CHAPTER 5

409 44 0
                                    

မိသားစုနှစ်စုလုံးရဲ့ လက်ထပ်ပွဲကို အခြေချခဲ့ပြီးတာတောင်မှ Shen Lie နဲ့ Su Junyan က ရွာကို လာသည့်အချိန် စစ်တပ်ထဲမှာ သူတို့က ခွင့် သုံး‌ရက်ပဲ ယူလာခဲ့တာဖြစ်သည်။လက်ထပ်ပွဲကို အတည်ပြုပြီးနောက် သူတို့ရဲ့သက်ဆိုင်သည့် ယူနစ် ကို ပြန်ပြီးတော့ အိမ်ထောင်ရေးအစီရင်ခံစာ ကို အတည်ပြုဖို့လိုသည်။
မေလ ၇ ရက်ရဲ့မနက်ခင်းမှာ Shen Lie နဲ့ Su Junyan ဟာ သူတို့ရဲ့ ယူနစ်ကို ပြန်သွားလေသည်။
ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ အိမ်ထောင်ရေးအစီရင်ခံစာကို အတည်ပြုခဲ့သည်။ Shen Lie နဲ့ Su Junyan က Shangang ရွာကို တရားဝင်လက်ထပ်ဖို့အတွက် လာခဲ့လေသည်။
Su Junyan နဲ့ Shen Lie နှစ်ယောက်လုံးက
နောက်တစ်ကြိမ် လက်ထပ်တာနဲ့အတူ သူတို့က ပွဲကိုဘအကြီးကြီး မဖြစ်‌စေချင်ဘူး။ ဒါကြောင့် သူတို့က ရိုးရှင်းသည့်မိသားစု ညစာစားပွဲပဲ လုပ်ခဲ့သည်။
Ning Weiguo နဲ့ Su Aijun မှာ သမီးဆိုလို့ Ning Tang တစ်ယောက်ပဲရှိတော့ သူတို့က အများကြီး အားစိုက်ပြီးတော့ ပိုက်ဆံတွေကို အသက်၀င်သည့် လက်ထပ်ပွဲဖြစ်အောင် ရွာသားတွေကို ဖိတ်ပြီးတော့ တစ်ရက်လုံး စားသောက်ပွဲကို စီစဉ်လေသည်။
ဇွန်လ ၈ ရက် ၊ Shen Lie နဲ့ Su Junyan တို့က Ning Tang နဲ့ Ning Xue ကို Hailang ကျွန်းမှာရှိသည့် စစ်တပ်နယ်မြေထဲသို့ ခေါ်သွားတော့မည် ဖြစ်သည်။
Shangang ရွှာရဲ့ အစဉ်အလာအရ တစ်ယောက်ယောက်ရဲ့သမီးကို လက်ထပ်ပြီးရင်
တင်တောင်းငွေကို ထပ်ပေးဖို့အတွက် သတို့သားက သူ့သတို့သမီးအသစ် အတွက် အ၀တ်အစားအသစ်နှစ်စုံ ၀ယ်ပေးရသည်။
အဲ့တာက မိသားစုတစ်ခုချင်းစီရဲ့ ငွေကြေး အခြေအနေပေါ်မူတည်လေသည်။ သူတို့က ချမ်းသာခဲ့ရင် အ၀တ်အစားနှစ်စုံကို ၀ယ်တာက
လူတိုင်းကို မနာလို ဖြစ်စေသည်။သူတို့က မချမ်းသာခဲ့ရင် သူတို့က လက်ကိုင်ပဝါပဲ ၀ယ်နိုင်ပြီးတော့ ဘယ်သူကမှ ဘာမှမပြောပါဘူး။အရင်တုန်းက Shen Lie နဲ့ Su Junyan လာတုန်းက သူတို့က အမြန်လိုနေခဲ့ပြီး သူတို့အတူ ယူလာခဲ့သည့် တင်တောင်းငွေက လွဲရင် သူတို့က ဘာမှမ၀ယ်ခဲ့ရဘူး။ဒါကြောင့် ဒီအချိန်မှာ သူတို့လက်ထပ်ပြီးချိန် အဲ့တာတွေကို လုပ်ဖို့လိုတယ်။
ဒါကြောင့် သူတို့မထွက်ခွာခင် တစ်ရက်အလိုမှာ
Shen Lie နဲ့ Su Junyan က Ning Tang နဲ့ Ning Xue ကို မြို့ပေါ်က ကုန်တိုက် ကို ခေါ်သွားခဲ့သည်။
Shangang ရွာ ကနေ မြို့ကို သွားဖို့ သူတို့
အကွေ့အကောက် တောင်ပေါ်လမ်း ကို ဖြတ်သွားဖို့လိုလေသည်။သူတို့က ရွာကနေ မြည်းလှည်းငှားပြီး
၇ခါ ဒါမှမဟုတ် ၈ခါလောက် လှည့်ပတ်ပြီး
