Chapter -74

2.4K 86 3
                                    

ဒေါက်တာပါးပြင်ပေါ်မှ မျက်ရည်စလေးများကို မြင်ချိန်တော့ ရွှေသွေးထိတ်လန့်ကာ...

" ကိုး...ဘာလို့ မျက်ရည်ကျနေတာလဲ "

ရွှေသွေး ပုခုံးတစ်ဖက်ပေါ် မျက်နှာအပ်ချလိုက်ပြီးနောက် အသံတိတ် ငိုလေတော့သည်။ ရွှေသွေး ပုခုံးမှ အင်္ကျီစလေးက စိုစွတ်လာသည်နှင့်အမျှ ရင်ဘက်ကလည်း နာကျင်လာလေပြီ...

" ကိုယ်ကြောက်တယ် ရွှေသွေး... မင်း တစ်ခုခုဖြစ်သွားမှာကို ကိုယ်သိပ်ကြောက်တယ် ၊ မင်းသိလား ကလေးရဲ့ ကိုယ့်အားနည်းချက်က မင်းပဲမို့ မင်းသာ တစ်ခုခု ဖြစ်သွားရင် ကိုယ်ရင်ကွဲရလိမ့်မယ်...။ မင်းကိုယ်မင်း အထိအခိုက်အနာတရ မဖြစ်အောင် နေမပေးနိုင်ဘူးလားကွာ..."

' ယောကျာ်းလေးချင်း ရန်ဖြစ်တာ အဲ့သလောက်စိတ်ပူစရာလိုလို့လား ' လို့ မေးချင်ပေမယ်လို့ မမေးရက်ပေ။

သူ့ပုခုံးပေါ် မျက်နှာအပ်ထားသည့် ဒေါက်တာအား ဘယ်လို နှစ်သိမ့်ပေးရမည်မသိတော့ချေ။ ဒေါက်တာ မျက်ရည်ကျတာ သူ့ကြောင့်မို့ လိပ်ပြာတော့မလုံချင်။

" အင်း... ကျွန်တော် တောင်းပန်ပါတယ် "

" ခုနက ကိုယ် မင်းဆီရောက်လာတဲ့အချိန်သာ နောက်ကျသွားရင်တော့ ၊ မင်းဘာဖြစ်သွားနိုင်သလဲ ကိုယ်မတွေးကြည့်ရဲဘူးကွာ "

ဒေါက်တာက တွေးတွေးပြီး စိတ်ပူနေပုံရသည်မို့

" ကျွန်တော့်ကို ကြည့်ပါဦး ကိုးရ "

လက်မောင်းမှအင်္ကျီစနှင့် မျက်ရည်များကို ဖယ်ရှားလျက် သူ့အား ကြည့်လာသော ဒေါက်တာအကြည့်တို့က အခုချိန်ထိ စိတ်ပူပန်နေသောအကြည့်မျိုးပင်...

ဒေါက်တာရဲ့ ပါပြင်းကို လက်ချောင်းသွယ်လေးများနဲ့ ထိကိုင်ကာ

"  ကျွန်တော်က အခု ဘာမှမဖြစ်ဘူးလေ ကိုးရဲ့...၊ အရမ်းကြီး စိတ်ကို တင်းမထားနဲ့နော် ၊ ကျွန်တော် ကောင်းကောင်းမွန်မွန်နဲ့ အခု ကိုး ရှေ့မှာ ရှိနေတယ်လေ "

ထိုအခါမှ ခေါင်းအသွင်သွင်ညိမ့်ပြလာသည်။

" ကျွန်တော် အိပ်ချင်နေပြီ "

" Tripartite Love " Season 1 + 2Where stories live. Discover now