Chapter -53

2.6K 124 8
                                    

ကားပေါ်ရောက်သည့်အချိန်တော့ မျက်ရည်များက ဖြည်မဆည်နိုင်ခြင်းနှင့်အတူ နာကျင်စွာ ငိုရပြန်သည်။

' ကျွန်တော်က ဘယ်လိုစိတ်နဲ့များ မုန်းနိုင်ပါ့
မလဲ ဒေါက်တာရာ ။ဒေါက်တာက
ကျွန်တော့်ဘဝရဲ့ အချစ်ဦးမို့ ရူးမတက်ကို ဘဝနဲ့ ရင်းပြီး ချစ်ရပါတယ် ။ '

-----------------

သက်ဦး ရယ် သားထက်ရယ်က သျှားထက်လေးကို ခေါ်၍ ရွှေသွေးတို့ တိုက်ခန်းသို့ ရောက်ချလာကြသည်။ ဒီနေ့ ရုံးပိတ်ရက်ပဲဟာ ..

သက်ဦး လက်ပေါ်မှ သားထက်လေးဟာ တိုက်ခန်းရှေ့မှ လူခေါ် ဘဲလ်လေးအား အဆက်မပြတ်တီးလို့နေတော့

မဆုက ချင်ပြုတ်နေသည်မို့ ရွှေသွေးမှာ
တံခါးဖွင့်လိုက်သည်နှင့် အံ့သြကာ

" ဟာ ဘယ်လိုကနေ ဘယ်လို လမ်းမှားလာကြတာလဲ လာ ဝင်ကြ "

" လမ်းမမှားဘူး ဟေ့ကောင်ရ ၊ မင်း ယောက်ဖလေးက မင်းကို တွေ့ချင်လို့ဆိုပြီး ဂျီကျနေလို့လေ ၊ အယ် "

လွှတ်ခနဲ စကားပြောမှားသွားသည်ကြောင့် သားထက်မှာ စကားကို အရှိန်သတ်လို့.

" ရွှေသွေး ဧည့်သည်ရောက်နေတာလား ၊ အစ်ကို သက်ဦးတို့ပါလား ထိုင်ကြလေ "

" မဗိုက်လေး နေကောင်းတယ် ဟုတ် "

" ကောင်းပါတယ် အစ်ကိုသက်ဦး "

" ရော့.. ဒါ မဆု အတွက် ကိုယ်ဝန်ဆောင် အားဆေးတွေ နဲ့ လိုအပ်တာလေးတွေ "

" အားနာစရာကြီး သားထက်ရယ် မဝယ်လဲ ရပါတယ် "

" အားမနာပါနဲ့ "

ဆု အားနာနာနှင့်သာ သားထက်ဆီမှ အထုပ်များကို ကမ်းယူရတော့၏ ။

" ကိုကိုးရွှေယောက်ဖ ချီ "

အခေါ်အဝေါ်လေးကြောင့် မဆုကို အားနာသလိုလေး ဝိုင်းကြည့်နေပေမယ့် ၊ ဆု ဝမ်းနည်းစွာ ပြုံးလျက် ။

သက်ဦးလက်ပေါ်မှ သျှားထက်လေးဟာ
ရွှေသွေးဆီသို့ ယိမ်းနေပြီမို့ ချီလိုက်သည်နှင့် ရွှေသွေးပါးလေးအား နေရာလပ်မကျန် နမ်းလေတော့၏ ။

ရွှတ်! !!! ရွှတ်....

" သျှားထက်လေးက ကိုကိုး ကို လွမ်းနေတာပေါ့ ဟုတ်လား..ရွှတ် "

" Tripartite Love " Season 1 + 2Where stories live. Discover now