ဒေါက်တာတို့အဖွဲ့ အင်းတပတ်တွင် volunteer များ စုဖွဲ့၍ သင်တန်းများ ပို့ချပေးလို့နေသည်။
မနက်ကတည်းက ယုန်ပေါက်လေးကို ပင်ပန်းမှာစိုးသဖြင့် အိမ်တွင် ထားခဲ့ရပေမယ့် ဒေါက်တာ နဲနဲမှစိတ်မချချေ ထို့ကြောင့်သာ တနေ့တာ တာဝန်ပြီးစီးလေတော့ အိမ်ကိုသာ သုတ်ချေတင်ရလေပြီ ။
အရိပ်အာဝါသမရှိသည့် နေပူပြင်းနေသော အိမ်သာ ရှေ့တွင် ရပ်နေသော တီရှပ်အဝါ လက်တိုနှင့် ပုဆိုး အနက်ကွက်စိပ်ကလေးကို သန့်ပြန့်စွာ ဝတ်ဆင်ထားသည့် ထိုကောင်လေးကို မြင်လိုက်ရသည်နှင့်
" ရွှေသွေး..ဘာရပ်လုပ်နေတာလဲ နေက ပူပူနဲ့ကွာ"
" ဒေါက်တာ ! "
" အင်း...လာ အထဲ သွားရအောင် "
လက်ကလေးကို ဆုပ်ကိုင်တော့ အေးစက်လို့နေသည်။ နဖူး ပြင်ကလေးမှာလည်း ချွေးစတချို့နှင့် ကတုန်ကယင်နှင့် သည်ကလေး ဘာဖြစ်နေသလဲ ...
" ဟို..ကျွန်တော် အိမ်သာတက်ချင်လို့ "
" ဟင်... ဒါဆိုလည်း တက်လေ ကလေးရဲ့ ဘာလို့ ရပ်နေရတာတုန်း "
ချွေးစတချို့ကို လက်ဖနှောင့် အသာသုတ်ပေးရင်း မေးလေတော့
" ဒီ..ဒီ အိမ်သာကို မတက်တတ်ဘူး ကိုး "
" ဘာ ! ဘယ်လိုရွှေသွေး ၊ ဒါဆို အရင်ရက်တွေက မင်း အိမ်သာမတက်ဘူးလား "
ရှက်စိတ်ကြောင့် မျက်နှာတပြင်လုံး ရဲဆွေးလို့နေသည်။ သို့ပေမယ့် မရှက်နိုင်တော့ ခေါင်းသာ ညိမ့်ပြရလေပြီ ။
ဒေါက်တာက သက်ပျင်း ချလို့သာ...
" ရွှေသွေးရယ် အိမ်သာ က သန့်ရှင်းပါတယ် တက်ကြည့်နော် "
" ဟင့်အင်း ကျွန်တော် မထိုင်တတ်ဘူးလို့ဆို "
အပေါက်ဖွင့်ထား သည့် အိမ်သာကို ကြည့်၍ သာ ငိုချင်လာသည်။ တကယ် သူ မနက်ကတည်းက တက်လိုက် ဆင်းလိုက် လုပ်ကြည့် ပြီးပြီမဟုတ်လား ။" ဒီ အင်းတပတ်က ဒီလို အိမ်သာတွေပဲရှိတာ ရွှေသွေးရဲ့ မဟုတ်ရင် ချုံတိုးမလား "
" အာ..ကိုး..."
မတတ်သာသည့်အဆုံး ဒေါက်တာက
ရွာလူကြီး ဦးဖိုးလှ ရဲ့သာ အကူညီတောင်းရပေမည် ။
YOU ARE READING
" Tripartite Love " Season 1 + 2
Romance"ဇာတ်လမ်းအကျဥ်း" ဒေါက်တာသျှားညိုမင်းသွင် ကလေးအထူးကုဆရာဝန်ကြီး ( Child Specialist ) နှင့် တစ်ပွင့်ပန် ဆိုသည့် အမျိုးသမီးတို့ လက်ထပ်မည့်စဲစဲတွင်မှ နန်းရွှေဆိုင်စံအိမ်တော်ရဲ့ သခင်လေးဖြစ်သူ ရွေသွေးနန်းဆိုင်က ဒေါက်တာကိုအပိုင် သိမ်းယူလိုက်ခြင်းကနေ ဇာတ...