စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၂၀၁) သရုပ်မှန်ပေါ်သွားခြင်း (၂)
သူ့နှုတ်ခမ်းများသည် သူမ၏နှုတ်ခမ်းများကို ပွတ်သပ်နေရင်း သူ့မျက်လုံးများကို ငုံ့ကြည့်ကာ ပြောလိုက်လေသည်။
“ မော့ယွီ ကိုယ် စားဖိုဆောင်ကို ညီမအကြိုက် မှိုနဲ့ကြက်သားစွပ် လုပ်ခိုင်းထားတယ်၊ ကိုယ်တို့ အခုနေ အိမ်မပြန်ရင် အေးသွားလိမ့်မယ်နော်”
သူမသည် သူ့ကို မော့ကြည့်လိုက်၏။ သူမ၏မျက်ဝန်းထဲ၌ အလိုမတူခြင်း၊ ဒေါသနှင့် အခြားခံစားချက်များဖြင့် နှုစ်မြုပ်နေသည့် မသဲကွဲသည့် ခံစားချက်တစ်ခုတို့ ရှိနေ၏။ သူမအကြောင်းကို သိသူသာလျှင် နားလည်ပေလိမ့်မည်။
“ ကတ် “
ဒါရိုက်တာသည် အလွန်ကျေနပ်သွားပြီး
“ဖေးချန်း၊ မော့ယွီ ရာသီဥတု အရမ်းအေးတယ်၊ ရေနွေးပူပူလေးသွားသောက်ပြီး နောက်တစ်ခန်းအတွက် ပြင်ဆင်ထားလိုက်”
ချောင်မော့ယွီသည် ကင်မရာရှေ့မှ ထွက်လာချိန်တွင် လက်ထောက်ရှောင်စုသည် ရောက်လာပြီး သူမကို အနွေးထည်ထပ်ပေးလိုက်သည်။
သူမနှင့် ယဲ့ဖေးချန်းသည် အနားယူသည့်နေရာသို့ လျှောက်သွားလိုက်ပြီး နှစ်ယောက်စလုံးသည် လက်ထောက်ထံမှ ရေနွေးတစ်ခွက်ကို ယူလိုက်လေသည်။ ချောင်မော့ယွီက ယဲ့ဖေးချန်းကို တိုးတိုးလေးမေးလိုက်၏။
“ ကို စတော်ဘယ်ရီအရသာပီကေ စားထားတာလား”
ယဲ့ဖေးချန်းသည် မျက်ခုံးပင့်လိုက်ကာ
“ ကြိုက်လား”
ချောင်မော့ယွီသည် မျက်တောင်ခတ်လိုက်ပြီး
“ ညီမက သံပုရာအရသာကို ပိုကြိုက်တာ”
သူမ ထပ်ပြောလိုက်၏။
“ ကိုလည်း လိုက်စားစရာမလိုပါဘူးနော်”
ယဲ့ဖေးချန်းသည် မျက်ဝန်းထဲ၌ နွေးထွေးမှုအပြည့်ဖြင့် ပြုံးပြလိုက်လေသည်။
သူတို့တွေ ရေနွေးကို သောက်ပြီးသွားသည့်နောက် ဆက်ရိုက်ကူးလိုက်ကြ၏။

YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
عاطفيةBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်