CHAPTER 2

500 49 2
                                    

Ning မိသားစုမှာရှိတဲ့ အစားအစာတွေကို
Ning Xue ကချက်ပြုတ်တယ် ပြီးတော့ ဆီနဲ့ဟင်းခတ်အမွှေးအကြိုင်တွေ ပြတ်လပ်နေတာတောင်မှပဲကို အဲ့ဒါတွေက တကယ်ကို အရသာရှိတယ် ။
Ning Tang ဟာ စားနေတဲ့အတောအတွင်းတောင်မှ စားကောင်းလွန်းလို့ အော်‌နေမိတယ်။
Ning Tang က စားနေစဥ်မှာပဲ Ning Xue ဟာလည်း သူမရဲ့အစားအစာကို စားနေခဲ့တယ်။ ဒါပေမယ့် သူမရဲ့စားပွဲတင် အမူအကျင့်က
Ning Tang ထပ် ပိုပြီး သန့်စင်သည်။
Ning Xue ဟာသူမရဲ့တူနဲ့ အသီးအရွက်ကြော် တစ်ခုကို ပြေပြစ်စွာကောက်ယူလိုက်ပြီး ထမင်းထဲမြှုပ်လိုက်ကာ သူမရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Ning Tang ကိုကြည့်ပြီး သက်ပျင်းချနေခဲ့သည်။ Ning Tang က သူမရဲ့တူကိုရပ်ပြီး မေးလိုက်သည်မှာ
"၀မ်းကွဲ၊ ဘာလို့ ကျွန်မကိုကြည့်နေတာလဲ"
Ning Xue ဟာ ခဏ ချောင်းဟန့်လိုက်လေသည်။သူမက မပြောနိုင်ဘူး‌လေ ၊ သူမက Ning Tang ကိုကြည့်နေခဲ့တယ်ဆိုတာကိုလေ။ Ning Tang သူမက အသက်ပဲ ၂၄ နှစ်ရှိနေပြီး မချက်တတ်မပြုတ်တတ်၊ သူမရဲ့အစားအစာကို တစ်ယောက်ယောက်က ပြင်ပေးဖို့ကို အမြဲတမ်းစောင့်နေတတ်ပြီးတော့ မဖြစ်ထွန်းတဲ့ အမှိုက်လို နေ့တိုင်း အမြဲနောက်ကျမှ ထလို့ဆိုတာကိုလေ။
ဒါကြောင့် သူမက အတင်းအကြပ် ပြုံးပြီးတော့
"Oh ဘာမှမဟုတ်ပါဘူး"
Ning Tang ဟာ Ning Xue ရဲ့ခေါင်းထဲမှာ ဘာတွေတွေးနေတာလဲဆိုတာ မသိဘူး။ ဒါပေမယ့် အရင်ကအကြိမ်ပေါင်းများစွာသော အတွေ့အကြုံတွေကနေပြီးတော့ သူမ သိနေခဲ့တယ်။ ဒါကြောင့် အမျိုးသမီးဇာတ်ဆောင်ဆီကနေ ဝေးဝေးနေတာက ပိုကောင်းလိမ့်မယ်။
ထို့ကြောင့် သူမက Ning Xue ကို လျစ်လျူရှုပြီးသူမဘာသာ ဆက်စားနေခဲ့တယ်။
Ning Tang ရဲ့မမှိတ်မသုန်‌သော ဂရုမစိုက်မှုက Ning Xue ကို ပိုပြီး မချင့်မရဲ ဖြစ်စေခဲ့သည်။
စားသောက်ပြီးတဲ့အဲ့ခါမှာ Ning Xue က ပန်းကန်ခွက်ယောက်တွေကို ဆေးဖို့အတွက်
လက်ဦးမှုယူပြီး Ning Tang ကို ကူညီ‌ပေးဖို့အတွက်မေးလိုက်လေသည်။
" ၀မ်းကွဲ...."