နှစ်နာရီခရီးပြီးမှ သူတို့က နောက်ဆုံးတော့ရောက်လေသည်။
သူတို့က မြို့ပေါ် ရောက်သည့်အချိန်၊သူတို့က ကုန်တိုက်ကို တည့်တည့်မတ်မတ် သွားလေသည်။
သူတို့က ကွဲပြားတာတွေ ၀ယ်ဖို့လိုသည့်အတွက်
Shen Lie နဲ့ Ning Tang က အတူသွားသည့်အချိန် Su Junyan နဲ့ Ning Xue ကလည်း အတူသွားလေသည်။
Su Junyan ဟာ Ning Xue ကို အသင့်၀တ် အ၀တ်အစားတွေနဲ့ ပိတ်စတွေ ရောင်းသည့်ဘက်ကို ခေါ်သွားလေသည်။သူက ကောင်တာဘက်ကို ကြည့်ပြီးတော့ Ning Xue ကို ပြုံးပြကာ
"ကိုယ် ပိတ်စ ကူပွန်တွေကို အများကြီးယူလာတယ်၊ မင်းကြိုက်တာမှန်သမျှ အကုန်၀ယ်နော်။ မင်းက ကြည့်ကောင်းတော့ လှပတဲ့ အ၀တ်အစားတွေက မင်းနဲ့မှ လိုက်တာ။ အနည်းငယ်ပို၀ယ်လိုက် မင်း၀တ်ဖို့အတွက်"
Su Junyan က ခန့်ညားတယ်၊စကားပြောကောင်းတယ် ပြီးတော့ စေတနာကောင်းတယ် ။ ဒါကြောင့် ကောင်တာက အမျိုးသမီးအရောင်း၀န်ထမ်းက Ning Xue ကို မနာလိုစွာ ကြည့်နေသည်။
Ning Xue က ရေးတေးတေး ပြုံးပြီး လူအုပ်ထဲက မနာလိုမှုတွေကို သိမ်းလိုက်လေသည်။
" ကျွန်မမှာ ၀တ်ဖို့အ၀တ်အစားလုံလောက်ပါတယ်။
ကျွန်မအမေက ကျွန်မကို အ၀တ်အစားသစ်နှစ်စုံကို မင်္ဂလာဆောင် အတွက် လုပ်ပေးထားတယ်။ပြီး‌တော့ အဲ့ဒါက အရမ်းစတိုင်ကျတယ်။"
စကားပြောပြီးသည့်အခါမှာ သူမက ကောင်တာကို တည့်တည့်သွားပြီးတော့ သေးငယ်သည့်
ရေပြာ‌ရောင် အင်္ကျီလေးကို ကောက်ကိုင်လိုက်သည်။
သေချာတာက အသင့်ချုပ် ကလေးအ၀တ်အစားအထည် ဖြစ်လေသည်။ သူမ လက်ဟန်ဖြင့်
" ရှင့်မှာ အသက်၇ နှစ်ပဲရှိသေးတဲ့ ကလေးနှစ်ယောက်ရှိတယ် ပြီးတော့ သူတို့က ဆက်လက် ဖွံ့ဖြိုးနေတာ။ ဒါကြောင့် ကျွန်မစိုးရိမ်နေတာက  အ၀တ်အစားတွေက သူတို့အတွက် သေးနေမှာကို
သူတို့အတွက် အ၀တ်အစား၀ယ်ဖို့ ဒီကူပွန်တွေကို သုံးလိုက်ပါ။ ဒါတွေကို ကျွန်မက မလိုအပ်ဘူး။"
Ning Xue က ပြောလာသည့်အတွက် Su Junyan က နောက်ပြန်ဆုတ်မိတယ်။သူ မထင်ထားမိဘူး၊ သူတို့က သူမအတွက် အ၀တ်အစား၀ယ်‌ပေးဖို့ လာတာကို ဒါပေမယ့် သူမက အိမ်မှာရှိသည့်ကလေးတွေ အကြောင်းကို စဉ်းစားမိသွားတာနဲ့ အဆုံးသတ်သွားတယ်။ သူ့ကလေးတွေကို ဂရုစိုက်သည့် မိထွေးဖြစ်သည့် သူမရဲ့ ဆင်ခြင်ဉာဏ်ကို သူက ခံစားမိသွားတယ်။
သူက နူးညံ့စွာပြောလိုက်သည်။
" ဒါက မင်းပေါ်မူတည်တယ်"
Ning Xue က Su Junyan ရဲ့ အမွှာသားလေးတွေအတွက် အထည် လေးစကို ရွေးလိုက်လေသည်။
ပြီးတော့ သူမရဲ့မျက်လုံးတွေကို ယောင်္ကျားလေး အတွင်း၀တ်အင်္ကျီ က ဖမ်းစားသွားသည်။သူမက အဲ့ဒါကို ယူလိုက်ပြီး Su Junyan ကို ပြောလိုက်လေသည်။
" ကျွန်မရှင့်အတွက်ပါ အတွင်း၀တ် အင်္ကျီ ကို ၀ယ်ပေးမယ်။ကျွန်မ ကြားတာက Hailang ကျွန်းမှာ
