စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၂၀၀) သရုပ်မှန်ပေါ်သွားခြင်း (၁)
“ နင် ဘာပြောလိုက်တာလဲ”
အမျိုးသမီးနံပါတ်၃သည် လုံးဝ ရှုပ်ထွေးသွားတော့သည်။
“ရှောင်ကော နင် ဘာတွေပြောနေတာလဲ”
အလင်းအင်ဂျင်နီယာက ပြန်ဖြေလိုက်၏။
“ မနေ့တုန်းက ငါ့တူလေးက ရသေ့တစ်ပါးကို သူတို့ဂီတအဖွဲ့အတွက် အလင်းဖွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လေ၊ ပြီးတော့ ချင်းရင်ရသေ့က အလင်းဖွင့်ပေးခဲ့တာ၊ ငါ့မှာ သူ့ဖုန်းနံပါတ်ရှိတယ်လေ၊ အခုလေးတင် ငါခေါ်လိုက်တဲ့နံပါတ်ပဲ၊ နင်လည်း တွေ့တာပဲ ချောင်မော့ယွီ ဖုန်းထဲရောက်သွားတာ”
“ဟမ်”
အမျိုးသမီးနံပါတ် ၃သည် လုံးဝ စိတ်ရှုပ်သွးပြီး
“ မော့ယွီက သူတို့ဖုန်းကို ယူထားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့”
အလင်းအင်ဂျင်နီယာသည် ခဏကြာသည်အထိ စကားမပြောနိုင်တော့ပေ။ သူသည် ချင်းရင်ရသေ့၏ အသွင်အပြင်ကို ပြန်စဥ်းစားလိုက်ပြီး သူ့အတွေးထဲတွင် တစ်ချက်လင်းလက်သွားတော့သည်။ သူသည် သူ့ပေါင်ကို ပုတ်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်တော့သည်။
“ မော့ယွီက ချင်းရင်ရသေ့ပဲဟ၊ မနေ့က ငါတွေ့ခဲ့တဲ့ ရသေ့ကလည်း သူမပဲ၊ သူမက မိတ်ကပ်ကိုသုံးပြီး ယောက်ျားတစ်ယောက်လို ဟန်ဆောင်ထားတာ၊ ဒါကြောင့် ငါ သူမကို စမြင်လိုက်တုန်းက အရမ်းရင်းနှီးပါတယ်လို့ ထင်နေတာ”
သူတို့၏အသံမှာ မကျယ်ပေ။ သို့သော် အနီးအနားရှိ ဝန်ထမ်းများကို ဆွဲဆောင်မိသွားပြီး သူတို့အားလုံသည် သိချင်စိတ်များဖြင့် ဝိုင်းအုံလာကြတော့သည်။ ထို့နောက်တွင် အလင်းအင်ဂျင်နီယာသည် မနေ့က အဖြစ်အပျက်များကို တစ်ဖန် ပြန်ရှင်းပြလိုက်လေတော့သည်။
သူ စကားကို အဆုံးသတ်လိုက်၏။
“ မော့ယွီ အဲလောက် အရည်အချင်းရှိနေတာလဲ မဆန်းတော့ပါဘူး၊ သူမက မသေမျိုးအထက်တန်း ဘုန်းတော်ကြီးတစ်ပါးကိုး”
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
RomansBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်