CHAPTER 4

411 41 0
                                    

Su Aijun ဟာ ဒေါသထွက်လုနီးပါးဖြစ်သွားပြီး
" ဘာကိုလဲ ရွာသူကြီးရဲ့ ရှင် သင်္ချာတောင် မတွက်တတ်ဘူးလား။ ဟုတ်တယ် Su Junyan က အပို ၁၀၀ယွမ် ပေးတယ်ဆိုတာ ဒါပေမယ့် Shen Lie က သူ့ထက်ရာထူးမြင့်ပြီးတော့ လစာကလည်း သူ့ထက်ပိုများတယ် ။ သူက ၁၀၀ယွမ်ကို ပြန်ရှာနိုင်တယ် နှစ်လ‌တောင် မကြာဘူး "
" ဒီ ပိုက်ဆံက ကြိုးစားရှာထားရတဲ့ ပိုက်ဆံ၊ လေထဲက ကျလာတာမဟုတ်ဘူး။ ငါ ကြားတာကတော့
တောင်တရုတ်ပင်လယ်က အရမ်း မငြိမ်းချမ်းဘူးတဲ့။ ဘယ်သူသိမှာလဲ Shen Lie က စစ်ပွဲထဲ မကြာခင် သွားရမယ်ဆိုတာကို "
Ning Weiguo ကပြောလိုက်သည်။
" မင်းက ငါတို့သမီးကို မုဆိုးမ ဖြစ်စေချင်တာလား"
Su Aijun ဟာ မျက်လုံးကိုလှိမ့် လိုက်ပြီး
" ရှင် စာမတတ်ဘူးလား။ အဲ့ဒါကို မုဆိုးမလို့ ခေါ်တာမဟုတ်ဘူး၊ အာဇါနည် မုဆိုးမလို့ ခေါ်တာ။
ဟုတ်တယ် တောင်တရုတ်ပင်လယ်က အရမ်း မငြိမ်းချမ်းဘူးဆိုတာ ဒါပေမယ့် အဲ့ဒီမှာ စစ်ပွဲကသေချာပေါက် ဖြစ်မယ်ဆိုသည့် အာမခံချက် ငါတို့မှာ မရှိဘူးလေ။ အဲ့တာတွေ ဖြစ်လာတာတောင်မှ
ကျွန်မသမီးက တိုင်းပြည်ကိုကာကွယ်ပေးနေတဲ့ စစ်သားနဲ့ လက်ထပ်တာကို ကျွန်မ နောင်တမရဘူး။ "
သူမ စကားဆုံးတဲ့အခါ Su Aijun ဟာ တောက်ခေါက်လိုက်ပြီး Ning Weiguo ကို အပြစ်တင်လိုက်လေသည်။
"   ရှင့်ရဲ့အတွေးတွေက ဘာလို့အနောက်ကို
ရောက်နေတာလဲ "
Ning Tang ဟာ မီးညှပ်တစ်စုံနဲ့ မီးဖိုပေါ်က ကန်စွန်းဥ ကို ယူပြီး Su Aijun နဲ့
Ning Weiguo တို့ အားပါးတရ ငြင်းနေတာကို
ကန်စွန်းဥ အခွံခွာပြီး ကြည့်နေလေ၏။
Su Aijun က၊ သူမရဲ့ လက်တွေနဲ့ နားတွေကို ထိထားပြီး အပူလောင်မှာ ကြောက်ပြီး ကန်စွန်းဥ အခွံကိုခွာဖို့ခက်နေတဲ့ Ning Tang ကိုကြည့်လိုက်လေသည်။သူမဟာ Ning Tang လက်ထဲက ကန်စွန်းဥကို အမြန်ယူလိုက်ပြီး သူမအတွက် အခွံခွာပေးလိုက်လေသည်။
" ကလေးတွေက ၀န်ထုပ်၀န်ပိုးးတွေပဲ။ သမီးရဲ့ အစ်ကိုကလဲ အသက် ၃၀ တောင်ရှိနေပြီး အခုထိ အိမ်ထောင်မပြုသေးဘူး။ သမီးအတွက် ကတော့