Ning Tang ဟာ သူမရဲ့ ပန်းကန်လုံးနဲ့တူကိုချပြီး ပြေးနိုင်သမျှ အမြန်ပြေးကာ ထွက်ပြေးသွားလေသည်။ဒါပေါ့ သူမက အရူးမဟုတ်ဘူးလေ ။
ဒီနေ့ရက်တွေမှာ ပန်းကန်ဆေးစက်တွေလည်း မရှိဘူး ပြီးတော့ သပွတ်သီးကိုသုံး‌ပြီးတော့ လက်နဲ့ ပန်းကန်အိုးခွက်တွေကိုလည်း မဆေးချင်ဘူး။
အဲ့ဒါတွေကို ပိုတွေးလေ သူမရဲ့ နောက်ကျောနဲ့ ခါး‌တွေ ကို ပိုနာစေတယ်။Ning Tang ရဲ့ထွက်ပြေးသွားတဲ့ ပုံရိပ်ကိုကြည့်ပြီး Zhou Yin ဟာ အံကြိတ်မိလေ၏။ ဒါကြောင့် သူမဟာ ပန်းကန်တွေကို ဆေးဖို့ Ning Xue ကို ကူညီပေးဖို့အပြင်မရှိဘူး။
သူမတို့ ဆေးကြောနေတဲ့အချိန်မှာပဲ သူမက
Ning Xue မဆူပဲမနေနိုင်ဘူး
"အိမ်အလုပ်တွေကိုအမေနဲ့သမီး အဒေါ်က အလှည့်ကျလုပ်နေကြ။ ဒါပေမယ့် အခု သမီးက ပြန်ရောက်လာတော့ အကုန်လုံးကို သမီးကပဲ တာ၀န်ယူလိုက်ရတယ်"
Ning Xue ရဲ့နှုတ်ခမ်းက ခါးသီးတဲ့ အရိပ်အယောင်နဲ့ တွန့်သွားလေသည်။ သူမ အလုပ်မလုပ်ဖို့အတွက် မတတ်နိုင်ဘူး‌လေ ။ သူမမိသားစုက သူမရဲ့ဦးလေး Ning Weiguo ၊ ရွာသူကြီး အပေါ်မှီခို နေရတာ ဖြစ်သည်။ ကွာရှင်းထားတဲ့မိန်းမတစ်ယောက် အနေနဲ့ မိဘအိမ်မှာပြန်လာနေရတာဖြစ်၏။ သူမ ကိုယ့်ဘာသာထောက်ပံ့ဖို့ အိမ်အလုပ်တွေကို ပိုလုပ်ဖို့လိုအပ်နေတာဖြစ်သည်။ Zhou Yin ဟာ Ning Xue ရဲ့ အခြေအနေကို ကောင်းကောင်းသိလေပြီး စကားတစ်၀က်‌လောက် ရောက်တဲ့အချိန်မှာ ရပ်လိုက်လေ၏။ သူမက သက်ပြင်းချလိုက်ပြီး ပြောနေတဲ့ အကြောင်းအရာကို ပြောင်းလိုက်လေသည်။
"မနက်ဖြန် Ning Jun မိတ်ဆက်ပေးထားတဲ့စစ်သားနှစ်ယောက် မျက်မမြင်ချိန်းတွေ့ဖို့အတွက် လာလိမ့်မယ်။ ကောင်းကောင်း ၀တ်စားထားဦး"
Ning Xue ဟာ Zhou Yin မပြောခင်ထဲက အဲ့ဒါကို အရင်ထဲက စဉ်းစားထားပြီးသား ဖြစ်နေ၏။ သူမရဲ့ နှုတ်ခမ်းကို အသာကိုက်လိုက်ကာ ပြောလိုက်လေသည်။
" သမီးသိပြီ။ အမေ..."
