Chapter -22

5K 145 10
                                    

ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ကောင်လေးနိုးသွားမည်စိုးသဖြင့် ဒေါက်တာမှာ နေရာပင် မပြင်ရဲပဲ မျက်တောင် ကော့ကလေးကိုသာ ငုံ့၍ စိတ်လိုလက်ရ
ငေးကြည့်နေမိ၏
ခဏအကြာ ကောင်လေးက လှုပ်လှုပ်ရွရွဖြစ်လာလေသည်။

" နိုးပြီလား "

" ဟုတ် အာ့!"

" ကျစ် ဘယ်လိုဖြစ်လို့ လောနေရတာလဲ "

" နာရတဲ့အထဲ ဒေါက်တာကဗျာ လူကို လာအော်နေတာလား "

" မဟုတ်တာ ၊ ကိုယ်စိတ်ပူသွားလို့ပါကွာ ၊ အရမ်းနာနေတာလား  "

" ဟုတ် "

" ကိုယ်ကြည့်ပေးရမလား နာတဲ့နေရာကို အရမ်းဆိုးဝါးရင် ဆေး...."

" ဟာ ဒေါက်တာ "

" ဘာလို့လဲ ကိုယ်က ဒီတိုင်းကြည့်ရုံ.."

" ဟာဗျာ မပြောနဲ့လို့ဆို "

" ဟုတ်ပြီ မကြိုက်ရင် ကိုယ်မပြောတော့ဘူး "

တကယ်ပါပဲ ရှက်လွန်းလို့ ရွှေသွေး သူ့မျက်နှာသူ ဘယ်မှာ ထားရမည်မသိ ။ အဝတ်စားများကိုသာ အမြန်ကောက်ဝတ်ရသည်။

" ဒေါက်တာ မကြည့်နဲ့လေ ၊ ဟိုဖက်လှည့်နေ "

ကားထဲမှာ အဝတ်စား ဝတ်နေရသည်မို့ စိတ်ကျဥ်းကြပ်ရတဲ့အထဲ သူရှေ့မှ လူကြီးက စိုက်ပြီးတောင် ကြည့်နေသေးတယ် ။

" ဟက်! ပြွတ်စ်.. အခုမှ ရှက်နေသလားဟမ့် "

" ဒေါက်တာ!  ကျွန်တော် ငိုမိတော့မယ် "

" ဟုတ်ပြီ.. ဟုတ်ပြီ..ကိုယ်မစတော့ဘူး "

မျက်နှာကလေးပါ သိသာစွာ နီရဲလာသည့် အနှီလူသားလေးက ဒေါက်တာ ထပ်စရင်တကယ် ငိုချတော့မယ့်ပုံမို့ ကျောပေး၍သာ တဖက်လှည့်နေလိုက်ရသည်။

နှစ်ဦးသား ကားပေါ်မှ ဆင်းတဲ့အချိန်သည် မနက်ခင်း အလင်းရောင် ဖြဖြလေးပင် မြင်နေရလေပြီ ။

စုတ်ဖွားကလေးဖြစ်နေသည့် ကောင်လေးဆံပင်လေးများကို သေသပ်အောင် ပြုပြင်နေရင်းနှင့်
" တစ်ခုခုစားပြီး ဆေးသောက်အုံးနော် ၊ တော်သေးတယ် မဖျားလို့ ၊ နေထိုင်မကောင်းရင် ကိုယ့်ကို ဖုန်းဆက်ရမယ်နော် "

" Tripartite Love " Season 1 + 2Where stories live. Discover now