အမေတို့က သမီးရဲ့လက်ထပ်ပွဲအတွက်ကို ဆွေးနွေးနေတာကို သမီးက ဂရုစိုက်ပုံတောင် မရဘူး။ ဟာသတွေကို နားထောင်နေသလိုပဲ "
Ning Tang ဟာ Su Aijun ဆီက အခွံခွာထားတဲ့ ကန်စွန်းဥကို ယူလိုက်ပြီး အေး‌သွားအောင်မှုတ်လိုက်လေသည်။ပြီးတော့ အကိုက်ကြီးကြီး ကိုက်လိုက်ကာ စကားမပီသစွာ ပြောလိုက်လေသည်။
" သမီးနားထောင်နေပါတယ် ၊မဟုတ်ဘူးလား "
Ning Weiguo ဟာ ကြမ်းပေါ်မှာ ဆောင့်ဆောင့် ထိုင်လိုက်ပြီး စီးကရက် တွေ တစ်လိပ်ပြီး တစ်လိပ်
သောက်နေခဲ့သည်။ အခန်းတစ်ခုလုံး အဖြူရောင် အခိုး‌အငွေ့တွေ့ ပြည့်သွားတဲ့အခါ သူကလည်း သူ့ရဲ့စိတ်ကို ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။
" ဒါဆိုရင်တော့ Shen Lie ကိုပဲ ရွေးကြတာပေါ့"
" ကောင်းတာပေါ့" Su Aijun ဟာ စိတ်ကျေနပ်စွာ ပြောလိုက်လေသည်။
Ning Tang ဟာ Su Aijun တွေးသလို စိတ်မ၀င်စားဘဲ စားပဲစားနေတာ မဟုတ်ဘူး။သူမ ဟာ ဒီနေ့စားသောက်နေတဲ့တစ်ချိန်လုံးမှာ Shen Lie နဲ့ Su Junyan ကို ကြည့်ရှုလေ့လာနေခဲ့တာ ဖြစ်သည်။ Ning Tang တွေ့တာက‌တော့ Ning Xue မကိုင်နိုင်တဲ့ပန်းကန်တွေကို Shen Lie က ကူသယ်ပေးပြီး အစားအသောက်တွေနဲ့ အသုံး‌အဆောင်‌တွေကို ကူညီတည်ခင်းပေးတယ်။ Su Aijun ကလည်း အဲ့ဒါကို သတိပြုမိသည်။
Su Aijun ရဲ့ Shen Lie အပေါ်အမြင်ကောင်းတွေက သူမရဲ့နှလုံးသားထဲမှာ အမြန်တိုးသွားလေသည်။
" အဲ့ဒီလို စွမ်းအားတွေ ပြည့်နေတဲ့ ယောင်္ကျားလေးက ဘာမကောင်းတာရှိလို့လဲ။ အဲ့ဒါအပြင် ငါတို့ရဲ့ သမီးလေးက အိမ်အလုပ်တွေနဲ့ အလုပ်တွေကို မလုပ်တတ်ဘူ၊ ဒါကြောင့် Shen Lie လို အိမ်အလုပ် လုပ်တတ်တဲ့ သူကိုလိုတာလေ"
စုံတွဲ‌တစ်တွဲက အတူတူနေတဲ့အခါ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ဖြည့်ပေးဖို့ လိုတယ်။
Ning Tang က နဂိုကတည်းက အပျင်းထူပြီး
လောဘကြီးတယ် အဲ့ဒါကို သူမကတစ်ယောက်ယောက်လို အပျင်းထူပြီးအလုပ်မလုပ်တတ်တဲ့သူနဲ့ တွဲလိုက်ရင် သူတို့က ဘယ်လိုရှင်သန်နိုင်မှာလဲ။ သူတို့နှစ်ယောက်ကို အတူတူသေခိုင်းလိုက်ပြီး သူတို့ရဲ့ လည်ပင်းမှာ ကိတ်မုန့်အကြီးကြီးကို ချိတ်ဆွဲထားပြီး ဘယ်သူ ပထမဆုံးစားလဲ စားတဲ့သူ သေ ဆိုတာကမှ ပိုကောင်းဦးမယ်။
