CHAPTER 13

339 38 5
                                    

Shen Lie က ဧည့်ခန်းထဲကို ကြည့်လိုက်သည် ဒါပေမယ့် Ning Tang က ကလေးတွေ အိပ်ခဲ့သည့် အအေးဖျာတွေကို သိမ်းနေပြီး  သူတို့ကို သတိမထားမိနေဘူး။ သူက Dawa ကို  ဆွဲခေါ်လိုက်ပြီးသူ့ကို တိတ်တဆိတ် မေးလိုက်လေသည်။
" မင်းရဲ့မိထွေးကို ဘယ်လိုထင်လဲ?"
" သူက အဆင်ပြေပါတယ်"
Dawa က ၀က်ဆီဖက်ကို မျိုချလိုက်လေသည်။
Shen Lie က မေးလိုက်လေသည်။
" မင်းတို့ ဒီနေ့ နေ့လယ်စာ ဘာစားခဲ့လဲ?"
Dawa က သူ့ရဲ့ လက်ချောင်းတွေ
နဲ့ ရေတွက်ပြီး
" ကဏန်းပေါင်း၊ ငါးမြင်းကွန်းရှပ်ပေါင်းနဲ့ ပုစွန်ပေါင်း

Shen Lie က မျက်ခုံးပင့်လိုက်သည်။ သူတို့အကုန်လုံးကို ပေါင်းတာပေမယ့် သူတို့ကတော်တော်လေး များပြီးတော့ သူတို့ကဈေးထဲမှာ ရှိတဲ့ တော်တော်လေး ဈေးကြီးသည့် ပင်လယ်စာ‌တွေ ဖြစ်တယ်။ သူက အိမ်မှာ လူကြီးတစ်ယောက်နဲ့ ကလေးသုံးယောက်ရှိတာကို တွေးလိုက်သည်။ ဒါကြောင့် Ning Tang က ပေါ့ပေါ့ပါးပါးပဲချက်မယ်လို့ သူ ယူဆထားတာဖြစ်တယ် ဒါပေမယ့် သူမက ဟင်းသုံးမျိုး ချက်မယ်လို့ သူက မထင်ထားဘူး
ပြီးတော့ Dawa ရဲ့ ဖော်ပြချက်အရ ပမာဏကလည်း တော်တော်လေး လုံလောက်တယ်။

Shen Lie က ပြောလိုက်သည်။
" ဒါဆိုရင် မင်းပြောတာက သူမက အဆင်ပြေတယ်။ သူမက မင်းကို ကောင်းကောင်းမဆက်ဆံဘူးလား?"

Dawa ကဈေးမှာ Ning Tang ရဲ့ အားလုံး၀ယ်တော့မလို ရူးသွပ်စွာ ဈေးဝယ်ထွက်တာကို မှတ်မိသွားပြီး
" ကောင်းပြီ သူမက တော်တော်လေး ရက်ရောတယ် ဒါပေမယ့်--"
" ငါသိတယ် မင်း ဒါပေမယ့် လို့ပြောမယ်ဆိုတာကို"
Shen Lie က သူ့ရဲ့မျက်နှာလေးကို လိမ်လိုက်လေသည်။

Dawa က ဆူပုတ်လိုက်ပြီး
"ဒါပေမယ့် အဖေက ဈေးကို ၁၀နာရီမှာ သွားဖို့ပြောပေမယ့် သူမက မနက် ၁၁နာရီအထိ အိပ်နေသေးတယ်။ ဈေး၀ယ်ထွက်တာနဲ့ ချက်တာနဲ့ သားတို့ တစ်နာရီမတိုင်ခင်အထိ မစားရသေးဘူး"

Dawa ရဲ့မျက်လုံးတွေက Shen Lie ကို ရှောင်ပြီး လျှောက်ပတ်ကြည်နေလေသည်။

Shen Lie က နှာ မှုတ်ထုတ်လိုက်ပြီး သူ့ရဲ့ တင်ပါးလေးကို ပုတ်လိုက်လေသည်။
" သွားတော့ ၀က်ဆီဖတ်တွေကို မင်းတစ်ယောက်ထဲ မစားနဲ့၊ မင်းရဲ့ အငယ်တွေနဲ့ အတူတူစားဦး"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now