CHAPTER 10

368 36 0
                                    

Ning Tang က သူမရဲ့နေရာကို သေချာနားလည်တယ် သူမနဲ့ Shen Lie က အ
တူတူနေရုံပဲ။ သူမက Shen Lie ကို လယ်အလုပ်မလုပ်ရဖို့ အသုံးချရုံပဲ အပြန်အလှန်အနေနဲ့ Shen Lie က သူမကို ကလေးသုံးယောက်ကို ဂရုစိုက်ပေးဖို့အသုံးချတယ်။

တစ်နည်းအားဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အစီအစဉ်များ ဖြစ်ပြီး သူမက အိမ်ထိန်းအနေနဲ့ပဲ နေထိုင်တာဖြစ်သည်။
သို့သော် သူမရဲ့ဂရုစိုက်မှုအောက်မှာ ကလေးတွေ ဘယ်အန္တရာယ်မှ မကျရောက်စေရဘူးလို့ သူမ အာမခံနိုင်တယ်။ မူရင်းဇာတ်လမ်းထဲကလို Ning Xue က Su ကလေးတွေကို ဂရုစိုက်ပေးသလို
အမေအိုကြီးလို နေ့စဉ်လိုအပ်တာတွေကို စောင့်ရှောက်ပေးဖို့ သူမကိုမျှော်လင့်တာက
ဖြူစင်တဲ့ စိတ်ကူးစိတ်သန်းပဲဖြစ်လိမ့်မယ်။
သူမက သူကိုယ်သူမတောင် သေချာဂရုမစိုက်နိုင်ဘူး၊ ကလေးသုံးယောက်ကိုတော့ ထားလိုက်ပါတော့။ အဲဒါက စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်လိမ့်မယ်။

Dawa၊ Erniu နဲ့ Sawa က အကြည့်ချင်းဖလှယ်လိုက်ပြီး Sawa က ကုလားထိုင်ပေါ်မှာ
လှဲနေတဲ့ Ning Tang ကို မျှော်လင့်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေသည်။
Ning Tang က သူမရဲ့မျက်လုံးတွေကိုမှိတ်ထားပြီး ကလေးတွေရဲ့ အကြည့်တွေကို လျစ်လျူရှုထားသည်။ သူမက ကုလားထိုင်ပေါ်မှာလှဲနေကာ ခုံကိုရှေ့‌နဲ့နောက် လွှဲနေပြီး ဧည့်ခန်းထဲမှာရှိတဲ့တစ်ခုတည်းသောအသံက ကုလားထိုင်လှုပ်နေတဲ့ အသံပဲဖြစ်သည်။

အမှန်ပြောရရင် Ning Tang က သူတို့ကိုတကယ်ကြီး ငြင်းပယ်လိမ့်မယ်လို့ Dawa က အတော်လေးမယုံကြည်ခဲ့ဘူး။

ကလေးသုံးယောက်က စားပွဲပေါ်မှာ တစ်ခဏလောက်ထိုင်နေခဲ့သည် အဲ့ဒါက Ning Tang ရဲ့
ဟောက်သံကို မကြားရခင်ဖြစ်ပြီး သူတို့က အတော်လေး အံ့အားသင့်သွားသည်။

သူတို့ဘာလုပ်သင့်လဲ? မိထွေးက တကယ်ကြီးအမှန်ပြောနေတာလား?!

Erniu က Dawa ကို သူမရဲ့ တံတောင်နဲ့တွန်းလိုက်သည်။
" အစ်ကို ဒီအမျိုးသမီးက လေးနက်ပုံရသည်။
ငါတို့ဘာလုပ်သင့်လဲ။ ငါတို့ သူမကိုတကယ်ဆက်‌စောင့်သင့်လား။?"

Sawa က သူ့ရဲ့ ကြီးမားပြီးချစ်စရာကောင်းတဲ့
စပျစ်သီးတွေလို မျက်လုံးတွေနဲ့ Dawa ကိုကြည့်ပြီးတော့ ကလေးဆန်တဲ့အသံလေးနဲ့
" အစ်ကိုကြီး သားဗိုက်ဆာနေပြီ~~~"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now