Ning Weiguo က Ning Tang ရဲ့ အချက်အပြုတ်စကေးကို တွေးလိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်လေသည်။
" ငါတို့သမီးက ဘယ်လိုချက်ရမလဲမသိဘူး။သူတို့လက်ထပ်ပြီးတဲ့အခါ ဘာစားကြမှာလဲ။"
Ning Tang က မျက်တောင်ခတ်လိုက်ပြီး
" ဒါဆို သူတို့လက်မထပ်ရသေးခင် သူ့မိသားစုထဲက ဘယ်သူကမှ မစားကြဘူးလား။ သူတို့ အစာပြတ်ပြီး မသေကုန်ကြဘူးလား"
သူတို့ တစ်ညလုံးဆွေးနွေးပြီးတဲ့အခါ မိသားစုနှစ်စု လုံးက သူတို့ရဲ့စိတ်ကို ဆုံးဖြတ်ပြီးကြပြီ ဖြစ်သည်။
နောက်တစ်နေ့ မနက်ရောက်သည့်အခါမှာတော့
Ning Weiguo နဲ့ Ning Weidang တို့က စကားလက်ဆုံ ပြောကြပြီး၊ သူတို့မိသားစုနှစ်ခုလုံးက မတူညီသည့်လူတွေကို ရွေးချယ်ခဲ့သည်ကိုကြည့်ပြီး သူတို့က စိတ်ကျေနပ်သွားလေသည်။
သတို့သမီး ဘက်က အခြေအနေတွေကို ဖြေရှင်းပြီးသည့်အခါမှာ သတို့သားဘက်ကို စဉ်းစားဖို့ပဲ လိုအပ်တော့လေသည်။
မနက်စာ စားပြီးတဲ့အခါမှာတော့ Ning Wedang ရဲ့ မိသားစုက Su Junyan ကို အိမ်ခန်းထဲ ဆွဲသွားပြီးတော့ လက်ထပ်ဖို့အတွက် အသေးစိတ်ကို ဆွေး‌နွေးခဲ့လေသည်။
သူတို့ဆွေးနွေးခဲ့တာ ဘာလဲဆိုတာတော့မသေချာဘူး ဒါပေမယ့် အိမ်ခန်းထဲက ထွက်လာတဲ့
Su Junyan ရဲ့ပျော်ရွှင်တဲ့မျက်နှာနဲ့
Ning Xue မျက်နှာပေါ်မှာရှိတဲ့ ရှက်ရွံ့နေတဲ့ အမူအရာကို ဆုံးဖြတ်ရရင်တော့ ကောင်းမွန်သည့် ဆွေးနွေးမှု ဖြစ်ခဲ့တယ် ထင်သည်။
အခုကတော့ Shen Lie ရဲ့ အလှည့်ပဲ၊၊ အိမ်ခန်းထဲကို Ning Weiguo ဟာ Shen Lie ကိုဦးဆောင်ခေါ်သွားပြီး Su Aijun နဲ့ Ning Tang က အတူလိုက်ပါလာလေသည်။
ဟော ထဲမှာရှိသည့် ထောင့်မှန်စတုဂံစားပွဲမှာ
Ning Weiguo ၊ Su Aijun နဲ့Ning Tang
တို့က တစ်ဖက်မှာ ထိုင်နေပြီး Shen Lie ကတော့ အခြားတစ်ဖက်မှာ ထိုင်နေလေ၏။ခံစားရတာကတော့ တရားခွင်နဲ့တူနေလေသည်။ Ning Weiguo ဟာ စကားဝိုင်းကို အရင်စပြီးပြောလိုက်လေသည်။
" ဒါဆို ၊ ရဲ‌ဘော် Shen ၊ငါတို့ သမီးကို မင်းဘယ်လိုထင်လဲ "
