Chapter -69

2.1K 77 1
                                    

မျက်လွှာလေး ချကာ ခေါင်းညိမ့်ပြသည်မို့

" ကိုယ့်ကို သေချာကြည့်ကလေး ...၊ ကိုယ်မင်းကို သံသရာအဆက်ဆက်ထိ ချစ်သွားမှာမို့ နောက်ထပ် နောက်ထပ် ကိုယ့်ရွှေသွေးလေးရဲ့ နှလုံးသားကို ဘယ်လို နာကျင်မှုမျိုးမှ မခံစားစေရဘူး ကိုယ့်ကိုယုံ... ယုံတယ်မို့လားဟင် "

" ဟုတ် "

" အင်း... လိမ္မာတယ် ကိုယ့်ကလေးလေးက "

------------------

ပြင်သစ်နိုင်ငံရဲ့ Provence ပြည်နယ်တွင်ရှိတဲ့ ' ခရမ်းရောင်ပန်ရဒီသု ' လို့ အမည်ပေးထါးသည့် လာဗန်ဒါ ( Lavender) ပန်းခင်းကြီးရှိရာသို့ ဒေါက်တာတို့ ရောက်ရှိနေကြသည်။

အဖြူရောင် Suit ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြသည့် အမျိုးသားနှစ်ဦးမှာ ခရမ်းရောင် ပန်းခင်းကြီးအရှေ့တွင် ထင်ရှားပေါ်လွင်လွန်းလှ၏ ။

ရင်ဘက်အနားတွင် Lavender ပန်းခက်ကလေးများက ရင်ထိုးသဖွယ်ပင်။
ပြီးနောက် ရွှေသွေးဆိုသည့် အမျိုးသားလေးက Lavender ပန်းစည်းကလေးကိုလည်း ကိုင်ဆောင်ထားပြန်သေးသည်။

အသည်းပုံပန်းခက်များရဲ့အလယ်တွင်
Sharr and Shwe စာလုံးများနဲ့အတူ ထိမ်းမြားမဂ်လာတဲ့....

နေရောင်ခြည် နွေးနွေးအောက်တွင် နားရွက်ဖျားလေးများ ရဲတက်နေကာ ခေါင်းလေးငုံ့ထားသည့် ယုန်ပေါက်လေးကို တစိုက်မတ်မတ်ငေး ကြည့်လို့သာ ကြည်နူးမိရတာလည်း အကြိမ်ကြိမ်ပင်။

ဆု နဲ့ မောင်ကောင်း ၊ ဒေါက်တာကျော်စိုးနဲ့ ဒေါက်တာ ကေသွယ်စိုး ရှေ့နေသူရိန်မောင်နဲ့ ဖိုးလမင်း အပါဝင် ဒေါက်တာဘက်မှ
အသိုင်းဝိုင်းနှင့် ရွှေသွေးဘက်မှ အသိုင်းဝိုင်းများ နှစ်ဘက်သော ​စီးပွားဘက် မိတ်ဆွေများပါ တက်ရောက်ချီးမြှင့်ကြသည့် မဂ်လာပွဲလေးက စည်းကားလွန်းပါသည်။

လူကြီးစုံရာရဲ့ ရှေ့မှောက်တွင် ရှိနေကြပြီး ထိုလူသားနှစ်ဦးအား ကောင်းချီးသြဘာအပြည့်နှင့် ကြည့်နေကြလေပြီ။

မိုက်ခရိုဖုန်းကို ကိုင်ထားသည့် ဒေါက်တာ လက်များဟာ အနည်းငယ်တုန်ချင်နေပြီး ချွေးစေးများပင် ထွက်နေကာ ရင်ခုန်သံများကလည်း ထိန်းမရတော့ချေ။

" Tripartite Love " Season 1 + 2Where stories live. Discover now