Part-15(U+Z)

1.1K 53 26
                                        

Uni

~ရိုးသားတာက ဂုဏ်ယူစရာပါ~

လရောင်ဆူးရဲ့ အမေးစကားကို Lightကလည်း မဆိုင်းမတွပင် ပြန်အဖြေပေးသည်။

" ငြင်းတယ်! "

လရောင်ဆူး:"...."
ငါ.....ငါက..ငါ့လိုလူက..ငါကလေ...ဒီသောက်ကလေး မလောက်လေးမလောက်စား ဖြူဖျော့ဖျော့ မျက်နှာသေ...ဆီက ငြင်းတာခံလိုက်ရတယ်...ငါက..ဒီလိုမျိုး ငါကလေ..။

အံ့အားသင့်မှုကြောင့် သူ့မှာ ကမ္ဘာကြီးထဲကနေ စက္ကန့်အတော်ကြာသည်အထိ လွင့်ထွက်သွားသလိုတောင် ခံစားလိုက်ရသည်။

သူ့ကိုသတ်ချင်လွန်းလို့ မရမက လိုက်စုံစမ်းနေတဲ့ လူတွေများ...စုပုံရိုက်သတ်လို့တောင် မကုန်ဘူး။ဒီလို အခွင့်ရေးကို ဒီသောက်ကလေးက ငြင်းတယ်ပေါ့လေ။

ဒါပေမယ့် ငြင်းသည်ဖြစ်စေ မငြင်းသည်ဖြစ်စေ ဘာအရေးလဲ။သူလိုချင်တဲ့အနေထားကို ရောက်အောင်လုပ်ဖို့အတွက် အရာရာကြိုတွေးထားပြီးသား။

"ငြင်းလို့ရတယ်လို့ ဘယ်သူပြောလဲ...ငါက အကူညီတောင်းနေတာ မဟုတ်ဘူးနော်..."

လရောင်ဆူးကပြောတော့ Lightက မျက်မှောင်ကျုံ့လိုက်လေ၏။

ထိုအခါ လရောင်ဆူးက ပျာပျာယာယာဖြင့် သူ့ကိုအထင်မြင်မလွဲစေရန် ရှင်းပြလာသည်။

"အဲ့လိုလာမကြည့်ပါနဲ့...နင့်ကိုငါ့ပိုင်နက်ထဲခေါ်ပြီး ထိခိုက်အောင်လုပ်စရာလား...ငါကဒီလိုကိစ္စတွေမှာတော့ ရိုးသားပါတယ်နော်"

ခုနက Lightရဲ့အကြည့်က ~ခင်ဗျားစည်းစောင့်ရမှန်း မသိဘူးလား~ ဆိုတဲ့အကြည့်မျိုး။

အင်အားသုံးခြိမ်းခြောက်ပြီး သဘောတူလာအောင်လုပ်မလို့များလားဆိုပြီး Lightတွေးသွားမှာစိုးတာကြောင့် လရောင်က ပျာယာခတ် ရှင်းပြလိုက်ခြင်းပင်။

Lightကငယ်ပေမယ့် အခုချိန်မှာ သူ့ပြိုင်ဘက်လိုသဘောထား ထားတာကြောင့်  သူ့ကိုအထင်တော့ မသေးစေချင်ပါ။

ဒါကြောင့် Light သူ့ကိုနည်းနည်းအထင်ကြီးလာစေရန် စတင်ကြိုးစားတော့သည်။

"ငါနင့်ရဲ့ အနာဂတ်ကိုကြိုခန့်မှန်းပြရမလား...သိပ်မကြာခင်မှာ ဖုန်းcallတစ်ခုဝင်လာပြီး​ ခဏကြာတာနဲ့ ငါ့ကိုသတ်ဖို့ လက်ခံလိမ့်မယ်"

You've reached the end of published parts.

⏰ Last updated: Mar 25, 2024 ⏰

Add this story to your Library to get notified about new parts!

Ideal PartnersWhere stories live. Discover now