Zhou Yin ဟာ Ning Xue ရဲ့မျက်နှာကို စကင်န်ဖတ်လိုက်ကာ စိတ်ကျေနပ်ပြီးတော့ ခေါင်းညိတ်လိုက်လေသည်။ ငါ့ရဲ့သမီးက သေချာမ၀တ်စားထားတောင်မှ သူမက ထင်ပေါ်နေသေးတယ် ။ သူမသမီးဟာ Ning Tang အဲ့ကောင်မလေး ဆံပင်တွေ အကုန်မပေါက်သေးတာထက် ပိုပြီးလှပတယ်။
အမေတစ်ယာက်အနေနဲ့ အားလုံးက သူမရဲ့ကလေး တွေက လှပတယ်လို့ တွေးထင်ကြသည်။
Su Aijun က Ning Tang ဟာ ကွမ်ရင်မယ်တော်ရဲ့အောက်မှာထိုင်နေတဲ့ နတ်သမီးလို့ တွေးထင်တာဖြစ်သည်။ Zhou Yin ဟာလည်း Ning Xue ကို နတ်ပြည်က နတ်သမီး‌လေး လို့တွေးထင်ထားတာ ဖြစ်သည်။ အချက်အလက်အရ ပြောရရင် နှစ်ယောက်လုံး မှန်ပါတယ်။ Ning Tang နဲ့ Ning Xue က လှပကြတယ် ဒါပေမယ့် ကွဲပြားခြားနားသောနည်းနဲ့ ဖြစ်သည်။
Ning Tang က ချိုမြိန်ပြီး အပြစ်ကင်းစင်တဲ့ အသွင်အပြင်ရှိတဲ့အချိန်မှာ Ning Xue က ချမ်းသာတဲ့အခွင့်ထူးခံတွေမှာရှိတဲ့
အလှတရားကို ပိုင်ဆိုင်ထားလေသည်။ သူတို့မှာ သူတို့ရဲ့ ကိုယ်ပိုင်အလှတရားတွေ ပိုင်ဆိုင်ထားလေသည်။ Ning Xue ဟာ သူမရဲ့မျက်နှာကို ထိလိုက်ပြီး ခါးသက်စွာရယ်လိုက်လေသည်။ ဖြစ်နိုင်မယ်ဆိုရင် သူမနဲ့ သူမရဲ့ ၀မ်းကွဲ Ning Tang
အသွင်အပြင်ကို ပြောင်းလဲပစ်ချင်သည်။ သူမရဲ့ အသွင်အပြင်ကလှပပြီး ယောင်္ကျားလေးတွေက ဆွဲဆောင်မှု ရှိတယ်လို့ ထင်ကြတယ်။ဒါပေမယ့် အဲ့ဒါက အရမ်းဆိုးတယ်။သူမ ဒီတိုင်း ဘာမှမလုပ်ဘဲ ရပ်နေရင်တောင် ပြသာနာတွေကို ဆွဲဆောင်နေမိတယ်။ ဒါပေမယ့်အဲ့ဒါက Ning Tang အတွက်တော့ ကွာခြား‌တယ်။ ကိုယ့်ရပ်ထဲရွာထဲမှာဆိုရင် သူမက ကောင်းကောင်းနာခံတတ်တယ်လို့ လူတွေကထင်မြင်ကြသည်။ သူမ အမှားတစ်ခုခုလုပ်မိတယ်ဆိုရင်တောင် သူတို့ရဲ့ ရင်ထဲအောက်ခြေကနေ ဆင်ခြေပေးနေခဲ့သည်။အဲ့ဒီ့နာခံတတ်တဲ့ကောင်မလေးက ဘာအမှားမှမလုပ်နိုင်ပါဘူးဆိုပြီးတော့ စဉ်းစားတတ်ကြလေသည်။သို့သော် သူမမှာအဲ့ဒီလို အသွင်အပြင် ရှိသော်ငြား သူမ က အရင်ကတည်းက ယုတ်မာပြီး ပျင်းတယ် ပြီးတော့ Ning Xue ကိုငယ်စဉ်ကတည်း က အနိုင်ကျင့်ခဲ့တာဖြစ်သည်။ နောက်နေ့ကျတော့
