စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၁၉၉) အင်္ကျီထပ်ကျ (၃)
ခေါင်းဆောင်အဆိုတော်သည် သူမက စုတ်တံကို သိမ်းနေသည်ကို မြင်လိုက်ပြီး သူမဆီ လျှောက်လာခဲ့၏။
“ ရသေ့ချင်းရင် ဒါက ပြီးသွားပြီပေါ့နော်”
ချောင်မော့ယွီ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် အလင်းအင်ဂျင်နီယာကို မကြည့်ရဲဖြစ်နေရာ လျှို့ဝှက်စွာဖြင့်သာ ပြောလိုက်လေသည်။
“ ပြီးသွားပါပြီ၊ ကျုပ် သွားတော့မယ်”
“ ရသေ့ ခင်ဗျ ကျွန်တော်တို့ရဲ့ဖျော်ဖြေတာကို ကြည့်ချင်တယ်လို့ ပြောခဲ့တယ်မလား ခင်ဗျ”
ခေါင်းဆောင်အဆိုတော်သည် ချောင်မော့ယွီကို ရင်းရင်းနှီးနှီး လှမ်းဆွဲလိုက်ပြီး
“ ကျွန်တော်တို့ ပြင်ဆင်ပြီးသွားပါပြီ ကြည့်ရုံပါပဲ ခင်ဗျာ”
ချောင်မော့ယွီသည် အလင်းအင်ဂျင်နီယာကို ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်လေသည်။ သူသည် သူမကို မှတ်မိပုံမရချေ။ ထို့ကြောင့် စိတ်သက်သာသွားသဖြင့် သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်တော့သည်။
“ ဒါဆိုလဲ ကောင်းပါပြီ”
ခေါင်းဆောင် အဆိုတော်သည် အဖွဲ့သားများကို နေရာယူခိုင်းလိုက်၏။ လျှပ်စစ်ဂစ်တာတီးသူနှင့် ဒရမ်တီးသူက နေရာယူပြီးသွားသောအခါ သီချင်းသံသည် အရှိန်နှင့် တဆက်ထဲထွက်လာတော့သည်။
ချောင်မော့ယွီသည် ဤသို့ လိုက်ဖ် ဖျော်ဖြေပွဲကို တခါမှ နားမထောင်ဖူးပေ။ အသံသွင်းပြီးသားနှင့်စာလျှင် ဒါသည် ပို၍ အသံအားကောင်းလေသည်။
သူမသည် သီချင်းဆိုနေသည့် သူတို့၏မျက်လုံးများထဲတွင် စွဲလမ်းနှစ်သက်မှုများကို တွေ့လိုက်ရလေသည်။ ဒါသည် လောဘအရိပ်အယောင်မဟုတ်ဘဲ ဖြူစင်သန့်ရှင်းသည့် ချစ်ခြင်းသာဖြစ်လေသည်။
သူမသည် ဆွဲယူခံလိုက်ရပြီး ယခုမှရောက်လာသည့် အလင်းအင်ဂျင်နီယာပင် ဂီတသံဇဥ်ထဲတွင် နစ်မျောသွားတော့သည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
RomanceBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်