CHAPTER 20.5

259 39 1
                                    

ဇူလိုင်လကုန်သည့်အခါ  ရာသီဥတုက တဖြည်းဖြည်း ပူလာလေသည်။

Dawa က အအေးဖျာပေါ်မှာ ထိုင်ကာ သူ့ရဲ့ လက်ထဲမှာ ပန်ကာကြီးကို ကိုင်ထားပြီး မေးလိုက်သည်။
" မိထွေး၊ သားတို့ ဒီနေ့ နေ့လယ်စာ ဘာစားကြမှာလဲ?"

Ning Tang က အအေးဖျာထောင့်မှာ လှဲနေပြီးအားနည်းစွာ ပြောလိုက်သည်။
" ပင်လယ်စာ... ပုစွန်ထုပ်၊ ပုစွန်၊ ငါးရှဉ့်၊ ခုံးကောင်....မင်းကြိုက်တာ ရွေးလို့ရတယ်"

Erniu က လူကြီးလေးလို သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
" သမီးတို့ ဒါပဲ စားရပြန်ပြီ"

" နည်းနည်းစားတာက ကောင်းနေပါပြီ။ ဒီရာသီရဲ့ ပုစွန်ထုပ်တွေက အဝါရောင် အရောင်အသွေးရှိတယ် ဒါပေမယ့် သူတို့က အရသာရှိနေတုန်းပဲ"
Ning Tang ကပြောလိုက်သည်။
" ဒါဆို ပုစွန်ထုပ် စားရအောင်"
Sawa က ပြောလိုက်သည်။

Ning Tang က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
" ပုစွန်ထုပ်အပြင် ဘာစားဦးမလဲ?"

" ခုံးကောင် နည်းနည်း စားကြရအောင်၊ ခုံးကောင်ပေါင်းက တစ်ခုတည်းသော စားလို့‌ကောင်းတဲ့ တစ်ခုတည်း‌သောနည်းပဲ"
Dawa ပြောလိုက်သည်။

Ning Tang ကဈေးကို သွားပြီး ပုစွန်ထုပ်နဲ့ ခုံးကောင်ကို ၀ယ်လိုက်သည်။ သူတို့က ဒီနေ့ အရမ်းမကြီးဘူး၊ ဒါကြောင့် သူတို့က တစ်ခုကို နည်းနည်းစီပဲ ၀ယ်လိုက်လေသည်။ အပြန်လမ်းမှာ သူမက အစ်မLouရဲ့ ခြံ၀င်းကို ဖြတ်သွားရလေသည်။
အစ်မ Lou က သူမရဲ့ အပင်တွေကို ဓာတ်မြေသြဇာကျွေးနေပြီး Ning Tang ကို လှမ်းခေါ်လိုက်လေသည်
" Xiao Ning ၊ နင် ဘယ်က ပြန်လာတာလဲ?"

Ning Tang က သူမရဲ့ လက်ထဲက အထုပ်တွေကို လှုပ်ပြီး ပြောလိုက်သည်။
" ကျွန်မက အခုမှ ဈေးကနေ ပြန်လာတာ"

အစ်မ Lou က မေးလိုက်သည်။
" နင် ၊ငါ့ကို စောင့်နေဦး"

ပြောပြီးနောက် သူမခြံထဲမှာ ‌စိုက်ထားတဲ့ သခွားသီးနဲ့ ခရမ်းချဉ်သီးတွေကို အများကြီး ခူးပြီး အဲ့ဒါတွေကို Ning Tang ကို ခြံဝိုင်းထဲနေ ကမ်းပေးလိုက်လေသည်။
" ဒါတွေကို ကလေးတွေ သရေစာစားဖို့ ယူသွားလိုက်။ ဒီနွေရာသီမှာ ငါတို့က ဒီလိုအသီးအနှံတွေကို
အာသီသဖြည့်ဖို့ စားကြတယ်။ ခရမ်းချဉ်သီးနဲ့ သခွားသီးက ကောင်းတယ်။ သူတို့ကို သကြားဖြူးစားရင် အရသာက အရမ်းကောင်းတယ်"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now