Ning Weiguo နဲ့ သူ့ညီဟာ မနက်အစောကြီးထပြီး မြို့ပါ်က ရထားဘူတာရုံကို Ning Jun ကမျက်မမြင်ချိန်းတွေ့မှု အတွက် မိတ်ဆက်ပေးထားတဲ့ စစ်သားနှစ်ယောက်ကို ကြိုဖို့အတွက်ထွက်သွားလေသည်။ Ning Jun က Ning Weiguo ကိုစစ်သားနှစ်ယောက် ရထားဘူတာကို ရောက်မယ့်အချိန်ကို ကြိုပြီး စာရေးခဲ့တယ် ။ဒါပေမယ့် Ning Weiguo ဟာ နောက်ကျမှာနဲ့ သူတို့ပျောက်သွားမှာကို စိုးရိမ်ပြီး ဒါကြောင့် သူတို့က မိုးသောက်ချိန်မတိုင်ခင် ထွက်လာခဲ့လေ၏။ ရထားဘူတာရုံကို ရောက်တဲ့ အချိန်မှာတော့သူတို့ ယောင်္ကျားနှစ်ယောက်ကိုမတွေ့ခင်ထိ နှစ်နာရီလောက်စောင့်နေခဲ့ရလေသည်။Ning Weiguo ဟာ အဝေးကနေ ရေတပ် ယူနီဖောင်း ၀တ်ထားတဲ့
ယောင်္ကျားနှစ်ယောက်က ရထားပေါ်ကနေ ဆင်းလာကိုတွေ့လိုက်ရလေသည်။သူဟာ Ning Jun ရေးထားတဲ့စာကို ထုတ်လိုက်ပြီး စာထဲမှာဖော်ပြထားတဲ့ ရေတပ် ယူနီဖောင်းနဲ့ တိုက်စစ်လိုက်လေသည်။ အဲ့ဒါဆိုရင် ဒါက သူတို့တွေကို မှတ်မိရလွယ်ကူစေလိမ့်မယ် ။
Ning Jun မိတ်ဆက်ပေးထားတဲ့ မျက်မမြင်ချိန်းတွေ့ဖို့ လုပ်ထားတဲ့ အဖော်တွေကလည်း မှတ်မိရတာ လွယ်ကူတယ်။ သူတို့ဟာ ၇၄ အမျိုးအစား ရေတပ်
စစ်ယူနီဖောင်းကို ၀တ်ဆင်ထားပြီး အဲ့ဒါက အပေါ်ပိုင်းကို အဖြူရောင် လည်ပင်းဖွင့် ရှပ် နဲ့ အောက် ပိုင်းက အပြာရောင် ဘောင်းဘီရှည် ဖြစ်သည်။
သူတို့က အရပ်မြင့်မြင့်နှင့် ဖြောင့်ဖြောင့်ကြီး ရပ်နေကြ၏။ ပြီးတော့ လူရှုပ်နေတဲ့ ရထားဘူတာရုံမှာတောင် သူတို့က ထင်းနေကြသည်။ Ning Weiguo ဟာ Ning Weidang နဲ့ ထို
ယောင်္ကျား နှစ်ယောက်ဆီ လျှောက်သွားပြီး
** ခဏလောက်ပါ။ မင်းတို့က ရဲဘော်
Shen Lie နဲ့ ရဲဘော် Su Junyan လား**
Shen Lie နဲ့ Su Junyan ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြောလိုက်သည်။
**ဟုတ်ပါတယ်**
Su Junyan ဟာ Ning Weiguo နဲ့ Ning Weidang ဆီကို လက်လှမ်းလိုက်ပြီး
** ဦးလေးက ဦးလေးNing ပဲ ဖြစ်ရမယ်။ကျွန်တော်က Su Junyan ပါ ၊ဒါက ရဲဘော် Shen Lie ပါ**
သူ့မှာ ဖြူသောအသားအရေ၊ သိမ်မွေ့သောအင်္ဂါရပ် နဲ့ မျက်မှန်ကိုတောင်မှ တပ်ထားလေသည်။