မလွယ်ဘူးလို့ ခံစားရပြီး Shen Lie ဟာ သူ့ရဲ့ ရေဖန်ခွက်ကို ကိုင်ပြီး တစ်ငုံသောက်ချင်ခဲ့သည်၊ ဒါပေမယ့် Ning Weiguo ရဲ့ တည့်တည့်ကြီးမေးသည့်မေးခွန်းကို ကြားရသည့်အချိန် သူထွေးထုတ်
မိမလိုတောင် ဖြစ်သွားရ၏။
Shen Lie က သူ့ရဲ့ လည်ပင်းကိုရှင်းပြီးတော့ ပြောလိုက်လေသည်။
" ဦးလေး၊ ကျွန်တော် စစ်တပ်ထဲ ၀င်ခဲ့ပြီးတော့ Ning Jun နဲ့က အဖွဲ့တစ်ခုထဲပဲ။မြောက်ပိုင်းနယ်စပ်မှာ တာ၀န်ထမ်းဆောင်တုန်းက Ning Jun သာ မရှိခဲ့ရင် ကျွန်တော် ပြန်မလာနိုင်တော့ဘူး။မိဘနှစ်ပါးက ကျွန်တော် ငယ်ငယ်ကတည်း ဆုံးပါးသွားခဲ့တယ်၊ ဒါကြောင့် ဦးလေးက Jun အဖေဆိုတော့ ကျွန်တော်ကလည်း ဦးလေးကို ကျွန်တော့်အဖေလို သဘောထားပါ့မယ်။ကျွန်တော့်မှာ ဦးလေးကို ဖုန်းကွယ်ထားတဲ့အရာမရှိပါဘူး ပြီးတော့ရှိခဲ့ရင်လည်း ကျွန်တော် ဦးလေးကို တိုက်ရိုက်ပြောပါ့မယ်"
ခဏလောက်နားပြီးနောက် Shen Lie ကဆက်ပြောလေသည်
"  ကျွန်တော့်အခြေအနေကို ကျွန်တော်က သတိပြုမိပါတယ်။ကျွန်တော်က မုဆိုးဖို၊ ကလေးသုံးယောက်နဲ့ ပြီးတော့ အပြင်ကလူတွေကပြောတယ်
ကျွန်တော်က ကျိန်စာမ်ိထားတဲ့ ကံမကောင်းတဲ့ကြယ် မိသားစုအပေါ်ကံမကောင်းတာတွေ ယူဆောင်လာပေးသည့် သူတဲ့။ဒါကြောင့် ကျွန်တော်က ဦးလေးသမီးကို ဘယ်လိုသဘောထားလဲဆိုတာက အရေးမကြီးပါဘူး။သူမက ကျန်တော့်ကို ရွေးချယ်ခဲ့ရင် အဲ့တာကပဲ အရေးကြီးတာပါ"
Shen Lie က သူ့ဘာသာသူ ဖော်ထုတ်တာကို နားထောင်ရင်း Su Aijun ဟာ အစကမျက်မှောင်ကြုပ်နေခဲ့တယ် ဒါပေမယ့် သူမနားထောင်ပြီးတဲ့အခါ သူမမျက်မှောင်ကြုပ်တာက တဖြည်းဖြည်းချင်း ပြောက်ကွယ်သွားတော့သည်။
Shen Lie က ပထမအကြည့်တစ်ချက်မှာဆိုရင်တော့ မထင်ရှားနေဘူး။ဒါပေမယ့် သူပါးစပ်ဖွင့်လိုက်တယ်ဆိုရင်ပဲ သူ့စကားကို မနားထောင်ဖို့ခက်တယ်။ ထိုမှတပါး Shen Lie က သူ့ရဲ့အားသာချက်တွေ လစာများတာတွေနဲ့ ရာထူးမြင့်တာတွေကို မပြောခဲ့ဘူး။ သူက သူ့နေရာကို အောက်အဆင့်မှာထားပြီး Ning Weiguo ၊ သူ့ဇနီးနဲ့ သမီးကို
ရွေးချယ်ခွင့်ပေးထားလေသည်။
Su Aijun ဟာ Shen Lie ရဲ့ မိတ်ဖက်ရှာဖွေခြင်းသဘောထား အပေါ်မြင့်မားသည့်အမြင်ရှိလေသည်။
Ning Tang ဟာ နဂိုက လဗျိုင်းသီးကို အခွံခွာပြီးစားနေတာ ဒါပေမယ့် သူမ နားထောင်လိုက်တဲ့အခါ သူမက အဲ့ဒါတွေကို စားဖို့မေ့သွားပြီး
