Chapter -71

2K 73 0
                                    

ဒေါက်တာ ရက်ဘက်နား စိုစွတ်လာသည်မို့ ကျောပြင်လေးကို ပွတ်သပ်ပေးရပြန်ပြီ။

" ကိုးက အင့်...ကျွန်တော်တို့သွေးသားလေး ကို မလိုချင်လို့ စဥ်းစားမယ်ပြောနေတာပေါ့ဗျ..အင့် "

" မဟုတ်ဘူး...မဟုတ်တာကွာ... ကိုယ်က ဘာလို့ ကိုယ်တို့ သွေးသားလေးကို မလိုချင်ရမှာလဲ ကလေးရယ် ၊ အတွေးမခေါင်စမ်းနဲ့ကွာ ၊ တိတ်တော့... တိတ်...တိတ် "

ရင်ခွင်ထဲမှ ဖယ်ခွာလို့ မျက်ရည်များကို သုတ်ပေးကါ

"ကြည့်ပါဦး မျက်လုံးလေးတွေ ရဲနေပြီ ၊ လာ ကိုယ်မင်းကို အရင် သိပ်မယ် အိပ်ချင်နေပြီမလား "

အိပ်ယာပေါ် လှဲအိပ်စေပြီး ချော့သိပ်ရတော့သည်။

' ကလေးယူပြီးရင် အဖေနှစ်ယောက်နဲ့ နေရမယ့် ကလေးက ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကို ခံနိုင်ပါ့မလား ၊ ပြီးတော့ သူတို့ကရော ကလေးအတွက် လိုအပ်တဲ့ မိခင်မေတ္တာကိုပါ အပြည့်ဝပေးနိုင်ပါ်မလား ။ သည်ကလေး ဒါတွေကို တွေးမိပုံရမည်မဟုတ် '

——————————————————

ရွှေသွေး အိပ်ယာနိုးလာတော့ ဘေးနားမှာ ဒေါက်တာက ရှိမနေချေ။

မနက်စောစောထပြီး သူ့အတွက် မနက်စာနဲ့ ရုံးကို ယူသွားဖို့ နေ့လည်စာပါ ပြင်ဆင်ပြီး kitchen ထဲမှာ ဒေါက်တာတစ်ယောက် အလုပ်ရှုပ်နေမှာ အသေချာပင်။

အပျင်းကြောဆံ့လို့ အိပ်ယာမှ ထလိုက်ပြီးနောက် ရေချိုးခန်းဆီသို့ ။ဘေဇင်ရှေ့ရပ်ကာ သူ့ရှေ့ဆံပင်လေးကို မှီသလောက်စုစည်းလိုက်၏ ။

Kitchen ထဲ ဝင်တော့ Apron ကိုဝတ်ထားပြီး အလုပ်ရှုပ်နေသည့် ဒေါက်တာ ကျောပြင်ကျယ်ကြီးကို ငေးကြည့်နေရင်းမှ ပြေးကာ အနောက်မှာ သိုင်းဖက်လိုက်တော့ ဒေါက်တာက မလန့်တဲ့အပြင် အပြုံးလေးဖြင့်သာ

" ဗိုက်ဆာလို့လား... ကလေး "

" ဟင့်အင်း..."

သူ့ ကျောပြင်တွင် မျက်နှာအပ်ထားသည့် ယုန်ပေါက်လေးကြောင့် ဟင်းချက်နေခြင်းကို ရပ်တန့်လို့ မျက်နှာချင်းဆိုင်လိုက်သည်။

မျက်နှာကို သေချာ သုတ်ပုံမရသည်ကြေင့် ဆံစကလေးများမှာ ရေစက်တချို့က တွဲခိုနေဆဲမို့ လက်ဖျန်မှ အင်္ကျီစလေးနှင့် သုတ်ပေးလို့နေ၏ ။

" Tripartite Love " Season 1 + 2Where stories live. Discover now