အပိုင်း (၂၂၉) ဇာတ်သိမ်း (၅)

1.4K 111 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၂၉) ဇာတ်သိမ်း (၅)

ဟွမ်ချူလည်း တံခါးဘေးတွင်ရှိပြီး အလျင်စလို ရှင်းပြလိုက်လေသည်။

“ ဖေးချန်း အဲလိုမဟုတ်ပါဘူး၊ ချန်းယွီအတွဲက တိုက်ရိုက်ထုတ်လွှင့်တဲ့အချိန်တုန်းက မင်းအဖေရဲ့ နာမည်ပါ၊ သူက အကောင့်တုတစ်ခု ဖြစ်မသွားစေချင်လို့ ငါကို သွားခိုင်းလိုက်တာ”

ဖေကြီးယဲ့၏မျက်နှာသည် နီရဲနေပြီး ကိုယ်နေဟန်တစ်ခုဖြင့်

“ ငါ့သရုပ်မှန်ပေါ်သွားရင်တောင် ခင်ဗျား ဒါကို ရှောင်လို့ရမှာမဟုတ်ဘူးနော်”

သူက ပြောလိုက်၏။

“ မင်းအန်ကယ်ဟွမ်ရဲ့ နာမည်က ‘အစ်ကိုမော့ ငါနဲ့အတူလာနေပါ’တဲ့”

သူသည် ထိုစကားကို ကြားလိုက်ချိန်တွင် နားမလည်သည့်လော့လော့မှလွဲလျှင် အားလုံး၏ အမူအရာများသည် အေးခဲသွားတော့သည်။

ဟွမ်ချူသည် တံခါးဘေးတွင် ရပ်နေပြီး အားလုံး၏အကြည့်ကို ခံယူလိုက်တော့သည်။ ချောင်မော့ယွီ လှမ်းကြည့်နေသည်ကို မြင်လိုက်ချိန်၌ သူသည် ခြောက်ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး

“ ငါက လင်းရွှီဂိုဏ်းကို ဝင်ချင်ရုံပါကွာ”

ဖေကြီးယဲ့က သူ့ကို ဖော်ကောင်ထပ်လုပ်ပြန်သည်။

“အစ်ကိုဟွမ် ခင်ဗျား ဒီနာမည်ကို ရွေးတုန်းက မော့ယွီက သူ့ဟာသူ လင်းရွှီဂိုဏ်းသားလို့ မကြေညာရသေးပါဘူး”

ယဲ့ဖေးချန်းသည် ဟွမ်ချူကို စေ့စေ့ကြည့်လိုက်ပြီး ‘ချစ်သူလုဖက်’ တစ်ယောက်လို ကြည့်လိုက်လေသည်။

“အန်ကယ်ဟွမ် မော့ယွီက ကျွန်တော့်ဇနီးနော်”

သူသည် ထိုစကားကို ပြောလိုက်ရင်း ဟွမ်ချူမမြင်နိုင်အောင် ချောင်မော့ယွီ၏ရှေ့တွင် ရပ်လိုက်လေသည်။ သူသည် ချောင်မော့ယွီ၏ပါးကို ညှစ်လိုက်၏။ သူသည် အံကြိတ်ကာ ပြောလိုက်လေသည်။

“ ညီမက အန်ကယ်တွေကိုတောင် ဆွဲဆောင်ထားတာပဲ”

ဟွမ်ချူ ဆွံ့အသွားလေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now