အပိုင်း ( ၂၀၇) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၁)

1.7K 118 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၂၀၇) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၁)

နောက်ရက်အနည်းငယ်တွင် ချောင်မော့ယွီနှင့် ယဲ့ဖေးချန်း နှစ်ယောက်လုံးသည် အတန်အားလပ်နေကြ၏။ အကြောင်းမှာ သူတို့ရိုက်ရမည့် အဓိကအခန်းများကို ရိုက်ကူးပြီးစီးသွားသောကြောင့်ပင်။

နေ့ခင်းပိုင်းတွင် ချောင်မော့ယွီသည် အိမ်၌ ဇာတ်ညွှန်းကျက်၏။ ညပိုင်းတွင် ယဲ့ဖေးချန်းနှင့် သူမသည် အိပ်ခန်းထဲ၌ ဇာတ်ညွှန်း လေ့လာ၏။

<သလဲပင်>ရုပ်ရှင်အတွက် လူရွေးပွဲမတိုင်ခင်နေ့အထိ ထိုသို့နေလိုက်ကြ၏။

လူရွေးပွဲသည် ညနေပိုင်းဖြစ်၏။ မနက်ပိုင်းတွင် ချောင်မော့ယွီသည် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးရန် တောင်းဆိုချက်တစ်ခု လက်ခံရရှိထားသဖြင့် သူမသည် ရိုက်ကူးရေးအဖွဲ့သားများထံသို့ သွားလိုက်၏။

ရိုက်ကူးရေးအဖွဲ့သားများအားလုံးသည် လူသစ်များဖြစ်ပြီး ဒါရိုက်တာတစ်ယောက်ထဲသာ ဘွဲ့ရဖြစ်နေ၏။ ချောင်မော့ယွီသည် သူတို့ကို ရွေးလိုက်သည့် အကြောင်းအရင်းမှာ သူမသည် သူတို့၏ဇာတ်ညွှန်းကို အမှန်တကယ်နှစ်သက်သောကြာင့်ပင်။ သူတို့ဇာတ်လမ်းနာမည်မှာ <<တောက်မန် ရှန်းဟန်>>။

ဇာတ်လမ်းအကြောင်းအရာမှာ မိသားစုတစ်ခုသည် အတူတူ ကျင့်ကြံကြပြီး ကောင်းကင်ဘုံသို့ တက်လှမ်းသွားသည့် အကြောင်းဖြစ်၏။ ချောင်မော့ယွီသည် ဇာတ်ညွှန်းတစ်ခုလုံးကို ဖတ်လိုက်ပြီးနောက် ဇာတ်လမ်းမှာ ယဲ့ဖေးချန်း၊ လော့လော့ နှင့် သူမတို့အကြောင်း ပုံဖော်ထားသည်ဟု ခံစားလိုက်ရသဖြင့် အလိုလို လက်ခံမိလျက်သား ဖြစ်သွားတော့သည်။

ထုတ်လုပ်ရေးအဖွဲ့သည် လူသစ်များဖြစ်မည်ကို သူမ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သူတို့၏ပိုင်ဆိုင်မှုသည် မည်မျှချွတ်ခြုံကျနေသည်ကို မြင်လိုက်ရပြီး သူမ၏နှုတ်ခမ်းထောင့်မှာ မထိန်းနိုင်တော့ဘဲ တွန့်ချိုးသွားတော့သည်။

အားလုံးသည် သူမကို  တာအိုရသေ့ ချင်းရင်မှန်း သိကြသော်လည်း ဖွင့်ပွဲအခမ်းအနားသည် ကောင်းမြတ်သည့်အရေးတစ်ခုဟု ခံစားလိုက်ပြီး တာအိုရသေ့ဝတ်ရုံကို ဝတ်သွားလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now