အပိုင်း (၂၀၉) ဖျော်ဖြေရေးလောကမှအနားယူခြင်း (၃)

1.5K 117 0
                                    

ဘာသာပြန်သူ Yuuki

အပိုင်း (၂၀၉) ဖျော်ဖြေရေးလောကမှအနားယူခြင်း (၃)

ယဲ့ဖေးချန်းနှင့် ယဲ့ဖေးချင်းတို့သည် အစည်းအဝေးခန်းမက ထွက်လာချိန်၌ ယဲ့ဖေးချန်းက သရော်ကာ ပြောလိုက်၏။

“ ညီလေး မင်းအရည်အချင်းကို ငါ မျှော်လင့်နေမယ်နော် ၊ ကျေးဇူးပြုပြီး ငါတို့ကို စိတ်ပျက်အောင်တော့ မလုပ်နဲ့”

ထိုနေ့ည၌ ယဲ့ဖေးချန်းသည် Weibo ပေါ်တွင် စာတစ်ကြောင်း တင်လိုက်ပြီး တစ်နာရီအတွင်း Weiboပေါ်မှ လူများသည် ဆွံ့အသွားကြတော့သည်။

ယဲ့ဖေးချန်း: “ နှစ်ပေါင်းများစွာ ကျွန်တော်နဲ့အတူ အဖော်ပြုပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဒီစာသားကို အရမ်းသဘောကျမိတယ် : အချိန်အကြာကြီး အတူတူရှိခဲ့ကြခြင်းက ချစ်ခြင်းတရားရဲ့ အထင်ရှားဆုံး သက်သေပါပဲတဲ့၊ ပရိသတ်တွေ ကျွန်တော်နဲ့အတူ ရှိခဲ့ကြပြီး ကျွန်တော့်ကို တစ်ချိန်လုံး ထောက်ခံအားပေးခဲ့တာတွေအတွက် အရမ်းကို ခံစားရပါတယ်၊ ဒါပေမဲ့ပေါ့ ဒီနေရာမှာတော့ ကျွန်တော် အားလုံးကို နှုတ်ဆက်လိုက်ရတဲ့အတွက် အရမ်းကို စိတ်ထိခိုက်ပြီး ဝမ်းနည်းရပါတယ်၊ ကျွန်တော့်အိပ်မက်တွေကို နှစ်ပေါင်းများစွာ သယ်ဆောင်ပေးခဲ့တဲ့ ဖျော်ဖြေရေးလောကကနေ ထွက်ခွာပါတော့မယ်၊ အနာဂတ်မှာ ကျွန်တော်ဟာ ကျွန်တော့် မိသားစုလုပ်ငန်းကို ဆက်လုပ်သွားမှာဖြစ်ပြီး ကျွန်တော့် အဖေနဲ့ အစ်ကိုတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူသယ်ပေးသွားမှာပါ၊ ကျွန်တော်ဟာ ပြည်သူ့မျက်နှာဖုံးရှင်တစ်ယောက် မဟုတ်တော့ပါဘူး၊ နောက်ဆုံးပြောချင်တာကတော့ အားလုံးကို ထပ်ပြီး ကျေးဇူးတင်ပါတယ်ခင်မျာ၊ ဦးညွှတ်လျက်”

ဖျော်ဖြေရေးလောကတွင် ယဲ့ဖေးချန်း၏ အနားယူမည့်သတင်းအကြောင်း တစ်ခုမှ မကြားခဲ့သည့်အတွက် သူ့Weibo သည် ထိုပိုစ့်ကိုတင်လိုက်ချိန်၌ ပေါက်ကွဲသွားလေတော့သည်။

သတင်းမှာ အမှန်တကယ်ဖြစ်ပါရဲ့လားဟု လူတိုင်းက သင်္ကာမကင်းဖြစ်သွားကြပြီး ယဲ့ဖေးချန်း၏ကိုယ်စားလှယ် ကျန်းစစ်ထူး၏ဖုန်းသည် တရစပ်မြည်နေတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now