အဲ့ဒါက သူ့ကို ပညာတတ် ပုံစံ ပေါက်လေသည်။
သူက အသက်ကြီးတဲ့လူတွေ ပုံစံနဲ့တူ‌လေသည်။
သူက ယဉ်လည်းယဉ်ကျေးတယ် အဲ့ဒါတွေက
Ning Weiguo နဲ့ Ning Weidang ရဲ့
ဘက်လိုက်တဲ့အမြင်ကို မိုးပေါ်ထိရောက်စေ၏။
Ning Weiguo နဲ့ Ning Weidang ဟာ သူတို့ရဲ့လက်တွေကို ဘောင်းဘီနဲ့ သုတ်ပြီး အလှည့်ကျ လက်ဆွဲနှုတ်ဆက်‌လိုက်လေသည်။ပြီးတော့ Shen Lie ရဲ့ အလှည့် ဒါပေမယ့် သူ့ရဲ့ လက်နှစ်ဖက်လုံးက အထုပ်တွေနဲ့ မအားဘူးဖြစ်နေတယ်၊ ဒါကြောင့် ရိုးရိုးပဲပြောလိုက်လေသည်။
"Shen Lie"
Ning Weiguo ဟာ Shen Lie ကိုကြည့်လိုက်ပြီး အနေခက်စွာ လက်ကိုပြန်ဆုတ်လိုက်လေသည်။
"Oh! ရဲဘော် Shen ၊ မင်္ဂလာပါ"
သူက သူ့ဘာသာသူ တွေးလိုက်လေသည်။
ရဲဘော် Shen မှာ အရပ်ကရှည်ပြီး ကောင်းမွန်စွာ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ် ရှိလေသည်။
သူရဲ့ အ‌သားအရေက ရဲဘော် Su လိုမဖြူပေမယ့်
ကျန်းမာပြီး တောက်ပြောင်နေ၏။ သူ့မှာ မျက်ခုံး ထူထူနဲ့ ကြီးမားတဲ့ မျက်လုံးတွေရှိတယ်၊ ဒါပေမယ့်
သူက ဘာဖြစ်လို့ အရမ်း တည်ငြိမ် နေတာလဲ။
အဲ့ခြေအနေတွေကို မြင်ပြီးနောက် Su Junyan ဟာ အမြန် ဖြန်‌ဖြေလိုက်လေသည်။
"ဦးလေး Ning ကျေးဇူးပြုပြီး သူ့ကိုစိတ်ထဲမထားပါနဲ့ သူက တိတ်တိတ်ဆိတ်ဆိတ်ပဲနေတတ် လို့ပါ။
ကျေးဇူးပြုပြီးသူ့ကို သည်းခံပေးပါနော် "
Ning Weidang က အမြန်ပြောလိုက်လေသည်
"ငါတို့ စိတ်ထဲမထားပါဘူး မထားပါဘူး "
ပြန်တဲ့ လမ်းပေါ်မှာ Su Junyan က အရမ်း ဟာသ ညဏ်ရွှင်တယ်။အဲ့ဒါက Ning Weiguo နဲ့ Ning Weidang ကို မရပ်မနားဘဲ ရယ်နေအောင် လုပ်နိုင်တယ်။ အဲ့ဒီ့အချိန်မှာ Shen Lie ဟာ ခရီးစဉ်တစ်လျှောက်လုံး တစ်ချိန်လုံး တိတ်တိတ်နေလေပြီး Su Junyan က သတ်မှတ် ပေးထားတဲ့ စကားနည်းတဲ့ ယောင်္ကျားတစ်ယောက်လို သစ်သားချောင်းလို နေ‌နေ တော့သည်။
နောက်ဆုံးတော့ အိမ်ပြန်ရောက်ခဲ့လေသည်။
Ning Weiguo က Su Aijun နဲ့ Zhou Yin ကို လှမ်းခေါ်လိုက်ပြီး " မိန်းမ နဲ့ ခယ်မ ၊ ဧည့်သည်တွေ ဒီကို ရောက်နေပြီ "