Shen Lie ကို အပေါ်၊အောက် ကြည့်ကာ စီစစ်နေခဲ့တော့သည်။
သူမက စိတ်၀င်စားလာပြီး လဗျိုင်းသီး အခွံကို ဘေးကို လွှတ်ပြစ်လိုက်လေသည် ပြီးတော့ Shen Lie ကို စိတ်၀င်စားစွာ မေးလိုက်လေသည်။
" ဟေး ၊ရှင်က တကယ်ကို ကံ‌မကောင်းတဲ့ကြယ်အဖြစ် ကျိန်ဆဲခံခဲ့ရတာလား။ကျွန်မက ရှင့်ကို လက်ထပ်ခဲ့ရင် ရှင်က ကျွန်မဆီကို မကောင်းတဲ့
ကံတွေကို သယ်ဆောင်လာမှာလား "
Su Aijun က သူမကို စိုက်ကြည့်ပြီးတော့ ပြောလိုက်လေသည်။
" ဖက် ၊ ဘာလို့ အဓိပ္ပာယ်မရှိတဲ့ သေတာတွေ၊ရှင်တာတွေ ပြောနေရတာလဲ"
Shen Lie ဟာ Ning Tang က သူ့ကို ပြင်းထန်စွာ စိုက်ကြည့်နေတာကို မြင်ပြီတော့ သူကနည်းနည်းတော့ရှက်မိတယ်။
" အဲ့ဒါက အခြားသူတွေ ဖြန့်ထားတဲ့ ကောလဟာလ
တွေပါ။ ကိုယ့်မိဘတွေက အလုပ်ကို အလွန်အကျွံ
လုပ်တာကြောင့် ဆုံးပါးသွားပြီး ကိုယ့်ရဲ့ သေဆုံးသွားသည့် မိန်းမကတော့ ဖျားနာတာကြောင့် ဆုံးပါးသွားခဲ့တာပါ။"
သူက သူ့ရဲ့ခေါင်းကို ကုတ်လိုက်ပြီး Ning Tang မယုံမှာဆိုးတာကြောင့် ထပ်ပြောလိုက်လေသည်။
" ကိုယ်က တစ်ယောက်တည်းဖြစ်ဖို့ ကံကြမ္မာ ရှိတယ်ဆိုရင်  ကိုယ့်ရဲ့ကလေးသုံးယောက်က
ဘာလို့အဆင်ပြေ နေမှာလဲ"
" ရှင်က ကလေးတွေရှိပြီးတော့ အဲ့ဒါက သုံးယောက် " Ning Tang က အံ့ဩသွားခဲ့သည်။
Ning Weiguo က ‌မနေနိုင်ဘဲ သက်ပြင်းချမိတော့သည်။ သူ့ရဲ့သမီးက တကယ်ကို သေချာ နားမထောင်နေခဲ့ဘူး။ သူက ဘယ်အပိုင်းကို မှတ်မိပြီး ဘယ်အပိုင်းကို မမှတ်မိတာလဲ မသိတော့ဘူး။
" ဟုတ်တယ်၊ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်။
အကြီးဆုံးသားက (၇)နှစ် ၊ ဒုတိယ သမီးက (၅)နှစ် နဲ့ အငယ်ဆုံးသားက (၃)နှစ်။" Shen Lie က အမှန်ကိုပြောလေသည်။
Ning Tang က မနေနိုင်ဘဲနဲ့ သူမနှလုံးသားထဲမှာ အံ့ဩမိလေသည်။ Shen Lie က ကလေးတွေရှိတယ်တယ်ဆိုတော့ သူမကိုသူက ကလေးယူဖို့အတွက် မေးစရာမလိုတော့ဘူးပေါ့။
ရွာထဲမှာရှိတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးတစ်ယောက်က နှစ်သစ်မရောက်ခင်တုန်းက ကလေးမွေးခဲ့တယ်။
