CHAPTER 19

280 33 0
                                    

Dawa က သူ့ရဲ့ တင်ပါးကို အမြန်ဖုံးလိုက်ပြီး ပြောလိုက်သည်။
" မင်း၊ မိထွေး သားကို ရိုက်တယ်! သား ဖေဖေ့ကိုတိုင်ပြောမယ်"

Ning Tang က ရယ်လိုက်ပြီး ပြောလိုက်သည်။
" သွားပြီး ပြောလေ၊ သူ့ကို သွားမေးလိုက်လေ၊ပင်လယ်စာတွေ ကောက်ဖို့ မင်းတို့ကို ငါ ခေါ်သွားခွင့် ပြုလားဆိုတာကို"

သူ သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး။ Dawa က နှုတ်ခမ်း ဆူပြီးတော့
" ဒါဆိုရင် သဘောတူညီချက် လုပ်ရအောင်၊ သားတို့ ဒီတစ်ကြိမ်မှာ ကောင်းကောင်းနေရင် ၊ နောက်တစ်ကြိမ်လည်း သားတို့ကို ခေါ်သွား"

Dawa က တွေးလိုက်လေသည်။ သူတို့ ဒီတစ်ကြိမ်မှာ ကောင်းကောင်းပြုမူမယ်ဆိုရင် Ning Tang က နောက်တစ်ကြိမ် သူတို့ကို ခေါ်သွားလိမ့်မယ်။ အဲ့ဒါက တန်လိမ့်မယ်။

ပင်လယ်စာတွေကို တစ်ကြိမ် စုတာနဲ့နှစ်ကြိမ်စုတာရဲ့ ကွဲပြားခြားနားချက်ကို သူတို့တွေ  ပြောနိုင်လိမ့်မယ်။

Ning Tang က နှာမှုတ်လိုက်ပြီး
" မင်းတို့ ဘယ်လိုကောင်း‌ကောင်း ပြုမူလဲဆိုတာ ကြည့်ရတာပေါ့"

Ning Tang နဲ့ကလေးသုံးယောက် ကိုက်နေတာကို ကြည့်ပြီး အ‌ဒေါ် Lou က ရယ်တာမရပ်နိုင်တော့ဘူး။
" မင်းတို့က အရမ်း ရယ်စရာကောင်းတာပဲ"

သူမက အိမ်မှာ Ning Tang က ကလေးသုံးယောက်ကို ဒီလိုနည်းနဲ့ဆက်ဆံမယ်ဆိုတာကို မထင်မှတ်ထားဘူး။ Dawa နဲ့ အခြားကလေးနှစ်ယောက်က လူကြီးတွေနဲ့ ပြုမူသလိုမျိုးမဟုတ်ဘဲ သူငယ်ချင်းလိုမျိုး Ning Tang ကို ပြန်ပြောရဲကြတယ်။ ဘာပဲဖြစ်ဖြစ် သူမ ဒီကျွန်းပေါ်မှာ ဒီလိုပြုမူတဲ့ မိသားစုမျိုး မမြင်ဖူးဘူး။

Ning Tang က အစ်မ Lou ကို မေးလိုက်သည်။
" ကျွန်မတို့ ပင်လယ်စာတွေ စုဆောင်းဖို့ ကိရိယာတစ်ခုခု လိုအပ်သေးလား?"

သူမကျွန်းကို ပထမဆုံးရောက်တဲ့ အချိန်ကို မှတ်မိသွားတယ်၊ အစ်မ Lou က ပလတ်စတစ်ဖိနပ်ကို စီးထားပြီးတော့ ပုံးတစ်ပုံးနဲ့ ပလာယာကို ကိုင်ထားတာကို သူမမြင်လိုက်လေသည်။

" ငါတို့ လိုတယ်"
အစ်မ Lou က ပြောလိုက်သည်။
" မင်း အိမ်မှာ တစ်ချက်ကြည့်လိုက် ပလတ်စတစ်ဖိနပ်၊ ပုံးတွေ၊ ပလာယာတစ်စုံ ဒါမှမဟုတ် သံတူးရွင်းကို ရှာကြည့်လိုက် ပြီးတော့ oh.. ဆားအထုပ်သေးတစ်ထုပ် ယူလာခဲ့ဦး"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now