စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၂၁၄) တန်ပြန်ပါးရိုက်ခြင်း (၂)
သူ့အဖွဲ့ထဲမှာ တစ်ယောက်ယောက်က သူမကို အနိုင်ကျင့်နေလို့များလား။ ဒါမှမဟုတ် ဒါရိုက်တာ သူမကို တစ်ခုခု လုပ်ခိုင်းချင်နေလို့များလား။
ယဲ့ဖေးချန်းသည် ထိုအကြောင်းကို စဥ်းစားလိုက်ပြီး မသက်မသာဖြစ်သွားတော့သည်။ သူသည် ဤလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးဖြစ်ရာ ဖျော်ဖြေရေးလောကသည် မည်မျှဆိုးရွားကြောင်း သူ့အလိုလို သိပြီးဖြစ်နေသည်။
ထို့ကြောင့် သူသည် အလုပ်ကြိုးစားပြီး တစ်နေ့တွင် သူမကို ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ထားခဲ့သည်။ အနည်းဆုံးတော့ သူမကို မနာလိုပြီး တစ်ခုခုလုပ်ချင်ကြသူများကို ယဲ့စီးပွားရေးအုပ်စု၏ အင်အားကြောင့် ကြောက်ရွံ့သွားစေရမည်ဟု သူမကို ကတိပေးချင်ခဲ့သည်။
ယဲ့ဖေးချန်းသည် သူ့လက်ထောက်ထံ ဖုန်းခေါ်လိုက်၏။ နာရီဝက်နေပြီးနောက် သူသည် အဖြေတစ်ခု ရခဲ့လေသည်။ ရိုက်ကူးရေးအဖွဲ့သည် ရုတ်တရက် ဇာတ်ညွှန်းပြောင်းလိုက်ပြီး ချောင်မော့ယွီ၏ စကားပြောခန်းများကို ဖျက်ချလိုက်ကာ ဒုတိယအမျိုးသမီးဇာတ်ဆောင်၏ စကားပြောခန်းများကို ပိုထည့်ပေးလိုက်သည်။
ထိုသတင်းကို ကြားလိုက်သည့် ခဏတွင် သူ့နှလုံးသားထဲ၌ ဖော်မပြတတ်သည့် ခံစားချက်တစ်ခု ဖြစ်သွားတော့သည်။ သို့ကြောင့် သူ့နှလုံးသားသည် အကြောင်းအရင်းမရှိဘဲ ကြွတက်လာသည်ကို ခံစားလိုက်ရ၏။ သူ့နှလုံးသား နာကျင်နေသည်ကို ခံစားလိုက်ရသော်လည်း တစ်ချိန်ထဲတွင် အလွန်နွေးထွေးနေပြန်သည်။
ချောင်မော့ယွီက သူ့ကို မပြောပြရသည့်အကြောင်းအရင်းကို သူ သိလေသည်။ သူမသည် သူ့ကို မယုံ၍မဟုတ်ဘဲ သူ့အခက်အခဲကို နားလည်သောကြောင့်ပင်။
သူ့မော့ယွီလေးသည် စိတ်လွတ်ကိုယ်လွတ်နှင့် ပုံမှန်အတိုင်းနေတတ်သည် ထင်ရ၏။ သူမသည် အများကြီး သိပ်စဥ်းစားလေ့မရှိပေ။ သို့သော် ဤကဲ့သို့ အချိန်မျိုးတွင် သူမသည် သူ့ရင်ကို လှုပ်ခတ်သွားစေတော့သည်။ သူမသည် သူ့နှလုံးသားကို အပြီးပိုင် သိမ်းယူသွားတော့သည်။
![](https://img.wattpad.com/cover/361937254-288-k854123.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
RomanceBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်