" မင်းဗိုက်လေးထဲ ကိုယ်က ကလေးပိစိလေးထည့်ပေးချင်တယ် ၊ ကိုယ့်အတွက် မွေးပေးမှာလား အရင်ဖြေ "
ပြုံးစစနှင့် မေးလာသည့်စကားကြောင့် ရွှေသွေးခမျာ ကြောင် အလျက် ဘာပြန်ဖြေရမည်မသိတော့ချေ။
' မဖြစ်နိုင်တာတွေ ၊ သူ့ဆန္ဒကိုမလိုက်လျောချင်လို့ စကားလမ်းကြောင်းတွေ လျှောက်လွှဲနေပုံရသည်။ '
" တော်ပါဗျာ မဖြစ်နိုင်တာတွေ လျှောက်ပြောမနေနဲ့ ကိုး "
ဒေါက်တာက ကလူသလိုနှင့် ရွှေသွေးအား နမ်းရှိုက်လိုက်လို့သာ
" ဘာလို့မဖြစ်နိုင်ရမှာလဲကွ ၊ မင်းနဲ့တူတဲ့ babeလေး မွေးပေးမှာလား...ဟင် ၊ ဖြေလေကွာ ။ ကိုယ်က မင်း ကိုယ်ပွားလေးလိုချင်တယ် "
ရွှေသွေး ငြိမ်သက်စွာ နားထောင်ရင်း အဖြေစကားမဆိုမိချေ။
' ဟုတ်တယ်လေ ယောကျာ်းလေးတစ်ယောက်က ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတယ်ဆိုတာ ဖြစ်နိုင်လို့လား '
——————————————————
ဖိုလမင်းမှာ ဒီနေ့တနေကုန် လွဲပြီးရင်း လွဲနေတော့သည်။
10နာရီ meeting ရှိသည်ကိုလဲ ရွှေသွေးအား မပြောပဲ မေ့နေသလို ။ ကျောက်မြက်ရတနာအရောင်းပြပွဲမှာလည်း ကျင်းပသည့်ပွဲနေရာ မှားပြီး ခေါ်သွားခဲ့ပြန်သည်။ရုံးခန်း ပြန်ရောက်တော့လည်း ဂနာမငြိမ်နှင့် ရောက်ယက်ခက်နေဆဲ ။
" လမင်း! "
" ဗျာ ...သခင်လေး"
" ဒီနားလာစမ်း "
" ဟုတ်...ဟုတ်ကဲ့ "
ဖိုင်တချို့ကို သူ့စားပွဲပေါ်ပစ်ချလို့ ရွှေသွေး ရှိရာသို့ အပြေးလေးကပ်လို့
" သခင်လေး ဘာခိုင်းစရာရှိလို့လဲ "
" မင်း မနက်ကတည်းက စောက်တလွဲတွေလုပ်နေတာ ၊ မှန်မှန်ပြော မင်းဘာဖြစ်နေတာလဲ "
လက်နှစ်ဖက်ကို နောက်ပစ်လို့ ခေါင်းငုံ့ထားဆဲမို့
" ဖြေလေ...၊ ငါက ဆူမလို့မဟုတ်ဘူး မင်းဘာပြသနာတွေရှိနေလို့ အခုလိုတလွဲတွေဖြစ်နေတာလဲ သိချင်တာ "
YOU ARE READING
" Tripartite Love " Season 1 + 2
Romance"ဇာတ်လမ်းအကျဥ်း" ဒေါက်တာသျှားညိုမင်းသွင် ကလေးအထူးကုဆရာဝန်ကြီး ( Child Specialist ) နှင့် တစ်ပွင့်ပန် ဆိုသည့် အမျိုးသမီးတို့ လက်ထပ်မည့်စဲစဲတွင်မှ နန်းရွှေဆိုင်စံအိမ်တော်ရဲ့ သခင်လေးဖြစ်သူ ရွေသွေးနန်းဆိုင်က ဒေါက်တာကိုအပိုင် သိမ်းယူလိုက်ခြင်းကနေ ဇာတ...