Chapter -10

5.2K 185 6
                                    

ထုံးစံအတိုင်း ကောင်လေးကို Companyသို့
ဝင်ပို့ခဲ့ပြီး ဒေါက်တာ ဆေးရုံသို့ လာခဲ့သည်။
Childward မှာ စကားသံများညံနေလျက်
သူ၏ ရှေ့မှ မြင်ကွင်းကြောင့်
အံ့သြဝမ်းသာဖြစ်ရ၏ ။ ပန်က တခြားဝန်ထမ်းများနှင့် ရယ်မောကာ စကားပြောနေလေသည်။
ဒေါက်တာ့ကို မြင်တော့ ရယ်မြူးကာ အနားသို့လာ၏ ။

" မောနင်း သျှား"

" ပန်ကို အခုလိုလေး ပြန်မြင်ရတယ် ကိုယ်စိတ်ချမ်းသာတယ်သိလား "

" သျှားက စိတ်ချမ်းသာတယ်ဆိုတော့လည်း ပန်ကအရင်လိုနေပေးရမှာပေါ့ "

" ဘာပဲဖြစ်ဖြစ် ပန့်ကို အရင်လို ဖြစ်စေချင်တာ ကိုယ့်ရဲ့ စိတ်ရင်းအမှန်ပါ "

" ပန်ယုံပါတယ်၊ နေ့လည်ကျ ထမင်းအတူစားကြမလား ပန် ထမင်းချိုင့်ပါတယ် "

ငြင်းချင်ပေမယ့် ဒေါက်တာ ခေါင်းညိမ့်လိုက်မိသည်။

" ဒါဆို ပန်သွားတော့မယ် OTဝင်စရာရှိလို့ ၊ အခုက ပန် ဂျူတီပြန်စဆင်းလို့ သျှားကို လာတွေ့တာ  "

ဒေါက်တာက လှည့်ထွက်သွား​ေသာ
ပန့် ကျောပြင်ကို ကြည့်ကာ အတွေးများနေ၏ ။ သူ့ကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်မိတာမှန်ပေမယ့် ၊ ပန့်လို အရာရာပြီးပြည့်စုံသည့်မိန်းကလေးကို သူ့ဘာကြောင့် အလွယ်တကူ မေ့ပြစ်နိုင်သလဲ ။ အသည်းကွဲပြီး ယူကြုံးမရ ဘာကြောင့်မဖြစ်ရသနည်း။

စတွဲ ကတည်းက ပန်ဟာ သူ့အတွက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်နိုင်သည်ဟုသော အတွေးကို ရှေ့တန်းတင်၍သာ ရွေးချယ်ခဲ့သည်။ ဒါဆို ဒေါက်တာ ပန့်ကို တကယ်မချစ်ခဲ့လေသလား.။ သူ့ဘဝကို ပြောင်းပြန်လုပ်ခဲ့သည့် ထိုကောင်လေးကိုရော ဘာကြောင့် မမုန်းရက်နိုင်ရသလဲ ။

" ကိုသျှား "

" ဟင် ..သက်ဦး"

" သတိလက်လွတ်ကွာ ဘာတွေတွေးနေတာလဲ "

"......"

"မင်းသိထားဖို့ မင်းမှာ သက်ဆိုင်သူ ရွှေသွေး တစ်ယောက်လုံးရှိတယ်ဆိုတာပဲ "

" ရိုက်ပေါက်တွေ လာပြောမနေနဲ့ သက်ဦး ၊ ငါ ပန်အပေါ် အပြစ်ရှိသလို ခံစားနေရတာလွဲရင် ဘာစိတ်မှမရှိဘူး."

" Tripartite Love " Season 1 + 2Where stories live. Discover now