စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၂၂၃) လက်ထပ်ခွင့် (၂)
ချောင်မော့ယွီသည် ပြန်ရောက်လာပြီး လဝက်ခန့်တွင် Star Shadowအုပ်စုကော်မတီဆီမှ ဖုန်းတစ်ခု လက်ခံရခဲ့၏။ သူတို့သည် သူမကို Star Shadow နှစ်ပတ်လည် ညစာစားပွဲကို တက်ရောက်ရန် အသိပေးခဲ့၏။ သူမသည် တွေဝေနေဆဲပင်။
အကြောင်းမှာ Star Shadow နွေဦးဆုပေးပွဲအခမ်းအနားသည် ရုပ်ရှင်နှင့် တီဗွီအစီအစဥ်များအတွက် နိုင်ငံ့အကြီးကျယ်ဆုံး ညစာစားပွဲကို ကိုယ်စားပြုသောကြောင့်ပင်။ ဖိတ်ကြားခံရသည့် ဧည့်သည်အားလုံးသည် ရုပ်ရှင်လောက၏ မျက်နှာဖုံးများသာ ဖြစ်လေသည်။ ထို့ကြောင့် Star Shadow နွေဦးဆုပေးပွဲအခမ်းအနား၏ ကော်ဇောနီထက်တွင် လျှောက်ခွင့်ရမည့် သူမှာ A သို့မဟုတ် B စာရင်းဝင် သရုပ်ဆောင် အဆင့်ရှိရလေသည်။
ချောင်မော့ယွီသည် သူမဖိတ်ကြားခံရခြင်းမှာ <<အာရုံဦးရဲ့လင်းရောင်ခြည်>> ကြောင့်လား ၊ <<သလဲပင်>>ကြောင်းလား သေချာမသိပေ။ အကြောင်းမှာ <<သလဲပင်>> ရုပ်ရှင်ကို ရုံတင်ရန် နှစ်ပတ်လိုသေးသောကြောင့်ပင်။ ထိုရုပ်ရှင်ကို မပြသရသေးချေ။ ရုပ်ရှင်ကို ကော်မတီသို့ လွှဲအပ်ထားသော်လည်း စုစုပေါင်းအဆင့်ကို စျေးကွက်အတည်ပြုချက်မှတစ်ဆင့် သတ်မှတ်ရသည်။
တစ်ချိန်ထဲတွင် သူမ ဖိတ်စာရခဲ့သလို ယဲ့ဖေးချန်းလည်း ဖိတ်စာရလေသည်။ သို့သော် သူသည် ဖျော်ဖြေရေးလောကမှ တရားဝင်ထွက်ခွာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ဆုရွေးချယ်ရေးအတွက် မည်သည့်မဲပေးသည့်အဖွဲ့တွင်မှ ပါဝင်မည်မဟုတ်ကြောင်းနှင့် ဧည့်သည်တစ်ယောက်အဖြစ်သာ တက်ရောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဆုပေးပွဲအခမ်းနားကို တစ်ပတ်အကြာတွင် ကျင်းပပေမည်။ တိုက်ဆိုင်စွာ ယဲ့ဖေးချင်း၏ အမှုကြားနာပြီးမှ ဖြစ်နေသည်။
အမှုကြားနာမည့်နေ့တွင် ဖေကြီးယဲ့သည် မသွားခဲ့ချေ။ သူသည် ယဲ့ဖေးချန်း၏ပခုံးကို ပုတ်ကာ ပြောလိုက်၏။
“ဖေးချန်း သားက ဒီနှစ်တွေအားလုံးမှာ သူ့ကို အလျှော့ပေးထားခဲ့တယ်ဆိုတာကို အဖေ သိပါတယ်၊ ဒါပေမဲ့ အဖေ ဘာမှ မပြောခဲ့မိဘူး၊ တောင်းပန်ပါတယ်ကွာ”
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
RomanceBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်