စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၂၀၆) တစ်ခန်းထဲ (၂)
မကြာခင်မှာပင် ညပိုင်းထပ်ရောက်လာပြီး လော့လော့သည် အများအပြား စားသောက်ပြီးသွား၏။ ကောင်ကလေးသည် အိမ်ပြောင်းလာသည်ကို အလွန်စိတ်လှုပ်ရှားနေရာ ချောင်မော့ယွီသည် သူ့ကိုချော့သိပ်ဖို့ အချိန်အတော်ကြာယူလိုက်ရတော့သည်။
သူမထွက်လာသည်နှင့်ချက်ချင်း ယဲ့ဖေးချန်းသည်လည်း စာကြည့်ခန်းမှ ထွက်လာ၏။
သူသည် ရေချိုးပြီးစဖြစ်ပြီး ရေစက်များသည် သူ့ဆံပင်များတွင် ကျန်နေဆဲ။ သူ ထွက်လာချန်၌ သူသည် အလွန်သဘာဝကျကျဖြင့် မေးလိုက်လေသည်။
“လော့လော့ အိပ်သွားပြီလား”
ချောင်မော့ယွီသည် ခေါင်းညိတ်ပြလိုက်ပြီး နောက်ျနေပြီးဖြစ်သဖြင့် ကျောဆန့်လိုက်ကာ
“ ညီမ ရေချိုးတော့မယ်”
သူမသည် ရေချိုးပြီးနောက် တစ်ခုခုကို သတိထားမိသယောင်ရှိသော်လည်း လွှတ်လမ်းကမရှိပေ။
ကံအားလျော်စွာ သူမ ရေချိုးပြီးထွက်လာချိန်၌ ယဲ့ဖေးချန်းသည် စာကြည့်ခန်းသို့ ပြန်သွားလိုက်လေသည်။ သူမသည် ဝင်သွားလိုက်ပြီး အချက်အလက်များကို စိတ်ဝင်တစားဖတ်နေသည့် သူ့ကို မြင်သွား၏။ သူသည် သူမကို မပူမအေး နွားနို့တစ်ခွက်ပေးလိုက်ပြီး ပြောလိုက်၏။
“မော့ယွီလေး ညီမ ပင်ပန်းနေရင် အိပ်နှင့်နော်”
ချောင်မော့ယွီသည် ချက်ချင်းလိုပင် စိတ်လက်အေးရှိသွားပြီး ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်တော့သည်။
“ ဒါဆိုလဲ ကောင်းပါပြီ”
သို့သော် ငါးမိနစ်ပင်ကြာလိုက်ပေ သူမ မီးပိတ်ကာ လဲလျောင်းတော့မည်ပြင်လိုက်စဥ် ယဲ့ဖေးချန်းက လျှောက်ကာ ဝင်လာတော့သည်။
ချောင်မော့ယွီသည် အလန့်တကြားဖြစ်သွားပြီး အိပ်ချင်ဟန်ဆောင်လိုက်ကာ မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားလိုက်တော့သည်။
သူမ ဘေးမှ နေရာလေးသည် အနည်းငယ် နစ်မြှုပ်သွားပြီး သူမ၏ကျောပြင်မှာ တောင့်တင်းသွားလေသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
RomanceBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်