Chapter -24

4.5K 147 8
                                    

အိမ်တော်ရာ ဘုရားရဲ့ ရင်ပြင်ပေါ်တွင် သျှားထက်ကလေးမှာ ပြေးလွှားနေတော့သည်။
မျောက်လေးတစ်ကောင်ထိန်းနေရသလို
ဖြစ်သည်မို့ ဒေါက်တာက ပွေ့ချီရလေတော့သည်။

" ကိုသျှား ကျွန်တော်နဲ့ ကိုကို ဘုရားပန်းသွားဝယ်အုံးမယ်နော် "

" တားတားရော ရိုက်မယ် "

သွားကျိုးလေထွက်အသံကလေးနဲ့ မပီကလာလေးပြောလေတော့ ဒေါက်တာက အာရုံပြောင်းရလေပြီ ။

" မလိုက်နဲ့လေ ကိုကိုးတို့ ခေါင်းလောင်း သွားထိုးရအောင် "

ဒေါက်တာမှာ သျှားထက်ကလေးကို လက်တဖက်က ပွေ့ချီလို့ ရွှေသွေး လက်တစ်ဖက်ကိုလည်း ကျစ်နေအောင် ဆွဲကိုင်ထားဖို့ သူ
မမေ့ ။

သုံးယောက်သား ခေါင်းလောင်းလေးကို အတူ ထိုးလို့ နေသည်။

ဒေါက်တာက ရွှေသွေးကို ရီဝေဝေလေး စိုက်ကြည့်လာသည်။

" ကိုယ်လေ နောက်ဘဝဆိုတာ ရှိခဲ့ရင် မင်းအပါအဝင် ဒီအသိုက်ဝန်းလေးပဲ ပြန်ရချင်တယ် ၊ "

"ကျွန်တော်ရောပဲ ။  ဒေါက်တာကို ချစ်ရတာ ကျွန်တော့်အတွက် ဝဋ်ကြွေးဆိုရင် သံသရာအဆုံးထိ မကျေချင်တဲ့ ဝဋ်ကြွေးလေးဟာ ဒေါက်တာပဲ "

" ဒီနေ့ သောကြာသားလေးက စကားတွေ သိပ်တတ်နေပါလား ဟမ် "

ရွှေသွေး ပြောပြီးကာမှ ရှက်ရှက်ဖြင့် ခေါင်းငုံ့ထားမိရသည်။

" သားထက်လေး ဟိုးရှေ့နားရပ်လိုက် ကိုကိုအပုံရိုက်ပေးမယ် "

" ပန်းတွေနဲ့ ရိုက်ရမှာလား ကိုကိုရ ကျွန်တော်က မိန်းကလေးလဲ မဟုတ် "

" ပေးပေး ဒါဆိုလည်း ပန်းတွေ ကိုကို့ပေးထါး "

သက်ဦးမောင်မှာ ပန်းစည်းများက တစ်ဖက်နှင့်သားထက်လေးကို စိတ်တိုင်းကျ အပုံရိုက်ပေးလို့နေသည်။

" အမယ် ပန်းသွား ဝယ်တာ ပန်းသွားပျိုးတယ်ထင်နေတာငါက သာယာနေတာပေါ့လေ "

" ဟဲဟဲ ကိုသျှားကလည်း ကျွန်တော်တို့က ကိုသျှားတို့ ပျောက်လို့ လိုက်ရှာနေတာ နော် ကိုကို "

" ဒါပေါ့ ဒါပေါ့ ။ လာ ငါတို့ အုပ်စု လိုက် အပုံရိုက်ကြမယ် "

သက်ဦးမောင်က ပြောလည်း​ပြော အနေထား မျိုးစုံနဲ့ ရွှေသွေးတို့ အတွဲပုံရော သူတို့ အတွဲပုံလေးရော တလှည့်စီ ရိုက်ပေးလျက်ပေါ့ ။ ဖြတ်သွား ဖြတ်လာ များကလည်း အထူဆန်းသဖွယ် ငေးလို့ပေါ့လေ ။

" Tripartite Love " Season 1 + 2Where stories live. Discover now