Su Aijun ဟာ Ning Jun ကမိတ်ဆက်ပေးထားတဲ့ အလားအလာရှိတဲ့ သင့်တော်သူ နှစ်ယောက်ကို တွေ့ဖို့ အရမ်းစိတ်လှုပ်ရှားနေတယ်။ဒါကြောင့် Ning Weiguo ရဲ့ ခေါ်တာမစောင့်ဘဲ သူမရဲ့မျက်နှာမှာ အပြုံးတပ်ဆက်ပြီး သူတို့ကို ကြိုဆိုဖို့အတွက်ထွက်‌လာလေသည်။
"မင်းတို့က ရဲဘော် Shen နဲ့ ရဲဘော် Su ပဲ
ဖြစ်ရမယ် ကြိုဆိုပါတယ် ကြိုဆိုပါတယ်"
ဧည့်ခန်းထဲမှာ Ning Xue ဟာ Ning Weiguo ရဲ့ အသံကျယ်ကြီးကို ကြားပြီး
စိတ်လှုပ်ရှားသွားတာကို မထိန်းနိုင်ဘူး။သူမက စိတ်လှုပ်ရှားစွာ လက်နဲ့ လေလွင့်နေတဲ့ဆံပင်ကို သပ်လိုက်လေသည်။ Ning Tang ကတော့ ဂရုမစိုက်ဘဲနဲ့ သူမလက်ထဲမှာရှိတဲ့ မြေပဲကို ဆက် အခွံခွာနေခဲ့တယ်။ Ning De က Ning Xue ကိုကြည့်လိုက်ပြီးတော့ ရွှတ်နောက်နောက်နဲ့ Ning Tang ကို တံတောင်ဆစ်နဲ့ လှုပ်လိုက်ပြီး
" ၀မ်းကွဲ ၊အစ်မနဲ့ သင့်တော်တဲ့ အလားအလာရှိတဲ့လူက ရောက်နေပြီ။ အစ်မ မသိချင်ဘူးလား။
ကျွန်တော့် အစ်မကိုကြည့်လိုက်၊ သူမက အရမ်းသိချင်နေလို့ ရံဖန်ရံခါ အပြင်ကို ခဏခဏ ခိုးကြည့်နေတယ် "
Ning Tang က အခွံခွာပြီးတဲ့ မြေပဲနှစ်ခုကို Ning De ကို ကမ်းပေးပြီး ပြောလိုက်သည်မှာ
" ဘာကို သိချင်ရမှာလဲ၊ သူက လုံးလား ပြားလားဆိုတာ မကြာခင်တွေ့ရမှာပဲကို "
သူမ စကားပြောလို့ပြီးပြီးခြင်း Ning Weiguo ဟာ Shen Lie နဲ့ Su Junyan ကို အိမ်ထဲသို့
ဦးဆောင်ပြီး ခေါ်လာလေသည်။
Ning Weiguo က ချောင်းဟန့်လိုက်ပြီး
"ငါ မင်းတို့ကို မိတ်ဆက်ပေးပါရစေ ၊သူတို့က Ning Junရဲ့ စစ်တပ်ထဲက ရဲဘော်တွေ
Shen Lie နဲ့ Su Junyan "
Ning Tang ရဲ့အကြည့်က Shen Lie နဲ့ Su Junyan တို့ဆီ ဖြတ်ခနဲရောက်သွားပြီး သူမက သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး တိတ်ဆိတ်စွာ‌နေလိုက်တော့ သည်။ နောက်ထပ်တစ်ဖက်မှာတော့ Ning Xue ဟာ ယောင်္ကျားနှစ်ယောက်ကို ခေါင်းစ‌ခြေဆုံး စီစစ်ပြီးတော့ သူတို့ကိုအမြဲတမ်း စကားဝိုင်းထဲကို ထည့်သွင်းနေလေ၏။အံ့ဩစရာတော့မဟုတ်ဘူး Ning Xue က ဒီတွေ့ဆုံပွဲကိုအလေးအနက်ထား‌နေတယ် ဆိုတာကို လက်ထပ်တာက တစ်သက်တာအတွက် ဖြစ်လေသည် ။ပြီးတော့ နောက်တစ်ကြိမ် အမှားလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
