စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၂၁၇) ကိုယ် မင်းကို အဖော်ပြုဖို့ လာခဲ့တယ် (၂)
ယဲ့ဖေးချင်းသည် ဘာတစ်ခွန်းမှ မပြောပေ။ ရဲများက သတင်းထောက်များကို လမ်းဖယ်ခိုင်းလိုက်သည်။ သူတို့သည် ယဲ့ဖေးချင်းကို ခေါ်သွားပြီး မှတ်တမ်းယူရပေမည်။
သတင်းထောက်များသည် သူ့ဆီမှ ဘာသတင်းမှ မရတော့သည်ကို သိသွားပြီး ခြံအပြင်ဘက်ရှိ လက်ထိပ်ခတ်ခံထားရသည့် ပြန်ပေးဆွဲသမားများကို ဓာတ်ပုံရိုက်ယူကြတော့သည်။
ဤအချိန်တွင် လူငယ်တစ်ယောက်သည် ထွက်လာပြီး ကင်မရာကို ပြောလိုက်၏။
“ ကျွန်တော်က သူ့ကို သတင်းပို့ခဲ့တဲ့သူပါ၊ သူတို့တွေ မစ်ချောင်ကို ဝိုင်းထားတာကို မြင်လိုက်တုန်းက ကျွန်တော် ရဲကို ချက်ချင်းဖုန်းခေါ်လိုက်တာ၊ ဘာလို့လဲဆိုတော့ ကျွန်တော်က သူတို့နဲ့ယှဥ်ချဖို့ အားမရှိဘူးလေ၊ ပြီးတော့ နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ကိုယ့်ဟာကို မဖော်ဘဲ ထားလိုက်တာ၊ ဒါပေမဲ့ ကျွန်တော် ရဲတွေကို ခေါ်လိုက်ပါတယ်၊ သူတို့တွေ မစ်ချောင်ကို ခေါ်ဝင်သွားပြီး နှစ်မိနစ်တောင်မကြာပါဘူး ရဲတွေ ရောက်လာတာပဲ”
သူသည် ထိုအကြောင်းကို သတင်းထောက်များကို ပြောပြလိုက်လေသည်။ ချောင်မော့ယွီသည် ပြန်ပေးဆွဲခံရပြီး ရန်သူက သူမကို အဓမ္မပြုချင်လျှင်တောင် အချိန်မရှိပေ။ သူသည် ချောင်မော့ယွီ၏ ဖြူစင်မှုကို တစ်နည်းအားဖြင့် သက်သေပြလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ချောင်မော့ယွီကို ကာကွယ်ပေးနေသူတစ်ယောက်ရှိသည်ဟု တိတ်တဆိတ်ကြံစည်ဖို့ ကြိုးစားသူများကို ပြောလိုက်ခြင်းဖြစ်သည်။ သူတို့သည် တစ်စုံတစ်ခု လုပ်ရကြိုးစားရပါလျှင် တရားရုံးသွားရန် ပြင်ဆင်ထားရပေမည်။
သို့နှင့် သတင်းထောက်များက သူသည် အခြေအနေပြောပြရန် ရဲများနှင့် လိုက်မသွားမီ သူ့ကို မေးခွန်းအနည်းငယ် ထပ်မေးကြလေသည်။ တစ်ဖက်တွင် ချောင်မော့ယွီကို ခန္ဓာကိုယ်ကိုဆေးစစ်ရန် ရဲအရာရှိနှစ်ယောက်က ဆေးရုံသို့ပို့ပေးလိုက်ကြသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
RomanceBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်