CHAPTER 20.1.2.3

304 43 0
                                    

Ning Tang က ပြန်ဖြေလိုက်သည်။
" ကောင်းပါပြီ"
သူမက အစ်မLou ရဲ့နည်းလမ်းကို အတုယူပေမယ့်
သူမ ဘယ်လိုပဲကြိုးစားကြိုးစား အစ်မ Lou လုပ်သလို အလွယ်တကူ ပင်လယ်ခရုတွေကို ယူလို့မရဘူး ဖြစ်နေတယ်။

အဲ့ဒါက သူမရဲ့ဘေးမှာ ရှိတဲ့ အစ်မ Lou ကို ရယ်မိသွားစေပြီး
" Xiao Ning ၊ ပင်လယ်ခရုကောက်တာကလည်း
ကျွမ်းကျင်မှုလိုအပ်တယ် စစ်တိုက်သလိုမျိုး၊ ပြင်ဆင်မထားတဲ့အချိန်မှာ မင်း တိုက်ခိုက်ဖို့ လိုတယ်"

Ning Tang က ရှုပ်ထွေးသွားပြီး
" ပြင်ဆင်မထားတဲ့အချိန်မှာ မင်း တိုက်ခိုက်ဖို့ လိုတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ?"

အစ်မ Lou က ရှင်းပြလိုက်သည်။
" ပင်လယ်ခရုတွေက ပင်လယ်ရေတွေနဲ့ ဆေးကြောသွားမှာကို ကြောက်ရွံကြတယ် ဒါကြောင့် သူတို့က
သူတို့ကိုသူတို့ ကျောက်တုံးတွေနဲ့ တင်းတင်းကြပ်ကြပ်တွယ်ကပ်ထားတယ်။ သူတို့ကို ဖမ်းယူဖို့ သူတို့သတိမထားမိနေတဲ့အချိန်မှာ ယူဖို့လိုတယ်။ မင်း ပထမဆုံးအကြိမ် လွဲသွားရင် သူတို့က ပိုပြီး တွယ်ကပ်နေလိမ့်မယ်။

ဒါဆို ဒါက ဒီလိုပေါ့။ အစ်မ Lou က ရှင်းပြပြီးတဲ့အချိန် Ning Tang က ပင်လယ်ခရုအကြီးတစ်ချို့ကို အာရုံစိုက်ပြီး သူမရဲ့ မီးညှပ်တွေနဲ့ ဖမ်းလိုက်လေသည်။ မျှော်လင့်ထားသလိုပဲ သူမက အလွယ်တကူ သူတို့ကို ဖမ်းမိသွားလေသည်။

ပင်လယ်ခရုတွေကို ရိတ်သိမ်းတာက အရမ်း စိတ်၀င်စားဖို့ကောင်းတယ်! အဲ့ဒါက ဇဝနဉာဏ်၊ ကျွမ်းကျင်မှုနဲ့
ပင်လယ်တ္တဝါတွေနဲ့ ယှဉ်ပြိုင်တဲ့ တိုက်ပွဲလိုပဲ။

Ning Tang က ပျော်ရွှင်စွာ ပင်လယ်ခရုတွေကို
ရိတ်သိမ်းပြီး အမြန် ပုံးတစ်၀က် ရိတ်သိမ်း လိုက်လေသည်။
ရိတ်သိမ်းနေတဲ့အချိန်မှာပဲ သူမက ကလေးသုံးယောက်ကို စောင့်ကြည့်နေသေးသည်။

ဖြစ်နိုင်တာက
" နောက်တစ်ကြိမ် ငါမင်းတို့ကို ပင်လယ်စာကောက်ဖို့ မခေါ်လာတော့ဘူး" ဒီစကားလုံးတွေက ကလေးသုံးယောက်ကို လန့်သွားစေတယ်ထင်တယ် ဒါကြောင့် သူတို့က Ning Tang မှတ်ပေးထားတဲ့ ဧရိယာထဲမှာပဲ နာခံစွာနေနေပြီး လျှောက်ပတ်မပြေးနေဘူး။
ကလေးလက်ဖဝါးစာလောက်ရှိတဲ့ ပင်လယ်ခရုက ကျောက်တုံးအက်ကြောင်းမှာ တွယ်ကပ်နေလေသည်။ အဲ့ဒါက မီးညှပ်နဲ့ ယူဖို့ ခက်လေသည် ဒါကြောင့် Ning Tang က လှမ်းပြီး ယူလိုက်ဖို့ ပြင်လိုက်လေသည်။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now