Dawa က Ning Tang က ဈေးတစ်ခုလုံးကို၀ယ်တော့မလို ပြုမူနေတာကို မြင်သည့်အခါ
သူက သူမကို အမြန်တားလိုက်လေသည်။
" မိထွေး၊ သားတို့၀ယ်တာလောက်နေပြီ၊ အဲ့ဒါကသားတို့စားဖို့ လောက်နေပြီ။"Ning Tang က စိတ်ပျက်လက်ပျက်နဲ့ ဈေး၀ယ်ထွက်တာကို ရပ်လိုက်လေသည်။
အိမ်ပြန်ရောက်ချိန်မှာတော့ Ning Tang က ပင်လယ်စာတွေအားလုံးကို ပေါင်းလိုက်လေသည်။
ပင်လယ်စာတွေကို ပေါင်းတာက ရိုးရှင်းတယ်
Ning Tang လို အတွေ့အကြုံနုနယ်တဲ့ လူတောင်မှ ချက်နိုင်တယ်။ သူမက Shen အိမ်က မီးဖိုကို ဘယ်လို အသုံးပြုရမလဲဆိုတာ အမြန်ရှာတွေ့သွားပြီး နာရီ၀က်တောင်မကြာဘဲ ဟင်းသုံးမျိုး ချက်လိုက်လေသည်။ရွှံ့ဂဏန်းပေါင်း၊ ပုစွန်ပြုတ် နဲ့ မြင်းကွန်းရှပ်ပေါင်းတို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ Ning Tang က အဲ့ဒါတွေကို အများကြီး၀ယ်လာခဲ့လို့ပဲ ဖြစ်တယ်။ ဟင်းသုံးမျိုးက စားပွဲပေါ် တည်ခင်းလိုက်သည့်အခါ အရမ်းအထင်ကြီးစရာကောင်းနေလေသည်။
ကလေးသုံးယောက်လုံးက ဗိုက်ဆာနေကြပြီ ဖြစ်သည်။ သူတို့က ဒီကျွန်းပေါ်မှာ မွေးပြီး ကြီးပျင်းလာသည့်အတွက် ပင်လယ်စာကို ဘယ်လိုစားရမလဲဆိုတာ ပြပေးဖို့ မလိုဘူးဖြစ်သည်။
Dawa က ရွှံ့ကဏန်းကို လှမ်းယူလိုက်ပြီး လှုပ်ရှားမှု သုံးခုနဲ့ အမြန်ဖွင့်လိုက်လေသည်။
Erniu က အရိုးနဲ့အသားများသည့် မြင်းကွန်းရှပ်ကို စိုက်ကြည့်နေလေသည်။ Ning Tang က အရိုးတွေဖယ်ထုတ်ထားပြီး Erniu အရိုးစူးမှာကို စိတ်မပူနေဘူး။ ငယ်ရွယ်ပြီး လောဘကြီးသည့်
Sawa က ပုစွန်ကို ကောက်ယူပြီးတော့ အခွံမခွာဘဲနဲ့ သူ့ပါးစပ်ထဲကို ထိုးထည့်နေလေသည်။ ပုစွန်ခေါင်းကို အကြိမ်အနည်းငယ်ကိုက်မိပြီး အသားမမိဘဲ သူ့သားရည်တွေက တစ်ခုလုံးပေါ်မှာရှိနေလေသည်။ Ning Tang က ဆက်မကြည့်နိုင်ဘဲ
သူ့ရဲ့လက်လေးထဲက ပုစွန်ကို ယူလိုက်ကာ အခွံကို ခွာပေးလိုက်ပြီး သူ့ကို နီပြီးဖြူနေသည့်အသားကို ကမ်းပေးလိုက်လေသည်။ ငယ်သေးတာကလွဲရင် Sawa မှာ ကောင်းမွန်သည့်သွားတွေရှိပြီး ပုစွန်တစ်ကောင်ကို သုံးကိုက်နဲ့ စားလိုက်လေသည်။
YOU ARE READING
၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေး
FantasyThis is not my story. Just translation. All credit to original authors and translator.🥰🥰🥰 Name - Lazy Stepmother of the 70s island Author name -Yizhifan 一之舟 Type -Web Novel 108 Chapters