Chapter - 27

3.9K 138 7
                                    


ညက အဖြစ်ပျက်သာ သျှားညိုမင်းသွင် သိသွားခဲ့ရင် မင်းကို သူ့ဘဝထဲကနေ အပြီးတိုင်ထုတ်ပြစ်မှာပဲ..
အဲ့သည်အခါကျရင် မင်းကို သောက်ရမ်းချစ်နေတဲ့ ကိုယ့်ရင်ခွင်ဆီ အချိန်မရွေး ခိုဝင်လာခဲ့ပေါ့.....

*************************************

နန်းရွှေဆိုင် စံအိမ်တော်ရဲ့ ခြံရှေ့ရောက်လာလေတော့ ဒေါက်တာက ကားလေးကို ထိုးရပ်လိုက်လေသည်။ ကားပေါ်မှ ဆင်းကာ ကောင်လေးကို ရပ်လို့ စောင့်နေမိသည်။

ရေညှိစိမ်းရောင် ရှပ်လက်ရှည်နှင့် စတိုင်ပင် အနက်ရောင် ဘီရှည်ကို Fit size ကျစွာ တွဲကာဝတ်ထားပြီး ဆံပင်ကို  ​သေသပ်စွာ အနောက်သို့ ဖြီးလှန်ထားပုံက တကယ့်ကို တည်ကြည်ခန့်ညားလွန်းလှသည်။

" ဟေး.. အဝေးကနေ ငေးကြည့်နေတော့မှာလား အနီးကပ်လာကြည့်လေ "

ဒေါက်တာရဲ့ ကျီစယ်သည့်စကားသံအဆုံးမှ သတိဝင်လာမိ​၏ ။
ခဲရောင်ကွက်စိပ်ညဝတ်စုံကလေးနှင့် သူ့ဆီကို တဖြည်းဖြည်း ရွေ့လျားလာသည့် ပုံရိပ်ကလေးကို ကြည့်ကာ အသည်းယားလို့နေသည်။

" ကိုယ်က ဆေးရုံမှာပဲ ရှိမယ်ထင်နေတာ "

" ခဏနေမှ သွားမှာဗျ ၊ ဒေါက်တာ အိမ်ထဲဝင်ရအောင်လေ "

" မဝင်တော့ပါဘူးကွာ ဒီတိုင်းပဲ ဂျူတီမသွားခင် မျက်နှာလေး မြင်ချင်လို့ လာတွေ့တာ "

ပြောပြီး ရွှေသွေးလက်ထဲသို့ ကားထဲမှ မုန့်ခြင်းကလေးကို ထုတ်ယူကာ ထည့်ပေးလေသည်။ အပူခံဗူးလေးနှင့် ထည့်လာသည့် နွားနို့ နှင့် ချောကလက် ကိတ်လေး။

" မင်းကို စားစေချင်လို့ ကိုယ် ကိုယ်တိုင် လုပ်ခဲ့တာ ကုန်အောင် စားရမယ်နော် "

" ဟုတ် "

နဖူးပြင်လေးပေါ်သို့ ကျရောက်ရာလာသည့် ဒေါက်တာ လက်ဖဝါးလေး ။

" ကျွန်တော်နေကောင်းပါတယ်ဗျ "

" မျက်နှာလေးက ဖြူဖျော့နေတာပဲကွာ "

စိုးရိမ်မှုအပြည့်နှင့် ပြောလာသည့် ဒေါက်တာဆီမှ မချိတင်ကဲ စကားသံလေးအဆုံးတွင် ရွှေသွေးရင်ထဲ မွန်းကြပ်ပြီး ဝမ်းနည်းမှုများက အလုအယက်နေရာယူကုန်ကြလေသည်။

" Tripartite Love " Season 1 + 2Where stories live. Discover now