CHAPTER 14.1

314 37 0
                                    

Shen နဲ့ Su မိသားစုတို့က တစ်အိမ်နဲ့တစ်အိမ် မျက်နှာချင်းဆိုင်ပြီး နေထိုင်ကြတယ် ဒါကြောင့် Shen အိမ်မှာ ဘာပဲဖြစ်ဖြစ် Su မိသားစုက မကြိုးစားဘဲနဲ့တောင် ကြားနိုင်တယ်။

Ning Tang ဆီ အစ်မ Lou က အသီးအရွက်တွေယူလာပေးသည့် အဖြစ်အပျက်တစ်ခုလုံးကို
Ning Xue က မြင်လိုက်လေသည်။ အထူးသဖြင့်
Ning Tang ဆီ အစ်မ Lou က အသီးအရွက်တွေယူလာပေးသည့် အဖြစ်အပျက်ကိုပဲ ဖြစ်သည်။
Ning Xue က အထူးသဖြင့် စိတ်ညစ်စရာ ကောင်းတယ်လို့ တွေးနေလေသည်။

Shangang ရွာမှာတုန်းက Ning Tang ရဲ့
ကျော်ကြားမှုက သူမထက် မကောင်းနေဘူး။
Hailang ကျွန်းကို ရောက်တဲ့အခါကျမှ သူမက ဘယ်လိုလုပ် သူငယ်ချင်း အရင်ရသွားတာလဲ?

Ning Xue က နည်းနည်း အဆင်မပြေသလိုခံစားလိုက်ရပြီး Shen မိသားစုရဲ့ ဂိတ်ကို ပြင်းထန်စွာ
စိုက်ကြည့်နေပြီး အပေါက်ဖောက်သွားပါစေလို့ မျှော်လင့်နေလေသည်။

နေ့လယ်ခင်း Shen Lie  အိမ်ပြန်လာသည့်အချိန်
သူက စားပွဲပေါ်က အသီးအရွက်ခြင်းကို တွေ့လိုက်ရလေသည်။
Shen Lie က ခရမ်းသီးကို ကောက်ကိုင်လိုက်ပြီး Ning Tang ကို မေးလိုက်‌သည်။
" မင်း ဒီခရမ်းသီးကို ၀ယ်ထားတာလား?"
" မဟုတ်ဘူး"Ning Tang က ပြောလိုက်သည်။
" အစ်မ Lou က ကျွန်မကို ပေးထားတာ။ သူမက ပြောသေးတယ် ကျွန်မ လိုချင်တာရှိရင် အိမ်လာပြီး ခူးလို့ပြောတယ်"

Shen Lie က အစ်မ Lou က သူမရဲ့ခြံ၀န်းထဲမှာ
အသီးအရွက် ဥယျာဉ် စိုက်ပျိုးထားတာကို သိတယ်
ဒါပေမယ့် သူမက အမြဲတမ်း သူမရဲ့ အသီးအရွက်တွေကို တန်ဖိုးထားတယ်။ အရင်တုန်းက ကလေးတွေက သူမရဲ့အိမ်ကနေ သခွားသီးအနည်းငယ် ခိုးခူးတုန်းက သူမက သူတို့ကို တစ်နာရီလောက် ဆူလိုက်သေးတယ်။

သူမက Ning Tang ကို ကြိုက်သလို ခူးခိုင်းမယ်ဆိုတာကို သူ မထင်ထားဘူး။ ကြည့်ရတာတော့ Ning Tang က တကယ်ကြီး အစ်မ Lou ရဲ့ 
သဘောကျတာ  ခံရ‌အောင် လုပ်နိုင်သွားတာပဲ။

Shen Lie က Ning Tang ကို အလေးအနက်ကြည့်နေတာက Ning Tang ကို နည်းနည်းတော့ အဆင်မပြေစေဘူး။
" ရှင် ဘာလို့ ကျွန်မကို ဒီလို ကြည့်နေတာလဲ?"
" ကိုယ်က မင်း ကျွန်းပေါ်မှာ ကိုယ့်ဘာသာကိုယ်တောင် မရပ်တည်နိုင်ဘူးလို့ ထင်ခဲ့တာ"
Shen Lie က ခေါင်းရမ်းလိုက်ပြီး
" ဒီအသွင်အပြင်ကြောင့် လှည့်စားခံရမယ်လို့ ကိုယ်မထင်ထားခဲ့ဘူး"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now