Chapter - 45

2.6K 97 6
                                    


အိပ်ယာပေါ်သို့ ပုခုံးမှ ကိုင်ကာ တွန်းချလိုက်သည်နှင့် မောင်ကောင်း တစ်ယောက် ကမ္ဘာကြီးနဲ့ အဆက်ပြတ်သွားလေပြီ ။

ထို့နောက် ကြိုးဖုန်းဖြင့် နံပါတ်တစ်ခုကို ကမန်းကတမ်း ရိုက်နှိပ်လို့ တအောင့်အကြာတွင်

" ဟဲလို... ပန် ၊ ပထအဆင့်တော့ Mission အောင်မြင်တယ် "

" × × × × × × "

" အေး...ငါလာခေါ်မယ် "

သူ့၏ မောင်ဖြစ်သူ အခြေအနေကို တစ်ချက်ကြည့်လို့ အခန်းထဲမှ ထွက်ခဲ့လိုက်တော့သည်။

—————————————

ဆု တစ်ယောက် မောင်ကောင်းဖုန်းကို ဆက်နေသည့်တိုင် ဖုန်းက စက်ပိတ်ထားပါသည် တဲ့ ။

လွန်ခဲ့တဲ့ နာရီပိုင်းအထိကို သူမနှင့် ဖုန်းပြောနေခဲ့သေးတာကို

' ဖုန်းအားမရှိလို့လား ဒါမှမဟုတ် ကားမောင်းနေရင်းမို့ စက်ပိတ်သွားသလား ။ မောင့်အိမ်က သိများသွားလို့လား'

တီး...တောင်!

အမေ့!

လူခေါ်ဘဲလ် မြည်သံကြောင့် အတွေးများနေသည့် ဆုတစ်ယောက် ထိတ်လန့်သွားရသည်။

" မောင် လာပြီထင်တယ် "

ဝမ်းသာအားရနှင့်သာ အပြေးကလေး တံခါးဖွင့်လိုက်ပေမယ့်

" ဟင်! မမနွယ် "

" ဧည့်သည်တွေကို အိမ်ထဲခေါ်အုံးလေ "

နွယ်နီနဲ့ ပါလာသူ ပန့်ကို ဆု မသိချေ။ တုန်ယင်နေသည့် စိတ်တို့ကို အတတ်နိုင်ဆုံးထိန်းလို့သာ အိမ်ထဲ ဝင်၍ ထိုင်စေ၏ ။

" ဟဲ့.. နွယ်နီ ရုပ်ကလေးကတော့ တော်တော်ချောတာနော် မင်းသမီးရှုံးတယ် "

" အေး အဲ့ဒီရုပ်ရည်နဲ့ပဲ ယောကျာ်းတကာကို မြူဆွယ်နေတာပေါ့ "

တီးတိုးပြောနေပေမယ့် ဆု အတိုင်းသား ကြားရပါသည်။

" နွယ်နီ ဟိုက ဘာပြောမလဲ စောင့်နေတာ လာရင်း ကိစ္စကို ပြောလိုက်ကြရအောင် "

ပန်အပြောကြောင့် မျက်လွှာချထားသည့် ဆုလင်းကို စုန်ဆန်ကြည့်လို့

" Tripartite Love " Season 1 + 2Where stories live. Discover now