CHAPTER 21.1.2

456 44 0
                                    

သြဂုတ်လ ၁၄ရက်၊ နေ့လယ်အချိန်တွင်
Ning Tang က အခုထိ အိပ်ရာက မထသေးဘူး
ဖြစ်သည်။

Erniu က နံရံပေါ်က နာရီကို ကြည့်လိုက်ပြီး
ဆူပုတ်လိုက်သည်။
" ၁၁နာရီတောင် ထိုးနေပြီ၊ မိထွေးက အခုထိ မထသေးဘူး။ အစ်ကို သူမကို သွားနိုးကြရအောင်"

Dawa နဲ့ Sawa က တုံ့ပြန်လိုက်သည်။
" ကောင်းပြီ"

ကလေးသုံးယောက် ဒုတိယအထပ်ဆီကို ချီတက်သွားကြပြီး Ning Tang အခန်းကို ရောက်သွားလေသည်။

သေချာတာပေါ့ Ning Tang က ခေါင်းမြီးခြုံပြီး အိပ်နေတုန်းရှိနေသေးသည်။

အဲ့ဒါက ကလေးသုံးယောက်ကို ဒေါသထွက်စေသည်။ သူတို့က အတန်းလိုက် စီရပ်နေပြီး ရင်ဘတ်ပေါ်မှာ လက်ချိတ်ထားပြီး ပြိုင်တူ အော်လိုက်လေသည်။
" မိထွေး၊ ထတော့"

Ning Tang က အိမ်မက်ကောင်းလေးမက်နေလေသည်။ သူမက ၂၀၂၄ကို ပြန်ရောက်သွားပြီး
အလုပ်ကြိုးစားကာ ရာထူးတိုးပြီး လစာများများရတယ်လို့ အိမ်မက်မက်နေလေသည်။ ဒါပေမယ့်ကလေးသုံးယောက်ရဲ့ ကျယ်လောင်တဲ့အသံက သူမကို ရုတ်ခြည်းနိုးသွားစေလေသည်။

Ning Tang က စောင်ကို ဘေးနားထားလိုက်ပြီး
ကလေးသုံးယောက်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
" ဘာတွေ အော်နေတာလဲ? မင်းတို့ ငါ့ကို အိပ်ခွင့်မပေးဘူးလား?"

Dawa က ပြောလိုက်သည်။
" မိထွေး ဘယ်အချိန်လဲဆိုတာ မမြင်ဘူးလား?
ဘာလို့ထပြီး မချက်ပြုတ်သေးတာလဲ?"

Ning Tang က လက်ရမ်းလိုက်ပြီး
" ဗီရိုထဲမှာ တရုတ်ဆီးသီးတွေ ရှိတယ်။ မင်းတို့ ဗိုက်ဖြည့်ဖို့ အဲ့ဒါတွေ စားလိုက်။ ဒီနေ့ ငါ သိပ်နေလို့မကောင်းဘူး ဒါကြောင့် ငါ မချက်ဘူး"

Shen Lie ထွက်သွားပြီးနောက် မိသားစုကိစ္စတွေ အားလုံးက သူမပုခုံးပေါ် ကျရောက်သွားလေသည်။

နေ့တိုင်း သူမ ဈေးသွားရပြီး ထမင်းနှစ်နပ်ချက်ရတယ်၊ သူမနဲ့ ကလေးသုံးယောက် အ၀တ်တွေ လျှော်ရတယ် ပြီးတော့ အိမ်အလုပ်တွေ လုပ်ရတယ်။ Iron Man တောင်မှ အဲ့ဒါတွေအားလုံး
မလုပ်ဘူး။ Ning Tang က ပျင်းတယ်လို့ ခံစားရတာ နည်းတယ် ဒါပေမယ့် ဒီနေ့တော့ သူမနားချင်တယ်။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now