လက်ထပ်တာက မိန်းမတစ်ယောက်ရဲ့ နောက်ထပ်တစ်ကြိမ် ပြန်လည်မွေးဖွားခြင်း ဖြစ်လေသည်။
အဲ့တာက တစ်စုံတစ်ယောက် Ning Xue လိုလူမျိုးအတွက် အလေးအနက်ထားတယ်ဆိုတာက အဓိပ္ပာယ်ရှိပြီးတော့ Ning Tang လိုမျိုး တစ်စုံတစ်ယောက်က တော့ ခြားနားတယ်။
Su Junyan က ပွင့်လင်းတယ် အဲ့ဒါကြောင့် Ning Xue နဲ့ စကားလက်ဆုံ ကျသွားလေ၏။
အဲ့ဒီအချိန်မှာ Shen Lie က စကားနည်းနည်းပဲပြောပြီး Ning Xue က သုံးခုလောက်မေးမှ တစ်ခွန်းပဲပြန်ဖြေလေသည်။
Ning Tang က အဲ့‌ ယောင်္ကျားနှစ်ယောက်ကို စိတ်မ၀င်စားဘူး ဒါပေမယ့် သူတို့ ၀တ်ထားတဲ့ ရေတပ် ယူနီဖာင်းကို စိတ်၀င်စားနေပြီးတော့ ဘာမှမပြောဘဲနဲ့ ရံဖန်ရံခါ သူတို့ကြည့်နေတတ်သည်။
Ning Weidang ဟာ Ning Xue နဲ့ Su Junyan တို့ အတူ စကားပြောနေတာကိုကြည့်ပြီးတော့ ကျေနပ်နေသည်။အခုချိန်မှာ အရင်ကလို မိဘတွေနဲ့ လူကြီးတွေက လက်ထပ်တာကို ဆုံးဖြတ်တာမဟုတ်တော့ဘူး။ အဲ့ဒီအစား ယောင်္ကျားလေးနဲ့ မိန်းကလေး တို့နှစ်ယောက်ကအတူထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ အခြေအနေကို ပြောကြလေသည်။ Shen Lie နဲ့ Su Junyan တို့က
Ning Jun မိတ်ဆက်ပေးထားတာ ဆိုရင်တောင်မှ သူတို့က တစ်ယောက်နဲ့တစ်ယောက် သင့်တော်လားဆိုတာ ဆုံးဖြတ်ဖို့ ထိုင်ပြီးစကားပြောဖို့လို့တယ်။ Zhou Yin ဟာ အပြင်က ကောင်းကင်ကိုကြည့်လိုက်ပြီး နေ့ခင်းတောင် ရောက်တော့မယ်ဆိုတာ တွေ့လိုက်ရလေသည်။ သူမက နွေးထွေးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
" ရဲဘော်Shen နဲ့ ရဲဘော် Su သားတို့က အဝေးကနေလာပြီး အခုထိ နေ့လယ်စာတောင် မစားရသေးဘူး။အဒေါ့် သမီး Ning Xue ရဲ့ အချက်အပြုတ် စကေးကိုပြရမယ်။ အဒေါ်ပြောမယ် သူမ ချက်တဲ့ ဟင်းတွေက အရမ်း အရသာရှိတယ် "















၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now