စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၂၁၃) တန်ပြန်ပါးရိုက်ခြင်း (၁)
ထိုနေ့၌ ချောင်မော့ယွီသည် ဇာတ်ညွှန်းသစ်အတိုင်း ရိုက်ကူးပေးလိုက်ပြီး သူမသည် ဘာတစ်ခွန်းမှ မပြောခဲ့ချေ။
ညနေပိုင်း၌ သူမသည် ညနေစာစားပြီးနောက် ယဲ့ဖေးချန်းနှင့် ဖုန်းပြောလိုက်သည်။
သူ့အသံသည် စကားပြောရင်းပင် သိမ်မွေ့နေ၏။
“မော့ယွီ ဒီနေ့ အားလုံး အောင်အောင်မြင်မြင်ဖြစ်ရဲ့လား”
ချောင်မော့ယွီ ပြန်ဖြေလိုက်၏။
“ မဆိုးပါဘူး၊ ညီမ အခု ပိုတော်လာပြီ၊ ညီမရဲ့အခန်းတော်တော်များများကို တစ်ခါထဲအပြီး ရိုက်ကူးနိုင်ခဲ့တယ်လေ၊ ညီမ နှစ်ခါပြန်ရိုက်ခဲ့ရာ အခန်းနည်းနည်းပဲရှိတယ်”
ယဲ့ဖေးချန်းသည် ချီးကျူးလိုက်၏။
“ မော့ယွီ၊ ညီမ အရမ်းတော်တာပဲ”
ညင်သာသည့်ကလေးအသံတစ်ခုသည် သူ့ဘေးမှ ထွက်လာပြီး
“ မာမား သိပ်တော်တာပဲ”
ချောင်မော့ယွီ၏နှလုံးသားသည် ပျော့ပြောင်းသွားတော့သည်။ သူမသည် လော့လော့နှင့် စကားအနည်းငယ်ပြောပြီးနောက် ယဲ့ဖေးချန်းကို ပြောလိုက်လေသည်။
“ လော့လော့ရဲ့ အဖေဖြစ်လာပေးတဲ့အတွက် ကို့ကို ကျေးဇူးတင်ပါတယ်နော်”
ယဲ့ဖေးချန်းသည် ပြုံးကာမေးလိုက်၏။
“ဘာလို့လဲ”
ချောင်မော့ယွီ ပြန်ဖြေ၏။
“ မဟုတ်ရင် ညီမက ရိုက်ရှင်ရိုက်ရင်း ငွေရှာဖို့လိုတယ်၊ ညီမမှာ လော့လော့ကို ပြုစုစောင့်ရှောက်ပေးဖို့ အချိန်တောင်မရဘူး”
ယဲ့ဖေးချန်းသည် သက်ပြင်းချရင်း ပြောလိုက်၏။
“ ဒီကနေ အရမ်းဝေးတဲ့နေရာမျိုးက ဒရာမာတွေဆိုရင် မရိုက်ပါနဲ့၊ နီးတဲ့နေရာကဟာတွေပဲရိုက်လေ”
ချောင်မော့ယွီသည် ဟုတ်ပါပြီဟု လိုက်ပြီး မေးလိုက်လေသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)
عاطفيةBook 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်