ဆု မျက်နှာရဲ့ အေးစက်မှုဟာ အခန်းတစ်ခုလုံးကိုပင် ကြောက်စိတ်ဝင်မိရသည်အထိပေါ့။
မိုက်ခရိုဖုန်းများစွာက သူမ ထိုင်နေတဲ့ နေရာနဲ့ နီးကပ်ကပ်လေးမှာ...သူမ အရှေ့မှာတော့
သတင်းထောက်များစွာက စောင့်ကြည့်လို့သာ မှတ်တမ်းပုံများယူလျက်...သူမရဲ့ ကိုယ်ပိုင် Account တွင်လည်း Liveလွှင့်ထားလိုက်၏ ။
သိလိုစိတ်ပြင်းပျကာ comments က မနည်းမနောနှင့်
ကြည့်ရှုသူတွေ များလာပြီဆိုတဲ့အချိန်တော့...ရွှေသွေးရဲ့ မယ်မယ်က ဟမ်းဖုန်းလေးကို ကျစ်နေအောင် ဆုပ်ကိုင်လို့ ရင်ထဲတလှပ်လှပ်နှင့်...
ဒေါက်တာကျော်စိုးက Childward သို့ အမောတကောပြေးလာကာ သတင်းပေးမှုကြောင့် ဒေါက်တာက ကမန်းကတမ်း ဖုန်းထုတ်ကာ ကြည့်ရပြန်ပြီ။
နွယ်နီနဲ့ ပန်ဟာလည်း ထိုနည်းတူနားစွင့်ထားဆဲ။
* ငါတို့ သခင်လေးရဲ့ အမျိုးသမီးမို့လား *
* အေး ဟုတ်တယ်ဟ ၊ စိတ်ဝင်စားစရာပဲ ဘာတွေ ဖော်ထုတ်ချင်လို့လဲမသိ *
ဖိုးလမင်း အနောက်က ရောက်နေသည်ကို
မသိပါပဲ အလုပ်ချိန် ဖုန်းခိုးသုံးကာ တွတ်ထိုးနေကြခြင်းပင်။ဖိုးလမင်း သခင်လေး ရုံးခန်းကိုသာ ပြေးမတက်လှမ်းလို့ တံခါးမခေါက်ပဲ ဝင်ချလာမိတော့၏ ။
* ဘာဖြစ်လာတာလဲ လမင်း *
* ဖုန်းကို ဖွင့်ကြည့်လိုက်ပါ သခင်လေး မဆု live လွှင့်နေတာ *
" ကျွန်မ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ရည်ရွယ်ချက်က အမှန်တရားကို အားလုံးကို သိစေချင်လို့ပါ...၊ အခု ကျွန်မနှုတ်က ထွက်လာမယ့် စကားလုံးတိုင်းက မုသားတစ်ခွန်းမှ ပါမှာ မဟုတ်ဆိုတာယုံပေးကြပါ
ကျွန်မ နန်းရွှေဆိုင် စံအိမ်တော်က သခင်လေး ရွှေသွေးနန်းဆိုင်နဲ့ ကွာရှင်းပြီးပါပြီ "
ဆုက ကွာရှင်းစာချုပ်ကလေးကို မြင်သာအောင် camera ရှေ့ မြှောက်ပြလာတော့
ကြည့်ရှူသူတွေရဲ့ ဝေဖန်ချက်များကလည်း အဆက်မပြတ်
ဒေါက်တာကရော ပြုံးလိုက်မိသလား မသိချေ။
YOU ARE READING
" Tripartite Love " Season 1 + 2
Romance"ဇာတ်လမ်းအကျဥ်း" ဒေါက်တာသျှားညိုမင်းသွင် ကလေးအထူးကုဆရာဝန်ကြီး ( Child Specialist ) နှင့် တစ်ပွင့်ပန် ဆိုသည့် အမျိုးသမီးတို့ လက်ထပ်မည့်စဲစဲတွင်မှ နန်းရွှေဆိုင်စံအိမ်တော်ရဲ့ သခင်လေးဖြစ်သူ ရွေသွေးနန်းဆိုင်က ဒေါက်တာကိုအပိုင် သိမ်းယူလိုက်ခြင်းကနေ ဇာတ...