သူမက ကလေးမွေးဖို့အတွက် မြို့ဆေးရုံကို သွားခဲ့ပြီးတော့ သူမကလေးနှင့်အတူ သေဆုံးသွားခဲ့တယ်။
Ning Tang တို့ခေတ်မှာတောင်  ကလေးမွေးတာက လုံခြုံစိတ်ချတယ်လို့ အာမခံချက်မရှိဘူး။
ဒီခေတ်မှာရှိတဲ့ နောက်ပြန်တဲ့ ဆေးဝါးအခြေအနေနဲ့ဆိုရင်တော့ ထားလိုက်ပါတော့။ Ning Tang က သူမရဲ့ဘ၀ကို လောင်းကစား မလုပ်နိုင်ဘူး။
Ning Tang က သူမတွေးနေခဲ့တာကို မေးလိုက်လေသည်။
" ရှင့်မှာ ကလေးတွေ ရှိနေပြီးသားဆိုတော့ ရှင်က ကျွန်မကို ကလေးယူဖို့ပြောဦးမှာလား"
Shen Lie ဟာ Ning Tang က အဲ့တာကိုမေးဖို့အတွက် မမျှော်လင့်ခဲ့ဘူး။ ဒါပေမယ့် သူက Ning Tang မျက်လုံးထဲကို အလေးအနက် စိုက်ကြည့်ပြီးတော့ " အဲ့ဒါက အဓိက ကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ ကိုယ်မင်းရဲ့ အမြင်ကို လေးစားပါတယ် ဒါပေမယ့်....."
သူက Ning Tang ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး " မင်းက ကိုယ့်ကို လက်ထပ်ပြီး ကလေးသုံးယောက်ရဲ့ မိထွေး ဖြစ်လာမယ် မိန်းမတွေက သူတို့ရဲ့ကိုယ်ပိုင် ကလေးလိုချင်ကြတယ် မဟုတ်ဘူးလား "
Su Aijun ဟာ သဘောတူပြီး ခေါင်းညိတ်လိုက်လေသည်။ သူမဟာ Ning Tang ရဲ့နားအထိ
မှီလိုက်ပြီး တိုးတိုးလေးပြောလိုက်လေသည်။
" တစ်ခြားတစ်ယောက်ရဲ့ ကလေးကို ပျိုးထောင်‌ပေးမယ်။ သမီး မကြောက်ဘူးလား သမီးကဘသူတို့နဲ့ မနီးစပ်မှာကို ပြီးတော့ ဘယ်သူက သမီးကို ကျေးဇူးသိတတ်ပြီး ဝတ်ကြီး၀တ်ငယ် လုပ်ပေးမှာလဲ"
Ning Tang ဟာ သူမရဲ့ မျက်လုံးကိုလှိမ့်လိုက်ပြီး ပြောလိုက်သည်။
" ကိုယ့်ရဲ့ ကိုယ်ပိုင်သားသမီးဆိုတိုင်းလဲ သူတို့က ကျေးဇူးသိတတ်မယ်လို့ မဆိုလိုဘူး။ ဥပမာဆိုရင်
ရွာအ၀င်မှာနေတဲ့ Mrs Sun ။ သူမမှာ သားသုံးယောက်ရှိတယ် အကုန်လုံးက သွေးသားရင်းချာတွေပဲ ၊ သူမ ယောင်္ကျား ဆုံးပါးသွားအခါတဲ့ ဘယ်တစ်‌ယောက် ကမှ သူမကို မထောက်ပံ့ပေးချင်ကြဘူး။
Mrs Sun က သူမရဲ့ ပန်းကန်ခွက် အကွဲနဲ့ အစားအစာအတွက် နေ့တိုင်း တစ်အိမ်ပြီးတစ်အိမ်
လိုက်တောင်းနေရတယ်။အမေ၊ အမေ မှတ်မိဘူးလား  လွန်ခဲ့တဲ့ နှစ်ရက်တုန်းကတောင်မှ Mrs Sun ဖြတ်သွားတုန်းက အမေတောင်မှ ပေါက်ဆီနှစ်လုံး ပေးလိုက်သေးတယ်လေ။"
