ဘာသာပြန်သူ Yuuki
အပိုင်း (၂၁၂) သူ့ဓာတ်ပုံ (၃)
Weiboပေါ်၌ သူမသည် ချောင်မော့ယွီကို tagတွဲထားပြီး
“ တာအိုရသေ့ချင်းရင် ငါတို့အတွက် အလင်းဖွင့်ခြင်းအခမ်းအနားလုပ်ပေးလို့ ကျေးဇူးပါနော်”
ရုတ်တရက်ဆိုသလို အင်တာနက်သည် တဖန် သတင်းပြန့်သွားပြန်တော့သည်။ တခဏအတွင်း ‘တာအိုရသေ့ချင်းရင်’ သည် ရှာဖွေမှုအများဆုံးဖြစ်လာတော့သည်။
ချောင်မော့ယွီသည် မအိပ်ခင် သူမ၏Weiboကို စစ်ဆေးလိုက်ပြီး ဝမ်းနည်းသွားကာ သက်ပြင်းချလိုက်လေသည်။ သူမသည် နှိမ့်နှိမ့်ချချနေဖို့ မဖြစ်နိုင်တော့ဟန်တူသည်။ သူမအစွမ်း၏လက်ရှိစျေးကွက်သည် သူမ၏အတိတ်ဘဝကထက်ပင် ပို၍ နာမည်ကြီးနေလေသည်။
နောက်တစ်နေ့၌ ချောင်မော့ယွီသည် သူမလေယာဥ်ကို လေယာဥ်ကွင်းဧည့်ခန်းတွင် စောင့်နေရင်း သူမWeibo ပေါ်သို့ ချမ်းသာမှုအတွက်၊ ကလေးများအတွက် လက်ထပ်ရန်အတွက် ရောက်လာကြသည့်သူများကို လျစ်လျူရှုထားလိုက်၏။ ထို့အစား သူမသည် Weibo ပေါ်တွင် ပိုစ့်တစ်ခုကို တင်လိုက်လေသည်။
“ ဒီနေ့ ငါလေး <<သလဲပင်>>ရုပ်ရှင် ရိုက်ကူးရေးအတွက် သွားရတော့မယ်၊ မသွားခင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်ကို ဆောင်းထားတဲ့ဒီလူချောလေးကို တစ်ယောက်ယောက်ကများ မှတ်မိကြအုံးမလား သိချင်မိတယ်”
ထိုပိုစ့်အောက်၌ လေဆိပ်မှ သူမ၏ ဆယ်လ်ဖီးပုံနှင့် မနေ့က ယဲ့ဖေးချန်း၏ ဆောက်လုပ်ရေးနေရာသို့ သွားခဲ့စဥ်ကရိုက်ယူခဲ့သည့် ယဲ့ဖေးချန်း၏ဓာတ်ပုံ ပါရှိလေသည်။
ပိုစ့်ကို တင်ပြီးသွားသည့်တခဏအတွင်း သူမ၏ပိုစ့်သည် ပေါက်ကွဲသွားတော့သည်။
“ အိုဘုရားရေ ငါ့ရဲ့ နတ်ဘုရားလေးပါလားဟဲ့၊ ငါ့နတ်ဘုရားလေးကို အရမ်းကြာမှတွေ့လိုက်ရမယ်လို့ မထင်ထားခဲ့မိဘူး၊ ငါလေး မမမော့ယွီကို သေချာပေါက် followထားခဲ့တာကိုး”
“ ငါ့ နတ်ဘုရားလေးက ဘာလို့ ဆောင်လုပ်ရေးတစ်ခု ထဲရောက်နေတာလဲ၊ အိး ဟီး ဟီး သူ ဆောက်လုပ်ရေးလုပ်သားဝတ်စုံ ဝတ်ထားတာတောင် ငါ နှာခေါင်းသွားယိုနေတုန်းပဲဟဲ့၊ ငါတော့ သူ့ကို အသေချစ်နေပါပြီဟယ်”

YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
RomanceBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်