က ပူတယ်တဲ့ ပြီးတော့ အတွင်း၀တ် အင်္ကျီက
အသက်ရှူချောင်ပြီး သက်တောင့်သက်သာရှိတယ်။"
Ning Xue ရဲ့ အတွေးတွေကို Su Junyan က
အထူးကျေးဇူးတင်တယ် ဒါပေမယ့် ကလေးတွေအတွက် အ၀တ်လေးစ ၀ယ်ပြီးသည့်အခါ သူ့ရဲ့ ပိတ်စ ကူပွန်တွေ အများစုတွေကို သုံးပြီးနေပြီး ဖြစ်သည်။ သို့ပေမယ့် စောစောက Su Junyan က Ning Xue ကို သူမကြိုက်တာမှန်သမျှ ၀ယ်လို့ပြောခဲ့တာက သူက ဖြီးနေခဲ့ရုံပါပဲ။
သူက အထစ်ထစ်နဲ့ " စစ်တပ်ထဲမှာ ဒီအတွင်း၀တ် အင်္ကျီ ....ကို သူတို့က ကိုယ်တို့၀တ်ဖို့ လေ့ကျင့်၀တ်စုံကို ထုတ်ပေးတယ်။"
Ning Xue က လိမ္မာ ပါးနပ်သည့်တဲ့လူ ဖြစ်သည်။Ning Xue က
Su Junyan ရဲ့ တွန့်ဆုတ်နေသည့် စကားကနေ
ပြောနိုင်တယ် ပြီးတော့ အိပ်ကပ်ကို စစ်နေသည့်
သူ့ရဲ့ အပြောအဆို လှုပ်ရှားမှုတွေကနေ သူ့ရဲ့ ပိတ်စ ကူပွန်တွေက ကုန်တော့မယ် ဆိုတာကို သိနိုင်သည်။
ဒါကြောင့် Su Junyan ရဲ့ စကားမဆုံးခင်
Ning Xue က ဖြတ်ပြောလိုက်ပြီး ပြောလိုက်သည်။
"Junyan အဲ့တာက အဆင်ပြေပါတယ်။ ကျွန်မမှာ ကူပွန်တွေရှိတယ်။ကျွန်မ ရှင့်အတွက် ၀ယ်ပေးမယ် "
Su Junyan က တွန့်ဆုတ်ပြီး ပြောလိုက်သည်။
" မင်းရဲ့ ကူပွန်ကိုသုံးဖို့ မကောင်းပါဘူး။ ကိုယ်မှတ်မိတယ် ကိုယ့်ရဲ့ ယောက္ခမ ပြောတာက ဒီကူပွန်တွေကို black market ကနေ ဈေးကြီးပေးပြီး ၀ယ်လာတာဆို။ မင်းအဲ့တာတွေကို မင်းအတွက်စောင် လုပ်ဖို့ သိမ်းထားသင့်တယ်"
Ning Xue က နှုတ်ခမ်းစူပြီး သူ့ကို ကြည့်လိုက်သည်။
" ဘာကို ပြောနေတာလဲ။ကျွန်မတို့က မိသားစု ဖြစ်နေပြီ။ကျွန်မတို့က ရှင့်ဟာသုံးသုံး ကျွန်မဟာသုံးသုံး အဲ့ဒါက အတူတူပါပဲ။မှန်တယ်မလား"
နဂိုကတည်းက Ning Xue မှာ အံ့မခန်း အလှရှိသည်။သူမက သူ့ကို အဲ့သည်လို အကြည့်နဲ့ ကြည့်တော့ Su Junyan က သူ့ ခန္ဓာကိုယ်တစ်ခုလုံး မှာ နှစ်သိမ့်မှုလှိုင်းက  ဖြတ်သွားလေသည်။သူက ပျော်ရွှင်စွာ သဘောတူလိုက်သည်။
" ကောင်းပြီ ဒါဆို ဒါကို မင်းအတွက်ထားလိုက်မယ်။"
ရှပ်အင်္ကျီတွေကို ၀ယ်ပြီးတော့ Su Junyan က
အထုပ်ကြီး၊အထုပ်ငယ်တွေကို သယ်ပြီးတော့
သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ်
" ဒီလို ဇနီးမျိုးနဲ့သာဆိုရင် ခင်ပွန်းက ဘာကို ထပ်‌ပြော နိုင်မှာလဲ"
အဲ့ဒီအချိန် အခြားနေရာမှာတော့ Shen Lie နဲ့ Ning Tang က ဖိနပ်ဆိုင်မှာ ရောက်နေခဲ့သည်။
Shen Lie က သူမကို  သူမအတွက်
ပစ္စည်းတွေကို ၀ယ်ဖို့ ကုန်တိုက်ကို ခေါ်လာခဲ့လေသည်။ပြီးတော့ ဆိုင်ကိုတည့်တည့်မတ်မတ်သွား‌တာကို Ning Tang မှာ ငြင်းဖို့ အရည်အချင်းမရှိဘူး။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now