" အတူတူပါပဲ၊ သွေးသားမတော်စပ်တဲ့ ကလေးတွေကလည်း ကျေးဇူးသိတတ်ကြပါတယ်။အဲ့ဒါက တစ်ယောက်ချင်းစီမှာ မူတည်တယ်။ဟုတ်တာပေါ့ အခြေခံအားဖြင့် သွေးသားမတော်စပ်တဲ့ ကလေးတွေထက် သွေးသားတော်စပ်တဲ့ ကလေးတွေက ပိုပြီး ကျေးဇူးသိတတ်ကြတယ်ဆိုတာ"
Ning Tang ရဲ့ စကားလုံးတွေက နှစ်ဖက်စလုံးကို ပြောစရာစကားမဲ့စေသည်။
Su Aijun ဟာမနေနိုင်ဘဲ လက်သီးဆုပ်ပြီး Ning Tang ကို ခေါက်လိုက်လေသည်။
" သမီးက အမေ့လို အမြဲတမ်း ခေါင်းမာတာပဲ"
Shen Lie ဟာ Ning Tang ရဲ့ထင်မြင်ချက်တွေက အလွန် စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ ရှာတွေ့သွားပြီးတော့
" ကိုယ်က မင်းထက်အရင်သေဆုံးသွားခဲ့ရင် ကိုယ်မင်းအတွက် သေချာပေါက် စီစဉ်ပေးခဲ့မယ်။ဒါဆိုရင် ကိုယ့်ရဲ့ ကလေး သုံးယောက်က မင်းကို မထောက်ပံ့ပေးခဲ့ချင်ရင်‌တောင်မှ အဲ့ဒါက ပြဿနာ မဟုတ်တော့ဘူး။"
Ning Tang က Shen Lie ကို သေချာဂရုတစိုက်ကြည့်လိုက်ပြီးတော့ သူက သူမအတွက် ပိုပိုပြီး ဆွဲဆောင်မှု ရှိလာတယ်။
Ning Tang ဟာသူမကိုသူမ တရားဝင် မိတ်ဆက်လိုက်သည်။
" ကျွန်မ နာမည်က Ning Tang ပါ ။ တွေ့ရတာ ၀မ်းသာပါတယ်။ "
Shen Lie ဟာ Ning Tang မျက်လုံးထဲ ကြည့်လိုက်ပြီး
" ကျွန်တော့် နာမည်က Shen Lie ပါ ။ တွေ့ရတာ ၀မ်းသာပါတယ်။ "
Su Aijun နဲ့ Ning Weiguo နှစ်ယောက်လုံးက အံ့ဩသွားလေသည်။မျက်မမြင်တွေ့ဆုံပွဲက ဒီလို အဆုံးသတ်သွားမယ် ဆိုတာကို သူတို့မထင်ထားဘူး။
Ning Weiguo ဟာ အစမ်းသဘောနဲ့ မေးလိုက်လေသည်။
" ဒါဆို ဒါက ဆုံးဖြတ်ပြီးသွားပြီလား..."
Shen Lie ဟာရိုးသားစွာ သူ့ရဲ့အိပ်ကပ်ထဲ ပိုက်ဆံ ၂၀၀ယွမ်ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်လေသည်။
" ဒါက လက်ထပ် လက်ဆောင်ပါ"
Ning Tang ဟာ ပိုက်ဆံတွေကို ယူဖို့တုံ့ဆိုင်းမနေဘဲ Su Aijun ကို အကုန်ကမ်းပေးလိုက်သည်။
" အမေ၊ အမေ ယူထားလိုက် "
Su Aijun ဟာ သူမကိုစိုက်ကြည့်ပြီးတော့ ပြန်ကမ်းပေးလိုက်လေသည်။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now