PE ( ကိုယ်ဝန်ဆိပ်တက်) လက္ခဏာနှင့် ရောက်လာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို အရေးပေါ် ခွဲစိတ်ရမည်ဖြစ်သဖြင့် ပန်နှင့် အတူ ကလေးအထူးကုဖြစ်
သည့် ဒေါက်တာကပါ ခွဲခန်းသို့ ဝင်ဖို့ဖြစ်လာရသည်။သူဖြစ်နိုင်လျှင် ရွှေသွေးအနားမှ တစ်ဖဝါးမှ
မခွာလိုပေ ။ သို့ပေမယ့် Emergency caseမို့ မရှောင်လွှဲနိုင်သည့်အဆုံးမို့ ခွဲခန်းဝင်ရပေအုံးမည်။ပန်တစ်ယောက်ကတော့ ဒေါက်တာနှင့်အတူ OT ဝင်ရသဖြင့် ကျေနပ်လို့နေ၏ ။
" သျှား..လူနာ BP ( 150/100) ရှိတယ် G3ကိုမှ အခုကလေး ကိုယ်ဝန်ဆောင်ကျမှ Hypertension ဝင်တာတဲ့ "
" အင်း.."
ပန်က စကားရှာ၍ပြောနေသည့်တိုင် ဒေါက်တာဆီမှ အင်း ဟုသာ ထွက်လာလေသည်။
Assist ဝင်ပေးရသည့် ဆရာ ဆရာမများကလည်း ဒေါက်တာရဲ့ မျက်နှာထားတည်မှုကြောင့် ဘာတစ်ခွန်းမှ အသံမထွက်ကြပေ။ ဒေါက်တာက သူလုပ်စရာ ရှိတာကိုသာ လုပ်လို့နေ၏ ။
တအောင့်အကြာတွင်တော့ ကလေးငိုသံလေး စကြားရလေပြီ ။
" အငဲ...အငဲ...ဝဲ..ဝဲ.."
ငိုသံစာစာလေးက ခွဲခန်းတစ်ခုလုံးကို ချိုမြိန်စေသည်။ ကလေးက အမေ့ဗိုက်ထဲမှ ထွက်ထွက်ချင်း ငိုမှ ကျန်းမာသည်မဟုတ်လား။
ဒေါက်တာက Cord clip ဖြင့် ကလေးချက်ကြိုးကို ညှပ်လို့ အမေ နှင့် ကလေး ချက်ကို သွယ်တန်းနေသည့် ချက်ကြိုးကလေးကို ဖြတ်ပြီးသည်နောက် လူနာနာမည်ကို ခေါ်လျက် ကလေးမျက်နှာလေးကို မြင်သာအောင် အနီးကပ်ပြလို့နေသည်။
" ကလေးက ကျန်းကျန်းမာမာပဲဗျ ခြေလက် အင်္ဂါလဲ စုံတယ် "
ဒေါက်တာအပြောကြောင့် ကလေးအမေမှာ ကျေနပ်အပြုံးများ ဝေဆာနေတော့သည်။
ထို့နောက် ဒေါက်တာက ဆရာမတွေဆီ ကလေးကို လက်လွှဲပေးလို့ လိုအပ်သည်များကို ညွှန်ကြားရင်း ခွဲခန်းမှ ထွက်လာခဲ့လိုက်တော့သည်။
ပန် တားချင်ပေမယ်လို့ မတားလိုက်နိုင်ပေ ။
တကယ်ကို စိတ်အာရုံများက ထိုကောင်လေးဆီကိုသာ ရောက်နေသည်မှာ ထင်ရှားလို့နေ၏ ။
YOU ARE READING
" Tripartite Love " Season 1 + 2
Romance"ဇာတ်လမ်းအကျဥ်း" ဒေါက်တာသျှားညိုမင်းသွင် ကလေးအထူးကုဆရာဝန်ကြီး ( Child Specialist ) နှင့် တစ်ပွင့်ပန် ဆိုသည့် အမျိုးသမီးတို့ လက်ထပ်မည့်စဲစဲတွင်မှ နန်းရွှေဆိုင်စံအိမ်တော်ရဲ့ သခင်လေးဖြစ်သူ ရွေသွေးနန်းဆိုင်က ဒေါက်တာကိုအပိုင် သိမ်းယူလိုက်ခြင်းကနေ ဇာတ...