Chapter - 51

2.3K 117 6
                                    

ဒီလိုနဲ့ ရွှေသွေးနဲ့ ဒေါက်တာ အပြီးတိုင် လမ်းခွဲခဲ့တာ လတချို့ ကြာမြင့်ခဲ့လေပြီ။

Alarm သံလေးကြားသည်နှင့် ဒေါက်တာ မျက်လုံးအစုံကို ကြိုးစားဖွင့်လို့ သူအိပ်ယာထရတော့မည်။

သူ့နံဘေးက နေရာလွတ်ကလေးဆီ စောင်းငဲ့ကြည့်လို့ ကောင်လေးရှိသည်အမှတ်နှင့် လက်ကလေးနှင့်အသာယာစမ်းလို့ ရင်ထဲ စို့နစ်လို့သာ ။

ထို့နောက်တွင်တော့ ရေကိုလျင်မြန်စွာချိုးပြီးနောက် မနက်စာကို အလောသုံးဆယ် စားရ၏ ။

အချိန်တွေ အားလပ်မှုမရှိအောင် အလုပ်လုပ်နေမှဖြစ်မည်။ မဟုတ်ရင် ယုန်ပေါက်လေးကို လွမ်းတဲ့ စိတ်နဲ့သာ ရူးသွားနိုင်သည်။

သူဆေးခန်း ထိုင်ရဦးမည်။ အချိန်ရရင် ရ
သလိုလည်း ကော်ဖီဆိုင်လေးသို့ သွားရမည်မဟုတ်လား။
မနက် ၈နာရီမှ ၁၀နါရီအထိ ညနေဆို ၄နာရီမှ ၆နာရီအထိ ဖွင့်လှစ်ထားသည့် ဒေါက်တာရဲ့ ကိုယ်ပိုင် ဆေးခန်းလေးဆီသို့...

ဆေးခန်းအရှေ့မှ ' ရွှေသွေး ' ဆိုသည့် အဝါရောင်ထင်ရှားနေသည့် LED ဆိုင်းဘုတ်ကလေးကို တွေဝေစွါ ငေးကြည့်လို့သာ ။

ရင်ထဲ နွေးထွေးရပါ၏ ။ သူ့ကလေးက ဒီလို စာလုံးပေါင်းအမည်နာမ လေးနဲ့လည်း နွေးထွေးအောင် လုပ်နိုင်ပါသည်။

ဆေးခန်းပြဖို့ စောင့်နေသည့် ကလေးမိဘများ ။ ဒေါက်တာရောက်သည်နှင့် Nurse ဆရာမလေးဟာ Toking ပေးထါးသည်အတိုင်း အစဥ်လိုက် လူနာများကို ခေါ်ပေးလေတော့သည်။

* ကလေးဆရာဝန်ကြီးမို့ အသက်ကြီးကြီးထင်နေတာ အသက်လတ်ပိုင်းအရွယ်ကိုမှ ဘာမှကို ချွင်းချက်မရှိ ယောကျာ်းပီသပြီး ချောလိုက်တာ ဒါ..ဒါပေမယ့် လက်သန်းကြွယ်က လက်စွပ်ဝတ်ထားပုံထောက်ရင် သွားပါပြီ ပိုင်ရှင် ရှိပြီးသားလား...*

" ကလေးအသက် ဘယ်လောက်ရှိပြီလဲ"

ကျစ်! နောက်လူနာတွေကြည့်ရဦးမှာကို အချိန်ကုန်အောင်ကွာ... မေးနေတာ သုံးကြိမ်​မြောက်ရှိပြီ

" ဟိုလေ ညီမလေး ဆရာမေးနေတာ ဖြေလိုက်ပါဦး "

" ရှင်..ရှင်...ဆရာဘာမေးလိုက်တာလဲဟင် "

" Tripartite Love " Season 1 + 2Where stories live. Discover now