ဘာသာပြန်သူ Yuuki
အပိုင်း (၂၁၁) သူ့ဓာတ်ပုံ (၂)
ချောင်မော့ယွီသည် သူမခန္ဓာကိုယ်၏ မူလပိုင်ရှင်၏ ဂုဏ်သိက္ခာသည်လည်း အခြားလူများ၏ နာမည်ဖျက်ခံခဲ့ရသည့်အကြောင်းကို ရုတ်တရက် သတိရသွားသည်။ သူမကို သေစေသည့် အကြောင်းအရင်းမှာ သူမ၏ရှင်းရီချန်အပေါ် တစ်ဖက်သတ်အချစ်မဟုတ်ဘဲ သူမကို ရည်ရွည်သည့် ဆိုးဝါးသည့်လူထု၏ဝေဖန်ချက်များ ထွက်ပေါ်လာခြင်းကြောင်း ဖြစ်လေသည်။
အခုတော့ အားလုံးပြီးဆုံးသွားပြီပဲ။ ငါလေးက ငါ့မိသားစုနဲ့ ပျော်ရွှင်တဲ့ဘဝတစ်ခုမှာ နေနေတဲ့အချိန်မှာ ချောင်ရို့ဟွမ်ကတော့ အားလုံးရဲ့ ရွံရှာမုန်းတီးတာကို ခံနေရပြီ...
သူမသည် Weibo ကို ပိတ်လိုက်ပြီး ဇာတ်ညွှန်းကို ဆက်ဖတ်လိုက်၏။
ချောင်မော့ယွီသည် တစ်ပတ်အလိုကတည်းက သူမ၏ခရီးဆောင်အိတ်ကို စတင်ထုပ်ပိုးလာခဲ့၏။ သူမ၏လေယာဥ်မှာ မနက်ဖြန်မနက်ဖြစ်သည်။ ထိုအချိန်တွင် သူမသည် ဟိုင်ချန်တောင်ပိုင်းသို့ တိုက်ရိုက်သွားရောက်ကာ ထိုနေရာတွင် အားလုံးနှင့် တွေ့ဆုံရမည်။
သို့သော် သူမ မထွက်ခွာမီ လုပ်စရာတချို့ရှိနေသေးသည်။
ယခုတလော ယဲ့ဖေးချန်းသည် မနက်အစောကတည်းက ထွက်သွားပြီး နောက်ကျမှ ပြန်လာတတ်သည်။ ချောင်မော့ယွီသည် သူတို့ အိပ်ရာပေါ်လဲလျောင်းလိုက်သည်နှင့် သူသည် သူမနှင့်အတူ အိပ်ပျော်သွားသည်ဟု ထင်ခဲ့၏
ထိုအသိမှာ တမြန်နေ့ကအထိဖြစ်၏။ သူမသည် ရေသောက်များသွားသဖြင့် ညလယ်ခေါင်၌ သန့်စင်ခန်းသို့ သွားခဲ့သည်။ သူမ ထလာချိန်၌ ယဲ့ဖေးချန်း၏ စာကြည့်ခန်းမီးက လင်းနေသေးသည်ကို တွေ့လိုက်ရ၏။
သူသည် သူမ အိပ်ပျော်သွားချိန်အထိ လဲလျောင်းပြီးနောက် ညပိုင်း၌ အလုပ်လုပ်ရန် ထသွားခဲ့သည်ကို သူမ သဘောပေါက်သွားတော့သည်။
သူမသည် အောင်မြင်ချင်လျှင် တခြားသူများထက် ပိုကြိုးစားကာအလုပ်လုပ်ဖို့လိုသည်ကို အမြဲတမ်း နားလည်ထားလေသည်။ သို့တိုင် ယဲ့ဖေးချန်းအတွက် မည်မျှ ပင်ပန်းကြောင်း တွေးမိပြီး စိတ်မချမ်းမြေ့တော့ပေ။
![](https://img.wattpad.com/cover/361937254-288-k854123.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
RomansaBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်