CHAPTER 15.2

302 36 1
                                    

Chapter 15.2
Dawa က မနက်ဖြန်အထိ မစောင့်နိုင်ဘူး၊ တရုတ်ဆီးသီး ရဲ့ ချိုပြီးမွေးတဲ့အရသာက သူတို့ရဲ့ ပါးစပ်ထဲမှာစွဲကျန်နေပြီး သူတို့က အရမ်းသွေးဆောင်ခံနေရသည်။ ဒါကြောင့် ညစာစားပြီးနောက် ချက်ချင်း လာခဲ့တာ ဖြစ်သည်။

Shen Lie က Dawa ရဲ့အကြည့်အတိုင်းလိုက်ပြီး ဗီရိုပေါ်က တရုတ်ဆီးသီး တွေကို ကြည့်လိုက်သည်။
သူက သူ့ယောက္ခမ Su Aijun က Ning Tang သူမကို မထွက်ခွာခင်မှာ အဲ့ဒါတွေ ပေးလိုက်တာကို မှတ်မိသွားလေသည်။
" မင်း ငါ့ကို ပန်းကန်ဆေးတာက ကူညီပေးလို့ရတယ် ဒါပေမယ့် တရုတ်ဆီးသီး တွေက မင်းမိထွေး ပိုင်တာ။ မင်း အဲ့ဒါ စားချင်ရင် သူမကို မင်းဘာသာမင်း သွားပြော"
" အာ..."
အဲ့ဒါကို ကြားသည့်အခါ Dawa က စိတ်ပျက်စွာခေါင်းငုံ့သွားလေသည်။

" မင်းတို့ အဖေကိုပန်းကန်ဆေးတာ ကူညီပေးရင် ငါ မင်းတို့ကို တရုတ်ဆီးသီး တစ်ခုစီ ပေးမယ်"
Ning Tang က ၀င်ပြောလိုက်လေသည်။

" တကယ်လား?"
Erniu က တက်ကြွစွာ မေးလိုက်သည်။
" တကယ်" Ning Tang က ပြောလိုက်သည်။
" ငါ မင်းတို့ သုံးယောက်ကို လိမ်ဖူးလို့လား? နေ့ခင်းတုန်းကတောင်မှ ငါ မင်းတို့ကို တရုတ်ဆီးသီး တွေ မပေးဘူးလား?"

Dawa က အဲ့ဒါ မှန်တယ်လို့ တွေးလိုက်လေသည်။ သူက အမြန်ပန်းကန်တွေကို ယူလိုက်ပြီး
ပြောလိုက်သည်။
" ဖေဖေ သား ပန်းကန်တွေ ကူဆေးပေးမယ်။ မိထွေး သားတို့ကို တရုတ်ဆီးသီး တွေပေးဖို့ မမေ့နဲ့နော်"

Shen Lie က မတုံ့ပြန်နိုင်သေးခင်မှာပဲ သူ့လက်ထဲမှာ ဘာမှ မရှိတော့ဘူး။
သူက Ning Tang ကို မေးလိုက်သည်။
"  မင်း ဒီနေ့ နေ့လယ်တုန်းက သူတို့ကို ပန်းကန်ဆေးခိုင်းတာလား?"

Ning Tang က သူကို ဖုံးကွယ်ဖို့ အစီအစဉ်မရှိဘဲနဲ့ ပြောလိုက်သည်။
" ဟုတ်တယ် ကျွန်မ သူတို့နဲ့ သဘောတူညီချက်လုပ်ထားတယ်။ သူတို့က ကျွန်မကို ပန်းကန်ဆေးဖို့ တစ်ခါ ကူညီရင် ကျွန်မက သူတို့တစ်ယောက်ချင်းစီကို တရုတ်ဆီးသီး တစ်ခုပေးမယ်လို့။ ရှင် ကျွန်မကို။စိတ်ဆိုးလား?"

Shen Lie က ပြုံးလိုက်ပြီး
" ကိုယ် ဘာလို့ မင်းကို စိတ်ဆိုးရမှာလဲ?"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now