Uni
~ဝင်္ကပါထဲမှာ ဖြောင့်ဖြောင့်သွားလို့ ရတဲ့ လမ်းမရှိဘူး~
မှိုင်း Lightသွားတဲ့အနောက်ကို လိုက်လာခဲ့တော့.....။
သောက်ကျိုးနည်း သူ Lightကိုရှာမတွေ့တော့ပါ။
မှိုင်းတစ်ယောက် ဦးနှောက်တွေ ပူလာကာ ခေါင်းပါယားကျိကျိဖြစ်လာသလို ခံစားလာရသည်။နဂိုကတည်းကမှ အဲ့ဒီအရိုင်းစိုင်းလေးက ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်း မသိပါဘူးဆို...။
သူ စိတ်ပျက်လက်ပျက်ဖြစ်သွားကာ ခေါင်းအေးအေးထား၍ ငါးမိနစ်လောက် သွားသင့်တဲ့နေရာ၊ပြသင့်တဲ့ အကျိုးကြောင်းကို သေချာစဥ်းစားပြီးနောက် ဖြစ်ချင်ရာဖြစ်ပါစေတော့ ဆိုပြီး စိတ်ကိုလျော့လိုက်တာ သူ့အဆောင်သို့သာ ပြန်ရန်ဆုံးဖြတ်လိုက်တော့သည်။
ပင်မအဆောင်ကနေ သူပြန်ထွက်လာတော့ နံရံထောင့်ချိုးတစ်ခုမှာ ရပ်နေသော Lightအား တွေ့လိုက်ရလေသည်။
ကောင်းရော၊သူ ပင်မအဆောင်ထဲမှာ အလကား အချိန်ဖြုန်းမိသွားတာပဲ။
သူLightအနားသို့ အမြန်သွားလိုက်ကာ...
"Light မင်းဒီမှာဘာလုပ်...."
"...."
မှိုင်းရဲ့စကားသံက သူ့အရှေ့ကမြင်ကွင်းကြောင့် လုံးဝတိတ်ကျသွားခဲ့သည်။
Lightက မိန်းကလေးတစ်ယောက်ကို နမ်းနေတယ်။
မှိုင်းရဲ့အသံကြားတော့ နမ်းနေရာမှ မျက်လုံးလန်ကြည့်လာပေမယ့်လည်း Lightသည် သူ့ရှေ့က ဆံပင်တိုတိုနဲ့ မိန်းကလေးကို အနမ်းမပျက်။
ပိုတောင်ရွဲ့လိုက်သလား ထင်ရလောက်အောင် မှိုင်းကို စူးစူးရဲရဲစိုက်ကြည့်လျက် မိန်းကလေးရဲ့နှုတ်ခမ်းအား ပိုပြင်းရှစွာ နမ်းနေ၏။
သို့သော် အနမ်းခံနေရတဲ့ မိန်းကလေးသည် မှိုင်းရဲ့အသံကို ကြားကတည်းက Lightကို တွန်းဖယ်နေကာ ဘယ်လောက်မှမကြာသေးခင် တွန်းဖယ်နိုင်သွားသည်။
လွတ်မြောက်တာနဲ့ ချက်ချင်းထွက်ပြေးသွားတော့ မှိုင်း ထိုမိန်းကလေးရဲ့မျက်နှာကို သေသေချာချာမမြင်လိုက်ရ။
YOU ARE READING
Ideal Partners
Mystery / Thrillerficကိုမဖတ်ခင် စာရေးသူရဲ့အမှာစာကို အရင်ဖတ်စေချင်ပါတယ်။