အပိုင်း ( ၂၀၈) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၂)

1.4K 119 0
                                    

ဘာသာပြန်သူ Yuuki

အပိုင်း ( ၂၀၈) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၂)

တချို့သတင်းထောက်များသည် သူမကို မယုံကြည့်သည် အထောက်အထားရှိနေပြီး တချို့ သတင်းထောက်များ လွန်ခဲ့သည့် ရက်အနည်းငယ် ယဲ့ဖေးချန်းနှင့် ပတ်သက်သည့် သတင်းများကို စဥ်းစားမိလိုက်ကြပြီးနောက် မေးလိုက်၏။

“မော့ယွီ နင် ယဲ့ဖေးချန်းနဲ့ တွဲနေတာလား”

သူသည် ထိုမေးခွန်းကို မေးလိုက်ချိန်၌ အခြားသတင်းထောက်များ၏မျက်လုံးများထဲတွင် အရောက်ထွက်လာပြီး ချောင်မော့ယွီ၏အဖြေကို စောင့်နေကြသည်။

ချောင်မော့ယွီသည် ဤမေးခွန်းကို အရင်က မည်သို့ဖြေမည်ဟု မစဥ်းစားမိခဲ့ချေ။ ထို့ကြောင့် သူမသည် ကင်မရာကို ပြုံးပြလိုက်ပြီးနောက် ခေါင်းစဥ်ပြောင်းကာ ပြောလိုက်၏။

“ အားလုံးက Weibo ပေါ်မှာ သူ ရှယ်ထားတဲ့အကြောင်းကို ပြောနေတာလား”

ထိုမေးခွန်းကိုမေးခဲ့သည့် သတင်းထောက်က ခေါင်းညိတ်ပြလိုက်၏။ အကြောင်းမှာ သူတို့တွဲနေကြသည်ကိစ္စမှာ အမှန်တကယ်မဖြစ်နိုင်ဟု သူခံစားမိသောကြောင့်ပင်။ အမှန်တွင်လည်း ယဲ့ဖေးချန်းသည် ပွဲဦးထွက်ခဲ့သည်မှာ နှစ်များစွာကြာနေပြီးသော်လည်း သူသည် တစ်ခြားအမျိုးသမီးသရုပ်ဆောင်နှင့် မည်သည့်သတင်းမှ မထွက်ခဲ့ဖူးပေ။

ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့ ပထမဆုံးအကြိမ် အတူတူလက်တွဲအလုပ်လုပ်ကြသည်မှာ နှစ်ဝက်သာ ရှိသေးရာ ယဲ့ဖေးချန်း၏နှလုံးသားက သူမကို သဘောကျမိရန်မှာ အလွန်တိုတောင်းလှသည့် ကာလဖြစ်ပေသည်။

ချောင်မော့ယွီသည် သတင်းထောက်က သည်မေးခွန်းကို မြန်မြန်ကျော်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူတို့က သူမကို အဖြေတစ်ခုပေးရန် ဖိအားပေးခဲ့သော် သူမသည် ဝန်ခံလိုက်ရန် မူလကတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။

သို့ရာတွင် သူတို့သည် သူတို့၏ဆက်ဆံရေးအကြောင်းမေးခွန်းကို ရပ်လိုက်ကြတော့သည်။

ချောင်မော့ယွီသည် သတင်းထောက်များ ဝိုင်းထားသည့်ကြားမှ ထွက်လာချိန်လာ၌ ရယ်ရမည်လား ငိုရမည်လား မသိဖြစ်သွားတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now