဖြတ်လျှောက်ပြီးနောက် သူတို့ကမကြာခင်မှာပဲ Ning မိသားစုအိမ်အနီးကို ရောက်ရှိလာခဲ့သည်။
အဝေးကနေပဲ Su Aijun နဲ့ Zhou Yin ဟာ သူတို့ကို ကြိုဖို့ ထွက်လာခဲ့ပြီး အိတ်တွေကို သယ်ဖို့ ကူညီသယ်ပေးဖို့ ကမ်းလှမ်း ခဲ့သည်။

Su Aijun က အနားကပ်လာပြီး Shen Lie က အထုပ်ကြီး၊ အထုပ်ငယ်တွေကို သယ်ထားတာ မြင်သောအခါ ချက်ချင်း ရယ်လိုက်ပြီး မေးလိုက်သည်။
" ဝိုး ဘာကြောင့်အဲ့လောက်တောင် ၀ယ်လာတာလဲ။
ဘာတွေ ၀ယ်လာတာတုန်း"

Ning Tang က ပြန်ဖြေလိုက်သည်။
" သမီးအတွက် အ၀တ်အစားတွေနဲ့ ဖိနပ်တွေ ၀ယ်လာခဲ့ပြီးတော့ အဖေအကြိုက်ဆုံး မုန့်တွေ နဲ့ အမေ အကြိုက်ဆုံး အသီးတွေ ပြီးတော့ အခြားအရာတွေ အများကြီးပဲ"

Su Aijun က အရမ်း စိတ်တိုင်းကျသွားတယ်
ဒါပေမယ့် သူမ မျက်နှာမှာတော့ မပြဘူး။ သူမက ဒီတိုင်းပဲ ပြောလိုက်လေသည်။
" သမီး ပိုက်ဆံ အများကြီး သုံးခဲ့တာပဲ"
Ning Tang က Shen Lie ရဲ့ အရပ်ရှည်တဲ့ ပုံရိပ်ကို ပုတ်လိုက်ပြီး  အပြုံးနဲ့ ပြောလိုက်လေသည်။
" အဲ့ဒါက အဆင်ပြေပါတယ်။ သမီး ခင်ပွန်းမှာ ပိုက်ဆံ ရှိတယ်။"
Shen Lie "....."

အဲ့အချိန်မှာပဲ Zhou Yin က Ning Xue နဲ့ Su Junyan ဆီ သွားလိုက်ပြီး အထုပ်တွေကို သယ်ပေးဖို့ အသင့်ဖြစ်နေခဲ့သည်။
ဒါပေမယ့် တစ်ချက်ကြည့်လိုက်ရုံနဲ့ သူတို့က သူမ အကူအညီ မလိုအပ်ဘူးဆိုတာ သိလိုက်ရလေသည်။ Ning Xue နဲ့ Su Junyan က
အရမ်း အနည်းငယ်ပဲ ၀ယ်လာခဲ့ပြီးတော့ အဲ့ဒါတွေအားလုံးက ပေါ့တဲ့ပစ္စည်းတွေ ဖြစ်ပြီး သယ်ရတာ လွယ်ကူတဲ့ အ၀တ်အစားတွေနဲ့ စီးကရက်တွေပဲ ဖြစ်သည်။

Su Aijun က သူမရဲ့ လက်ကို အနေရခက်စွာ ရုတ်လိုက်ပြီး Ning Xue ကို တိုးတိုးလေး ပြောလိုက်သည်။
" သမီး ဘာဖြစ်လို့ အရမ်းတုံးနေတာလဲ။ ဘာဖြစ်လို့ ပစ္စည်း အနည်းငယ်ပဲ ၀ယ်လာခဲ့တာလဲ။ Su Junyan က ပိုက်ဆံ ရှင်းနေတဲ့အချိန် ဘာလို့
ပိုက်ဆံ များများထပ်မသုံးတာလဲ။ Ning Tang က ဘယ်လောက် ဉာဏ်ကောင်းလဲ ကြည့် သူမက Shen Lie ကို ဆွဲခေါ်ပြီးတော့ ပစ္စည်းအများကြီး ၀ယ်ခဲ့တယ်"

Ning Xue က တစ်ယောက်ယောက်က Ning Tang က သူမထက် ပိုတော်တယ်ပြောရင်
အရမ်းမုန်းတယ် ၊ အထူးသဖြင့်
Ning Tang က အလယ်တန်းအောင်ပဲကို အဲ့အချိန်မှာ သူမက အထက်တန်းအောင် ဖြစ်သည်။
ပြီးတော့ အဲ့အချက်က သူမရဲ့ မိခင်အရင်း ဖြစ်တဲ့ သူဆီက‌ ထွက်လာခဲ့ရင် အဲ့ဒါကပိုပြီးဆိုးစေတယ်။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now