ဒီဇာတ်လမ်းလေးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါနော် ။*********
ဂျူတီချိန်ပြီးပြီဖြစ်သော်လည်း ဒေါက်တာ
အိမ်ပြန်ချင်စိတ်မရှိပေ ။ အိမ်ရောက်လို့
ဟိုကောင်လေး မျက်နှာ မြင်သည်နှင့်
ပြောသင့် မပြောသင့်မစဥ်းစားပဲ စကားလုံးကြမ်းကြမ်းတွေပြောမိနေမှာမို့ အတတ်နိုင်ဆုံး သူ့မျက်နှာ မမြင်ရအောင် နေမည်ဟု ဆုံးဖြတ်ထားလေသည်။ဆေးရုံ၏ အပေါ်ဆုံးထပ်မှ ကော်ရစ်တာတွင် ရပ်နေပြီး စီးကရက်တစ်လိပ်ကို
ခပ်ပြင်းပြင်း ရှိုက်ဖွာနေမိ၏ ။အောက်ဆုံးသို့ ငုံ့ကြည့်နေပေမယ့်
ထိုကောင်လေးနှင့် စတွေ့ခဲ့သော ပုံရိပ်ကလေးများကသာ ဒေါက်တာ မျက်လုံးထဲတွင် ဖျက်ခနဲ ..ဖျက်ခနဲ ပြေးလွှားနေတော့သည်။ထိုကောင်လေးနဲ့ စပြီး တွေ့သည့်နေကပေါ့
စတစ်ကော်လံရှပ်လက်ရှည် ၊ နီညိုရောင် ပုဆိုးကွက်စိပ်လေးနှင့် ပိန်ပါးပါး ကောင်လေးတစ်ယောက် လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး လမ်းကူးဖို့ ပြင်နေသည့်ဟန်ဆိုပေ
မယ့် လမ်းကြောရှင်းနေသည်ကို လမ်းဖြတ်
မကူးပဲ ခေါင်းကို ငုံ့ကာ တစ်ခုခုကို တွေးတောနေပုံ ။ခေါင်းငုံ့ထားရာကနေ ထိုကောင်လေးက
ခပ်လှမ်းလှမ်းမှ အရှိန်နှင့် မောင်းလာသောကားလေးကို မြင်တော့ တုန့်ဆိုင်းနေသော ကောင်လေးခြေထောက်များက လှုပ်ရှားလာသည်။ဒေါက်တာ ဤအခြေအနေကို သဘောပေါက်လိုက်သည်။ ဘာမှ စဥ်းစားမနေတော့ပဲ ပြေးကာ ထိုကောင်လေးကို ခါးမှ ပွေ့ဖက်လိုက်သည်။ အခြေနေက ရုတ်တရက်မို့ အရှိန်မထိန်းနိုင်စွာ လမ်းဘေးက မြက်ခင်းပေါ်ကို နှစ်ယောက်သား ထပ်လျက်သား လဲကျသွားရသည်။
ဒေါက်တာမှာ အရှိန်နှင့် ကျသွားသည်မို့
အင့် ကနဲပင် အသံထွက်မိသည်။သူ့ရင်ခွင်ထဲက ကောင်လေးကတော့
မင်သက်စွာ သူ့အားကြည့်လာသည်။
ထိုအကြည့်က သူ့အဖြစ်ကို သူမယုံနိုင်သည့်
အကြည့် ။နက်မှောင်နေသော ဆံပင်အလယ်ကွဲလေးက နားရွက်ထိပ်ကလေးနဲ့ပင် ထိလုမတက် ၊ အရည်ရွန်းနေသည့် မျက်လုံး ဝိုင်းလေးများ ၊ ချွန်းနေသည့် နှာတံနှင့် ရဲနေသည့် ကကြီးပုံ နှုတ်ခမ်းလေး လှသည် ၊ ထင်တာထက်
ဖြူစွတ်နေသည့် အသားရေ နဲ့ မျက်နှာ သွယ်သွယ် ထိုကောင်လေးက မိန်းကလေးလိုပင်လှ၏ ။
YOU ARE READING
" Tripartite Love " Season 1 + 2
Romance"ဇာတ်လမ်းအကျဥ်း" ဒေါက်တာသျှားညိုမင်းသွင် ကလေးအထူးကုဆရာဝန်ကြီး ( Child Specialist ) နှင့် တစ်ပွင့်ပန် ဆိုသည့် အမျိုးသမီးတို့ လက်ထပ်မည့်စဲစဲတွင်မှ နန်းရွှေဆိုင်စံအိမ်တော်ရဲ့ သခင်လေးဖြစ်သူ ရွေသွေးနန်းဆိုင်က ဒေါက်တာကိုအပိုင် သိမ်းယူလိုက်ခြင်းကနေ ဇာတ...