CHAPTER 20.4

258 36 1
                                    

ပြင်းထန်ပြီး အရသာရှိတဲ့ ရနံ့တို့နဲ့ ကြက်သွန်နီချက် ပင်လယ်မျော့ ၊ ကြက်သွန်ဖြူအရသာ ပင်လယ်ခရု၊ ဂျင်းနဲ့ ကြက်သွန်မြိတ် ခုံးကောင်ကြော်၊ အဝါရောင် ငါးပုတ်သင်သေးကြော်နဲ့ ပုစွန်ယာဂုတို့ကို စားပွဲပေါ်မှာ တင်ထားလေသည်။

ကလေးသုံးယောက်လုံးက သရည်ယိုနေကြပြီး ၊ အများကြီး ထိန်းချုပ်မှုရှိတဲ့ လူကြီးဖြစ်တဲ့ Ning Tangတောင်မှ စားပွဲကို စိုက်ကြည့်နေတာကို မရပ်နိုင်ဘူး။

Shen Lie က စားပွဲမှာ ယုံကြည်ချက်ရှိစွာ ထိုင်လိုက်ပြီး ‌ရှေ့ဖုံးခါးစည်းကို ချွတ်ကာလုံးလိုက်ပြီး ဘေးကို ပစ်လိုက်လေသည်။ သူက သူ့ရဲ့ရှေ့မှာ ရပ်နေပြီး တောင်းပန်စွာ ခေါင်းငုံ့ထားတဲ့ ကလေးသုံးယောက်ကိုကြည့်လိုက်ပြီး
" မင်းတို့ ဘာအမှားလုပ်ထားလဲ? Dawa မင်းအရင်ပြော"

Dawa က ငိုမဲ့မဲ့ မျက်နှာလုပ်ပြီး
" သားတို့ ပင်လယ်စာတွေ သွားမဖမ်းသင့်ပါဘူး"
" မှားတယ်"
Shen Lie က ရက်စက်စွာ ပြောလိုက်သည်။

" Erniu ၊ မင်းပြော "
Erniu က သူမရဲ့ ကျစ်ဆံမြီးလေးကို ဆွဲပြီး စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
" Erniu မသိဘူး"

Shen Lie ရဲ့ နဖူးက အကြိမ်အနည်းငယ်တွန့်သွားပြီး
" Sawa ၊ မင်းပြော"

Sawa က စကားမပြောနိုင်ခင်မှာပဲ Shen Lie က သူ့ကို၀င်ကြားဖြတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
" ထားလိုက်တော့"

Sawa က စူပုတ်ပြီး သူ့ရဲ့လက်လေးတွေကို လက်ဖက်ရည်အိုးလေးလို ချိတ်လိုက်လေသည်။
'သူ့ကို ဒီလိုမျိုး ခွဲခြား မဆက်ဆံသင့်ဘူး'

ကလေးသုံးယောက်က Ning Tang ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်လိုက်လေသည်။

Ning Tang က တွန့်ဆုတ်စွာ သူမရဲ့လက်ကို မြှောက်လိုက်ပြီး
" Umm ကျွန်မတစ်ခုခု ပြောသင့်လား?"

Shen Lie က Ning Tang ကို စိုက်ကြည့်ပြီး
" ကိုယ် ဒီကလေးသုံးယောက်နဲ့ အရင် ဖြေရှင်းလိုက်ဦးမယ် ပြီးမှ ကိုယ်မင်းနဲ့ နောက်မှ ရှင်းမယ်"

Ning Tang က ကလေးသုံးယောက်ကို အကူအညီမဲ့စွာ ပခုံးတွန့်ပြလိုက်လေသည်။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now