Part-4(U+Z)

566 42 27
                                        

Uni

~မှိုင်း...မင်းငါရဲ့အစေခံလေးလုပ်ပါလား(1)~

Lightနှင့်ဟိုလူကြီး အပေါ်ထပ်တက်သွားပြီးနောက် မှိုင်းလည်း ဒုတိယအထပ်က အခန်းတစ်ခုဆီသို့ ဆွဲခေါ်သွားတာ ခံလိုက်ရသည်။

ထိုအခန်းသည် အတော်လေးကျယ်ကာ လူနေခဲ့သည့်အခန်းမျိုးမဟုတ်ဘဲ တစ်ခုခုကိုသိုလှောင်ထိန်းသိမ်းသည့် အခန်းဖြစ်ခဲ့ပုံရသည်။ယခုအခါ ထိုအခန်းရဲ့4ပုံ3ပုံကို အချုပ်ခန်းလိုမျိုး သံတိုင်တွေနဲ့ပိတ်ထားပြီး ထိုအချုပ်လှောင်အိမ်ထဲ၌ ကလေးတွေကို ထည့်ပိတ်ထားတာတွေ့ရသည်။

ထိုအချုပ်လှောင်အိမ်ရှေ့၌ စားပွဲတစ်လုံးရှိကာ စားပွဲပေါ်တွင်တော့ ရေသန့်ဗူးတစ်ဘူးနှင့် အသင့်စား အစားစာတစ်ချို့တင်ထားသည်။

မှိုင်း အခန်းအခြေနေကို ကြည့်နေတုန်း သူ့ကိုဖမ်းလာသည့်လူက အချုပ်ခန်းဆီသို့ ဆွဲခေါ် သွားသည်။

ထို့နောက် သူ့မှာ ကြိုးတုတ်ခံထားရသည့်အနေထားဖြင့်ပင် အချုပ်လှောင်အိမ်ထဲသို့ တွန်းထည့်ခံလိုက်ရ၏။

"ထွက်ပြေးဖို့မကြံနဲ့..... ကြံစည်လည်းအပိုပဲ"

ထိုလူကြီးက ဒီလောက်ပဲ ပြောပြီး အချုပ်ရှေ့က စားပွဲမှာသွားထိုင်နေလေသည်။

မှိုင်းတစ်ယောက် ဘာတစ်ခွန်းမှတောင် ပြန်မတုံ့ပြန်ခဲ့လိုက်ရ။

ဘယ်တုံ့ပြန်နိုင်ပါ့မလဲ။အချုပ်ထဲမှာအဖမ်းခံထားရတဲ့ကလေးတွေက ဖြည်းဖြည်းချင်းဆီ ရွေ့ရွေ့ပြီး သူ့အနားကပ်ကပ်လာနေတာလေ။ကလေးတွေရဲ့ သတိအကြီးကြီးထားကာ ခပ်တည်တည်ရုပ်တွေဖြင့် အနားတိုးတိုးလာနေတဲ့ပုံစံက ခြောက်ခြားစရာတစ်မျိုးပင် ကောင်းနေသေးသည်။

အနားရောက်လာတော့ ကလေးတစ်ယောက်က သူ့လက်ကိုချည်ထားတဲ့ ကြိုးတွေကိုဖြည်ပေးလာကာ အခြားကလေးတွေက သူတစ်ခုခုလုပ်ရင် ဥပမာ ကြိုးဖြည်ပေးနေတဲ့ကလေးကို ထိခိုက်နာကျင်အောင် လုပ်တာမျိုး လုပ်မိလျှင် ကလေးတွေသည် ကြိုပြင်ဆင်တဲ့အနေဖြင့် သူ့ကိုမျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြကာ အခြေနေမဟန်တာနဲ့ သူ့ကိုချက်ချင်း ရိုက်ကြတော့မယ့်ပုံပင်။

Ideal PartnersWhere stories live. Discover now