ဇွန်လ ၈ရက်နေ့ မနက်ခင်းမှာတော့ ကြက်ဖတောင် မတွန်ခင်မှာပဲ Ning မိသားစု အကုန်လုံးက အိပ်ရာက ထနေခဲ့ပြီ ဖြစ်သည်။ Shangang ရွာ တည်ရှိတဲ့ Qi ပြည်နယ် ကနေ Hailang ကျွန်းကို ရထားနဲ့ သွားဖို့ အဲ့ဒါက ၇ ရက်လောက် ကြာတယ်။ သူတို့၀ယ်ထားတဲ့ ရထားလက်မှတ်က မနက်၉ နာရီမှာ ထွက်မှာ ဖြစ်သည်။ ဒါကြောင့် သူတို့က အစောကြီး ထွက်ခွာပြီးတော့ Shangang ရွာကနေ မြို့ကို အရင်သွားရမှာဖြစ်သည်။
Ning Tang က အဲ့လောက် အစောကြီး ဘယ်တုန်းကမှ အိပ်ရာမထခဲ့ဖူးဘူး ပြီးတော့ ပုံမုန် မနက်နှောင်းပိုင်း(11AM to 12PM)ထိ အိပ်ရာ မထခဲ့တာ ဖြစ်သည်။ ဒါပေမယ့် ဒီနေ့ကတော့ ကွဲပြားတယ် သူမက မနိုးသေးဘဲနဲ့ သူမဘာသာသူမ မျက်လုံးမှိတ်ပြီး မတ်တတ်ရပ်နေတာကို တွေ့ခဲ့ရသည်။ Su Aijun က ကြက်ဥပြုတ်၊ ပေါက်စီ၊
ကန်စွန်းဥတို့ကို Ning Tang ရထားပေါ်မှာစားဖို့ပြင်ပေးခဲ့ပြီး အဲ့ဒါတွေကို သူမအတွက် အထုပ်ထဲထည့်ထားပေးခဲ့သည်။
Ning Tang က ယောင်ဝါးဝါး နဲ့ အထုပ်ကို Shen Lie ကို ကမ်းပေးပြီး ပြောလိုက်သည်။
" ရပါပြီ အမေ..."
Su Aijun က Ning Tang ရဲ့လက်ကို ကိုင်ပြီးတော့ သူမကို သေချာဂရုတစိုက်ကြည့်ပြီးတော့ သူမရဲ့ ပုံပန်းသွင်ပြင်တွေကို သူမ(Su Aijun )စိတ်ထဲမှာ အမှတ်အသား ဖြစ်အောင်မှတ်ထားနေသည်။Ning Weiguo က အဓိက အခန်းရဲ့ တံခါးအ၀င်အ၀မှာ တစ်ယောက်တည်း ထိုင်နေပြီး
စက္ကူအပိုင်းအစနဲ့ လိပ်ထားတဲ့ စီးကရက်ကို သောက်နေခဲ့သည်။ သူမက မလွယ်ဘူးလို့ခံစားရသည် Su Aijun နဲ့ Ning Weiguo သူတို့က သူမကို သူတို့ရဲ့သမီးရင်းလို
ပြုစုပေးခဲ့တာကို ပြီးတော့ သူတို့ကို သူမက သူမရဲ့ မိဘရင်းတွေအဖြစ်မှတ်ယူလာခဲ့သည်။ Ning Tang က ပြုံးဖို့ အားတင်းလိုက်ပြီး Su Aijun ရဲ့လက်ကို နောက်ပြောင်စွာ ပုတ်လိုက်သည်။
" သူတို့ကပြောကြတယ် မင်းအိမ်က ထွက်ခွာလာရင် ဖက်ထုပ်ကို တောင့်တတယ်တဲ့ ဒါပေမယ့်
အမေက တောက်လျှောက် သမီးကို ကြက်ဥတွေ၊ ပေါက်ဆီ ပြီးတော့ ကန်စွန်းဥတွေကို စားဖို့ ပေးနေတယ်။ အိမ်မှာ သမီးနောက်ဆုံးအစားအစာအတွက် ဖက်ထုပ်စားရင် ဘယ်လိုလဲ။"Su Aijun က သူမကို စိုက် ကြည့်လိုက်ပြီး
" နင့် အဖေနဲ့ ငါ အကုန်လုံးစားလိုက်ပြီ"
Ning Tang ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး
" သမီးပြန်လာရင် ခေါက်ဆွဲလုပ်ကျွေးဖို့ မမေ့နဲ့နော်။ သမီးက အမေလုပ်တဲ့ ခေါက်ဆွဲ၊ ခေါက်ဆွဲ ပါးပါးလေးတွေ၊ ကြက်ဥပြုတ် တစ်လုံးရယ်၊
နှမ်းဆီအနည်းငယ်နဲ့ ပြီးတော့ မုန့်ညင်းစိမ်းအနည်းငယ်နဲ့။ အား... အရသာအရမ်းရှိတယ် အဲ့ဒါက သမီးကို မူးဝေစေတယ်။"
YOU ARE READING
၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေး
FantasyThis is not my story. Just translation. All credit to original authors and translator.🥰🥰🥰 Name - Lazy Stepmother of the 70s island Author name -Yizhifan 一之舟 Type -Web Novel 108 Chapters